Unicode

Xiaomi ဟာ Smartwatch တွေနဲ့ မစိမ်းတဲ့ စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်ပြီး Mi အမှတ်တံဆိပ်ကို ခံယူထားတဲ့ ပထမဆုံး Smartwatch ဖြစ်တဲ့ Mi Watch ကို နိုဝင်ဘာတုန်းကလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ ၂၀၁၉ ကုန်ခါနီးမှာ Smartwatch ထုတ်ကုန်သစ်တစ်ခုကို ထပ်မံမိတ်ဆက်လာပြီး သိပ်မကြာခင် ဈေးကွက်ထဲမှာ တန်းပြီး ဝယ်ယူနိုင်တော့မှာပါ။

Xiaomi ဟာ Watch Color လို့အမည်ပေးထားတဲ့ ဒီထုတ်ကုန်သစ်ကို မိတ်ဆက်ပွဲတွေ ဘာတွေမလုပ်ဘဲ တန်းပြီး Teaser တွေနဲ့ မိတ်ဆက်လာခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ အဓိက Specs နဲ့ ဈေးနှုန်း စတာတွေကို အခုချိန်မှာ မသိရသေးဘဲ ဈေးကွက်ထဲ စတင်ရောင်းချလာမယ့် ဇန်နဝါရီ ၃ ရက်နေ့မှ သိရှိရဖွယ် ရှိပါတယ်။

Teaser ပိုစတာနဲ့ ဗီဒီယိုတွေမှာတော့ Xiaomi Watch Color စမတ်နာရီသစ်ဟာ သမာရိုးကျ စက်ဝိုင်းပုံ ဒိုင်ခွက်နဲ့ တွေ့ရပြီး အချင်း 1.39” လက်မနဲ့ 454 x 454 Resolution ရှိမယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် ၂၀၂၀ အတွက် Xiaomi ရဲ့ ပထမဆုံးစမတ်နာရီထုတ်ကုန်ဖြစ်တာကြောင့်လည်း နှလုံးခုန်နှုန်းတိုင်းတာစက်၊ ဆင်ဆာစနစ်များ အစရှိတဲ့ ပုံမှန် Feature တွေ အစုံအလင်ပါဝင်မယ်လို့ ယုံကြည်ပါတယ်။ ပိုစတာတစ်ခုမှာတော့ ရေကူးကန် ထဲက ကိုယ်ဟန်ပြမောင်ကို တွေ့ရတာကြောင့် ရေစိမ်ခံ သတ်မှတ်ချက်တစ်ခုခုလည်း ပါဝင်လာမှာပါ။

သူ့ရဲ့နာမည်အတိုင်းပဲ Xiaomi Watch Color အတွက် အဓိကဆွဲဆောင်မှုတစ်ခုက နှစ်သက်ရာအရောင်ကို ရွေးချယ်ဝတ်ဆင်နိုင်တဲ့ အရောင်စုံလက်ပတ်ကြိုးတွေ ဖြစ်နိုင်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ဒိုင်ခွက်ကိုလည်း Silver, Gold နဲ့ Black အရောင်သုံးမျိုးရရှိနိုင်မယ်ဆိုတာကို ပုံရိပ်တွေကနေတဆင့် အတည်ပြုနိုင်ပါတယ်။

Ref – GSM Arena

Zawgyi

Xiaomi ဟာ Smartwatch ေတြနဲ႔ မစိမ္းတဲ့ စမတ္ဖုန္းထုတ္လုပ္သူတစ္ဦးျဖစ္ၿပီး Mi အမွတ္တံဆိပ္ကို ခံယူထားတဲ့ ပထမဆုံး Smartwatch ျဖစ္တဲ့ Mi Watch ကို ႏုိဝင္ဘာတုန္းကလည္း မိတ္ဆက္ခဲ့ပါေသးတယ္။ ၂၀၁၉ ကုန္ခါနီးမွာ Smartwatch ထုတ္ကုန္သစ္တစ္ခုကို ထပ္မံမိတ္ဆက္လာၿပီး သိပ္မၾကာခင္ ေစ်းကြက္ထဲမွာ တန္းၿပီး ဝယ္ယူႏုိင္ေတာ့မွာပါ။

Xiaomi ဟာ Watch Color လို႔အမည္ေပးထားတဲ့ ဒီထုတ္ကုန္သစ္ကို မိတ္ဆက္ပြဲေတြ ဘာေတြမလုပ္ဘဲ တန္းၿပီး Teaser ေတြနဲ႔ မိတ္ဆက္လာခဲ့တာပါ။ ဒါေၾကာင့္ သူ႕ရဲ႕ အဓိက Specs နဲ႔ ေစ်းႏႈန္း စတာေတြကို အခုခ်ိန္မွာ မသိရေသးဘဲ ေစ်းကြက္ထဲ စတင္ေရာင္းခ်လာမယ့္ ဇန္နဝါရီ ၃ ရက္ေန႔မွ သိရွိရဖြယ္ ရွိပါတယ္။

Teaser ပိုစတာနဲ႔ ဗီဒီယုိေတြမွာေတာ့ Xiaomi Watch Color စမတ္နာရီသစ္ဟာ သမာရုိးက် စက္ဝုိင္းပုံ ဒိုင္ခြက္နဲ႔ ေတြ႕ရၿပီး အခ်င္း 1.39” လက္မနဲ႔ 454 x 454 Resolution ရွိမယ္လို႔ ယူဆရပါတယ္။

ဒါ့အျပင္ ၂၀၂၀ အတြက္ Xiaomi ရဲ႕ ပထမဆုံးစမတ္နာရီထုတ္ကုန္ျဖစ္တာေၾကာင့္လည္း ႏွလုံးခုန္ႏႈန္းတုိင္းတာစက္၊ ဆင္ဆာစနစ္မ်ား အစရွိတဲ့ ပုံမွန္ Feature ေတြ အစုံအလင္ပါဝင္မယ္လို႔ ယုံၾကည္ပါတယ္။ ပုိစတာတစ္ခုမွာေတာ့ ေရကူးကန္ ထဲက ကိုယ္ဟန္ျပေမာင္ကို ေတြ႕ရတာေၾကာင့္ ေရစိမ္ခံ သတ္မွတ္ခ်က္တစ္ခုခုလည္း ပါဝင္လာမွာပါ။

သူ႕ရဲ႕နာမည္အတုိင္းပဲ Xiaomi Watch Color အတြက္ အဓိကဆြဲေဆာင္မႈတစ္ခုက ႏွစ္သက္ရာအေရာင္ကို ေရြးခ်ယ္ဝတ္ဆင္ႏုိင္တဲ့ အေရာင္စုံလက္ပတ္ႀကိဳးေတြ ျဖစ္ႏုိင္ပါတယ္။ လက္ရွိမွာ သူ႕ရဲ႕ဒုိင္ခြက္ကိုလည္း Silver, Gold နဲ႔ Black အေရာင္သုံးမ်ဳိးရရွိႏုိင္မယ္ဆုိတာကို ပုံရိပ္ေတြကေနတဆင့္ အတည္ျပဳႏုိင္ပါတယ္။

Ref – GSM Arena