Xiaomi ကနေ MIUI Update အသစ်ဖြစ်တဲ့ MIUI 12 ကိုပြီးခဲ့တဲ့ ဧပြီလတုန်းကမိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ MIUI 12 Beta Update တွေကို စတင်မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာတော့ တချို့သော Xiaomi ဖုန်းတွေဆိုရင် MIUI 12 Stable Update ကိုရရှိနေပြီဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ ဖုန်းမော်ဒယ် ၁၃ မျိုးအတွက် MIUI 12 Stable Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ MIUI 12 Update ဟာ ပုံမှန်အသုံးပြုနေတဲ့သူတွေအတွက် Beta Program ဝင်ရောက်စရာမလိုဘဲ Updater App ကနေ တိုက်ရိုက် Download အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

MIUI 12 Stable Update ကိုရရှိလာတဲ့ Xiaomi ဖုန်းတွေကတော့ Mi 10 Pro ၊ Mi 10 ၊ Mi 10 Youth Edition ၊ Mi 9 Pro 5G ၊ Mi 9 Explorer Edition ၊ Mi 9 ၊ Redmi K30 Pro Zoom Edition ၊ Redmi K30 Pro ၊ Redmi K30 5G ၊ Redmi K30 ၊ Redmi K20 Pro Exclusive Edition ၊ Redmi K20 Pro နဲ့ Redmi K20 ဖုန်းတွေဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖုန်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ထဲက MIUI 12 Stable Update ကို ထုတ်ပေးလိုက်တဲ့အတွက် Updater App ကနေ Update ပြုလုပ်လို့ရနေပါပြီ။

ကျန်တဲ့စမတ်ဖုန်းတွေအတွက်ကတော့ Xiaomi ကနေ မကြာခင်မှာ ထပ်မံပြီး MIUI 12 Stable Update ထုတ်သွားပေးမယ်လို့ သိရပြီးတော့ Global MIUI 12 Stable Update ကိုလည်း ရရှိလာတော့မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China