Xiaomi ဟာ လက်ရှိအချိန်မှာ စျေးသက်သာတဲ့ RedmiBook Series Laptop တွေကိုပါ မိတ်ဆက်ရောင်းချနေတာ နှစ်အနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာလည်း RedmiBook Series Laptop တွေထဲမှာ အကောင်းဆုံးဖြစ်လာမယ့် RedmiBook Pro ကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

ဒါကိုတော့ Xiaomi ကိုယ်တိုင်ကနေ RedmiBook Pro မှာ Webcam ပြန်လည်ပါဝင်လာမယ်ဆိုတာကို Teaser ဓါတ်ပုံအနေနဲ့ ထုတ်ပြီးပြသခဲ့တာဖြစ်ပါတယ်။ ယခင်တုန်းက မိတ်ဆက်ခဲ့တဲ့ RedmiBook 14 နဲ့ RedmiBook 16 လိုမျိုး Laptop တွေမှာ Xiaomi အနေနဲ့ Screen-to-Body Ratio မြင့်မားတဲ့ Display ကို ရရှိဖို့အတွက် Webcam ကို ဖြုတ်ထားခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Webcam ကို ပြန်လည်ထည့်သွင်းလာတာက အသုံးပြုသူတွေအတွက်တော့ သတင်းကောင်းတစ်ခုဖြစ်ပြီး Design ပိုင်းပြောင်းလဲလာမလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။ နောက်ထပ်သတင်းတွေအရတော့ RedmiBook Pro မှာ 11th Gen Intel Tiger Lake Processor ၊ Quad HD 2K Resolution Display တွေပါဝင်မယ်လို့ သိရပါတယ်။

တခြား Specification တွေအရတော့ NVMe SSD ၊ USB-C Charging ၊ Fingerprint Sensor ၊ Backlit Keyboard အပြင် Metallic Body အသစ်လည်း ပါဝင်မယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ တရားဝင်မိတ်ဆက်မယ့်အချိန်ကို မသိရှိရသေးတဲ့အတွက် စျေးနှုန်းအနေနဲ့ ဘယ်လောက်အထိရှိမလဲဆိုတာကိုလည်း ခန့်မှန်းရခက်နေပါသေးတယ်။

Ref – Gizmo China