Xiaomi ရဲ့ Mi Box တွေက သာမန် TV တွေကို Smart Android TV အဖြစ်ပြောင်းလဲပေးနိုင်တဲ့ ဈေးနှုန်းသက်သာတဲ့ Android TV Bx တွေပဲဖြစ်ပါတယ်။ Xiaomi ကနေ လက်ရှိရောင်းချနေတဲ့ Mi TV တွေလိုမျိုး Android Smart TV အဖြစ် သာမန် TV တွေကိုလည်း ပြောင်းလဲပေးနိုင်တဲ့အတွက် Mi Box တွေဟာ အောင်မြင်တဲ့ Product တွေလို့တောင် ပြောလို့ရပါတယ်။

အခုအချိန်မှာတော့ Xiaomi ဟာ Mi Box 4 ကိုလာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ထုတ်လုပ်သွားမယ်ဆိုတာကို ထုတ်ပြန်ခဲ့ပြီး Xiaomi Mi Box တွေဟာ မနှစ်ကလည်း အသစ်ထုတ်လုပ်ခဲ့ခြင်းမရှိပဲ နောက်ဆုံးထွက်ရှိထားတဲ့ Mi Box 3s က နိုဝင်ဘာ ၂၀၁၆ ထဲက ဖြစ်တဲ့အတွက် အချိန်အားဖြင့်တော်တော်လေးကြာပြီးမှ အသစ်ထွက်ရှိလာတာလို့ ပြောလို့ရပါတယ်။

အခုပါ Xiaomi Mi Box 4 ဟာ 4K Videos တွေကို ကြည့်ရှုနိုင်မယ့်အပြင် AI စနစ်လည်းပါဝင်လာမှာဖြစ်ပြီးတော့ အခြား Wi-Fi ၊ Bluetooth နဲ့ Audio ပိုင်းမှာလည်း Dolby DTS Sound စနစ်တွေကို Support ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

အခု Xiaomi Mi Box 4 ဟာ ယခင် Mi Box တွေလိုမျိုးပဲ ဒေါ်လာ ၁၀၀ အောက်နဲ့ပဲ ရောင်းချသွားမယ်လို့ ခန့်မှန်းရပါတယ်။