[Zawgyi]

ခ်ပ္၀တ္တန္ဆာကြန္ျပဴတာေတြကို ထုတ္လုပ္ေနတဲ့ ဆရာတစ္ဆူက Xiaomi ျဖစ္ပါတယ္။ Xiaomi ရဲ႕ Mi Band Fitness Trackers ေတြက နာမည္ေက်ာ္ပါတယ္။ ဒါေပမယ့္ Xiaomi က စမတ္နာရီကိုေတာ့ မထုတ္လုပ္ေသးပါဘူး။ အခုေတာ့ Xiaomi က Google ရဲ႕ WearOS ေမာင္းႏွင္ထားတဲ့ Mi Watch နာမည္ရ စမတ္နာရီကို မၾကာခင္ေၾကညာေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။ ႏုိ၀င္ဘာလ ၅ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ ကုမၸဏီက Tease လုပ္လိုက္ပါတယ္။

ကုမၸဏီက စမတ္နာရီ အျပင္ အဲဒီေန႔မွာ တျခား ထုတ္ကုန္ေတြကိုလည္း ေၾကညာဖို႔ ရွိေနပါတယ္။ အဲဒီထဲမွာ 108MP Main Camera ပါတဲ့ Mi CC9 Pro နဲ႔ Xiaomi Mi TV 5 Series ေတြ ပါပါတယ္။ အရင္ကေတာ့ Xiaomi ရဲ႕ စမတ္နာရီမွာ Xiaomi Wear Chipset ေမာင္းႏွင္ထားၿပီး eSIM Card , 4G LTE , NFC နဲ႔ Smart Voice Assistant ေတြ ပါမယ္လို႔ သတင္းထြက္ထားပါတယ္။

စမတ္နာရီမွာ Google Android Wear OS ရဲ႕ Customized Version ပါလာမယ္လို႔ ထင္ပါတယ္။ Mi Wear OS လို႔ နာမည္ေပးထားႏိုင္ပါတယ္။ စမတ္နာရီ ဒီဇိုင္းဟာလည္း အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚေနၿပီး စက္၀ိုင္းပံု ကိုယ္ထည္ ပါပါတယ္။ ဒါေပမယ့္ အခု Teaser မွာ Apple Watch လို ေလးေထာင့္ ကိုယ္ထည္ကို ျပသထားပါတယ္။

စက္တင္ဘာလ အေစာပိုင္းမွာ Xiaomi က “Millennium MIX ALPHA”, “Mi MIX Alpha” နဲ႔ “Mi Watch COLOR” တို႔ကို မွတ္ပံုတင္ခဲ့ပါတယ္။ Xiaomi က ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာေတြကို Huami Technology အပါအ၀င္ ကုမၸဏီခြဲေတြကေနလည္း ေရာင္းခ်ေနပါတယ္။ အခု စမတ္နာရီကေတာ့ Xiaomi ကေန ေရာင္းမယ့္ ပထမဆံုး စမတ္နာရီ ျဖစ္လာမွာပါ။

Ref : gizmochina

[Unicode]

Xiaomi Watch ကို နိုဝင်ဘာလ ၅ ရက်နေ့မှာ ကြေညာမည်

ချပ်ဝတ်တန်ဆာကွန်ပြူတာတွေကို ထုတ်လုပ်နေတဲ့ ဆရာတစ်ဆူက Xiaomi ဖြစ်ပါတယ်။ Xiaomi ရဲ့ Mi Band Fitness Trackers တွေက နာမည်ကျော်ပါတယ်။ ဒါပေမယ့် Xiaomi က စမတ်နာရီကိုတော့ မထုတ်လုပ်သေးပါဘူး။ အခုတော့ Xiaomi က Google ရဲ့ WearOS မောင်းနှင်ထားတဲ့ Mi Watch နာမည်ရ စမတ်နာရီကို မကြာခင်ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ကုမ္ပဏီက Tease လုပ်လိုက်ပါတယ်။

ကုမ္ပဏီက စမတ်နာရီ အပြင် အဲဒီနေ့မှာ တခြား ထုတ်ကုန်တွေကိုလည်း ကြေညာဖို့ ရှိနေပါတယ်။ အဲဒီထဲမှာ 108MP Main Camera ပါတဲ့ Mi CC9 Pro နဲ့ Xiaomi Mi TV 5 Series တွေ ပါပါတယ်။ အရင်ကတော့ Xiaomi ရဲ့ စမတ်နာရီမှာ Xiaomi Wear Chipset မောင်းနှင်ထားပြီး eSIM Card , 4G LTE , NFC နဲ့ Smart Voice Assistant တွေ ပါမယ်လို့ သတင်းထွက်ထားပါတယ်။

စမတ်နာရီမှာ Google Android Wear OS ရဲ့ Customized Version ပါလာမယ်လို့ ထင်ပါတယ်။ Mi Wear OS လို့ နာမည်ပေးထားနိုင်ပါတယ်။ စမတ်နာရီ ဒီဇိုင်းဟာလည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပြီး စက်ဝိုင်းပုံ ကိုယ်ထည် ပါပါတယ်။ ဒါပေမယ့် အခု Teaser မှာ Apple Watch လို လေးထောင့် ကိုယ်ထည်ကို ပြသထားပါတယ်။

စက်တင်ဘာလ အစောပိုင်းမှာ Xiaomi က “Millennium MIX ALPHA”, “Mi MIX Alpha” နဲ့ “Mi Watch COLOR” တို့ကို မှတ်ပုံတင်ခဲ့ပါတယ်။ Xiaomi က ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေကို Huami Technology အပါအဝင် ကုမ္ပဏီခွဲတွေကနေလည်း ရောင်းချနေပါတယ်။ အခု စမတ်နာရီကတော့ Xiaomi ကနေ ရောင်းမယ့် ပထမဆုံး စမတ်နာရီ ဖြစ်လာမှာပါ။

Ref : gizmochina