Xiaomi က ၂၀၂၃ ခုနှစ် ဧပြီလမှာ Pad 6 Pro ကို တရုတ်မှာ ကြေညာခဲ့ပြီး အခုတော့ Pad 7 Serie အလှည့်ရောက်လာပါပြီ။ Digital Chat Station က အဲဒီ စွမ်းရည်မြင့် တက်ဘလက်ကို နောက်လမှာ ကြေညာမှာ ဖြစ်ပြီး Snapdragon 8 Gen 3 Chipset ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

Xiaomi tipped to launch Pad 7 in February with top-tier chipsets - GSMArena.com news

Digital Chat Station က Pad 7 မှာ အရင်နှစ်ထုတ် Snapdragon 8 Gen 2 ပါလာမှာ ဖြစ်ပြီး Pro မော်ဒယ်မှာ Snapdragon 8 Gen 3 ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ ဒါဟာ ၁ နှစ်ကြာတဲ့ Chip ထည့်သွင်းထားတဲ့ အရင်မျိုးဆက် Pad 6 Pro နဲ့ Max ထက်အများကြီး တိုးတက်လာတာ ဖြစ်ပါတယ်။ ရိုးရိုး Pad 6 မှာ ဒိတ်အောက်နေတဲ့ Snapdragon 870 ထည့်သွင်းထားတာပါ။

New Xiaomi Pad 7 Featuring High-End Chipsets to Arrive in February

Pad 7 မှာ 100W Fast Charging နဲ့ Pad 7 Pro မှာ Xiaomi တက်ဘလက်တွေထဲမှာ ပထမဆုံး ဖြစ်တဲ့ OLED Panel တပ်ဆင်ထားမှာပါ။

အခု သတင်းတွေအရ Pad 7 Series ရဲ့ Specifications တွေက တော်တော် ကောင်းမှာပါ။ Xiaomi ဟာ စွမ်းရည်မြင့် တက်ဘလက် အားလုံးကို တရုတ်မှာပဲ ရောင်းချထားပြီး Pad 7 Pro ကို တရုတ်ပြင်ပမှာ ရောင်းချရင် ကောင်းမှာပါ။

Ref : gsmarena