Xiaomi လျှပ်စစ်ကားကို ရောင်းချမယ့် အချိန်ကို မသိရသေးပေမယ့် Xiaomi ရဲ့ ဘေဂျင်း ကားစက်ရုံမှာ SU7 ရဲ့ အရောင် အသစ် ၃ ရောင်ကို တွေ့လာရပါတယ်။ Blue-grey , Orange နဲ့ Dark Purple အရောင်တွေ ဖြစ်ပြီး အရင်ကတော့ Gulf Blue အရောင်ကို တွေ့ခဲ့ဖူးပါတယ်။

Xiaomi SU7 car new colors

Xiaomi ဟာ လျှပ်စစ်ကားကို မတ်လမှာ စတင် ရောင်းချနိုင်ပြီး ဧပြီလမှာ ပို့ဆောင်ပေးနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ Xiaomi က ဒီသတင်းကို တရားဝင် မပြောသေးပါဘူး။ ကုမ္ပဏီရဲ့ ဥက္ကဌ Lu Weibing က SU7 ကို ဒီနှစ် ဒုတိယ ကွာတားမှာ စတင် ပို့ဆောင်ပေးမယ်လို့ ပြောထားပါတယ်။ SU7 ကို Mobile World Congress မှာ နိုင်ငံတကာအတွက် ကြေညာခဲ့ပါတယ်။

Xiaomi SU7 car new colors

SU7 ဟာ စွမ်းရည်သင့်နဲ့ စွမ်းရည်မြင့် လျှပ်စစ်ကားဈေးကွက်အတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းကို မသိရသေးပေမယ့် ယွမ် ၂၅၀,၀၀၀ ကနေ ၃၇၀,၀၀၀ (ဒေါ်လာ ၃၅,၁၇၆ ကနေ ၅၂,၀၆၁) အတွင်း ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မတ်လမှာ ကားအစီးရေ ၂,၀၀၀ အထိထုတ်လုပ်နိုင်ပြီး ဇူလိုင်လအထိ တစ်လကို အစီးရေ ၁၀,၀၀၀ လစဉ် ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။

Xiaomi SU7 car new colors

SU7 ကို ရောင်းချမယ့် အချိန်ကို ကုမ္ပဏီက မပြောသေးပေမယ့် လူတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်မှာ အောင်မြင်လာမလားဆိုတာ စောင့်ကြည့်နေကြပါတယ်။

Ref : gizmochina