Zawgyi

အခုေသာၾကာေန႔မွ စတင္ၿပီး တရုတ္ျပည္ရဲ႕ Gaming နဲ႔ဒစ္ဂ်စ္တယ္ေဖ်ာ္ေျဖေရးဆုိင္ရာ ျပပြဲေတြအနက္ အႀကီးဆုံးျဖစ္တဲ့ China Joy Expo ပြဲေတာ္ႀကီးဟာ အားလပ္ရက္သုံးရက္စာ က်င္းပသြားမွာျဖစ္ပါတယ္။ ဒီထဲမွာ တရုတ္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူ Xiaomi လည္း ပါဝင္တက္ေရာက္ၿပီး Gaming နဲ႔သက္ဆုိင္တဲ့ ထုတ္ကုန္အသစ္အခ်ဳိ႕ကို ေၾကညာပြဲထုတ္လာမယ္လို႔ ယူဆရပါတယ္။

Xiaomi ရဲ႕တရားဝင္ Weibo အေကာင့္ကေတာ့ သူတုိ႔ဟာ Gaming ထုတ္ကုန္အသစ္တစ္ခုကို မိတ္ဆက္သြားမယ္လို႔ ေဖာ္ျပလာခဲ့ၿပီး သူတုိ႔ထုတ္ျပလာတဲ့ ပိုစတာထဲမွာ မၾကာေသးခင္ကမွ ေစ်းကြက္ထဲ ေရာက္လာတဲ့ Redmi K20 ဖုန္းနဲ႔ ပတ္သက္တဲ့ Teaser ကိုေတြ႕ရပါတယ္။

ကုမၸဏီအေနနဲ႔ Gaming Laptop တစ္လုံးကို မိတ္ဆက္လာမယ္လို႔ အမ်ားကယူဆထားၾကေပမယ့္ အခုပုံအတုိင္းဆုိရင္ေတာ့ Redmi K20 ဖုန္းအသစ္မိတ္ဆက္ပြဲမွာ ထုတ္ေဖာ္ျပသခဲ့တဲ့ ဂိမ္းလက္ကိုင္ Controller ကို အမ်ားေရွ႕သို႔ လက္ေတြ႕ခ်ျပလာမယ့္ပုံပါပဲ။ ဒီ Gamepad အသစ္ဟာ Xiaomi ရဲ႕ Gaming စမတ္ဖုန္း ပထမဆုံး Black Shark ထဲမွာပါဝင္တဲ့ တစ္ခုနဲ႔ ပုံစံတူညီေနပါတယ္။

Xiaomi Redmi K20 ဟာ Xiaomi Mi 9T ရဲ႕ အမွတ္တံဆိပ္ေျပာင္းလဲထားတဲ့ ဗားရွင္းျဖစ္ၿပီး အာရွေစ်းကြက္ေတြအတြက္ ရည္ရြယ္ပါတယ္။ သူ႕မွာ 6.39” လက္မအရြယ္ Full HD+ Display ႀကီးနဲ႔အတူ 4,000 mAh ဘကၳရီပါဝင္တယ္။ ပုံမွန္ဗားရွင္းက Snapdragon 730 ခ်စ္ပ္ဆက္ကို အသုံးျပဳထားကာ K20 Pro မွာေတာ့ ပိုျမင့္တဲ့ Snapdragon 855 ကို သုံးစြဲထားပါတယ္။ ကင္မရာကေတာ့ 48MP + 13MP + 8MP Triple-camera ပါ။

Ref – GSM Arena

Unicode

အခုသောကြာနေ့မှ စတင်ပြီး တရုတ်ပြည်ရဲ့ Gaming နဲ့ဒစ်ဂျစ်တယ်ဖျော်ဖြေရေးဆိုင်ရာ ပြပွဲတွေအနက် အကြီးဆုံးဖြစ်တဲ့ China Joy Expo ပွဲတော်ကြီးဟာ အားလပ်ရက်သုံးရက်စာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီထဲမှာ တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Xiaomi လည်း ပါဝင်တက်ရောက်ပြီး Gaming နဲ့သက်ဆိုင်တဲ့ ထုတ်ကုန်အသစ်အချို့ကို ကြေငြာပွဲထုတ်လာမယ်လို့ ယူဆရပါတယ်။

Xiaomi ရဲ့တရားဝင် Weibo အကောင့်ကတော့ သူတို့ဟာ Gaming ထုတ်ကုန်အသစ်တစ်ခုကို မိတ်ဆက်သွားမယ်လို့ ဖော်ပြလာခဲ့ပြီး သူတို့ထုတ်ပြလာတဲ့ ပိုစတာထဲမှာ မကြာသေးခင်ကမှ ဈေးကွက်ထဲ ရောက်လာတဲ့ Redmi K20 ဖုန်းနဲ့ ပတ်သက်တဲ့ Teaser ကိုတွေ့ရပါတယ်။

ကုမ္ပဏီအနေနဲ့ Gaming Laptop တစ်လုံးကို မိတ်ဆက်လာမယ်လို့ အများကယူဆထားကြပေမယ့် အခုပုံအတိုင်းဆိုရင်တော့ Redmi K20 ဖုန်းအသစ်မိတ်ဆက်ပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့ ဂိမ်းလက်ကိုင် Controller ကို အများရှေ့သို့ လက်တွေ့ချပြလာမယ့်ပုံပါပဲ။ ဒီ Gamepad အသစ်ဟာ Xiaomi ရဲ့ Gaming စမတ်ဖုန်း ပထမဆုံး Black Shark ထဲမှာပါဝင်တဲ့ တစ်ခုနဲ့ ပုံစံတူညီနေပါတယ်။

Xiaomi Redmi K20 ဟာ Xiaomi Mi 9T ရဲ့ အမှတ်တံဆိပ်ပြောင်းလဲထားတဲ့ ဗားရှင်းဖြစ်ပြီး အာရှဈေးကွက်တွေအတွက် ရည်ရွယ်ပါတယ်။ သူ့မှာ 6.39” လက်မအရွယ် Full HD+ Display ကြီးနဲ့အတူ 4,000 mAh ဘက္ထရီပါဝင်တယ်။ ပုံမှန်ဗားရှင်းက Snapdragon 730 ချစ်ပ်ဆက်ကို အသုံးပြုထားကာ K20 Pro မှာတော့ ပိုမြင့်တဲ့ Snapdragon 855 ကို သုံးစွဲထားပါတယ်။ ကင်မရာကတော့ 48MP + 13MP + 8MP Triple-camera ပါ။

Ref – GSM Arena