Zawgyi

Xiaomi ကေန အခုႏွစ္ထဲမွာ စမတ္ဖုန္းအသစ္ေတြကို ဆက္တုိက္မိတ္ဆက္လာရာကေန အခုလည္း ေနာက္ထပ္ လံုးဝ စမတ္ဖုန္း Series အသစ္ကို မိတ္ဆက္လာဖို႔ကို အတည္ျပဳလုိက္ျပီျဖစ္ပါတယ္။ ဒါကလည္း ကုမၸဏီရဲ႕ CEO ျဖစ္တဲ့ Lei Jun ကိုယ္တုိင္က Weibo Account မွာ အတည္ျပဳေပးလုိက္တာျဖစ္ပါတယ္။

Xiaomi ကေန အခု Mi Series ဖုန္းသစ္ေတြမွာ Selfie Camera ေတြကို အဓိကအေနနဲ႔ ေၾကညာေနတာျဖစ္ျပီးေတာ့ Lei Jun ရဲ႕ ေျပာၾကားခ်က္အရဆုိရင္ ဇြန္လ ၂၁ ရက္ေန႔မွာ မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။

ေနာက္ဆံုးသိထားရတဲ့သတင္းေတြအရေတာ့ အခုမိတ္ဆက္လာမယ့္ စမတ္ဖုန္းေတြက Mi CC9 နဲ႔ Mi CC9e စမတ္ဖုန္းေတြလုိ႔ သိရျပီးေတာ့ အဆုိပါ စမတ္ဖုန္းေတြဟာ ASUS Zenfone 6 လုိမ်ိဳး Flipping Camera Setup ကို အသံုးျပဳလာမယ္လို႔ သိရပါတယ္။

အခု Mi CC9 ဖုနး္ေတြရဲ႕ Camera က Primary 48MP Sensor အျပင္ Ultrawide Sensor ၊ Telephoto Sensor ေတြပါ ပါဝင္လာဦးမွာျဖစ္ပါတယ္။ Specs ေတြအေနနဲ႔ကေတာ့ Mi CC9 စမတ္ဖုန္းက Qualcomm Snapdragon 730 Processor ကို အသံုးျပဳလာမွာျဖစ္ျပီးေတာ့ Mi CC9e ဖုန္းကေတာ့ စြမ္းေဆာင္ရည္အနည္းငယ္နိမ့္တဲ့ Qualcomm Snapdragon 712 Processor ကို အသံုးျပဳထားမွာပါ။ ဒီဖုန္းေတြက 4000mAh Battery ကို အသံုးျပဳလာမွာျဖစ္သလုိ 18W Fast Charging စနစ္လည္း ပါဝင္မယ္လုိ႔ သိရပါတယ္။

Ref – GSM Arena

Unicode

Xiaomi ကနေ အခုနှစ်ထဲမှာ စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်မိတ်ဆက်လာရာကနေ အခုလည်း နောက်ထပ် လုံးဝ စမတ်ဖုန်း Series အသစ်ကို မိတ်ဆက်လာဖို့ကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒါကလည်း ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Lei Jun ကိုယ်တိုင်က Weibo Account မှာ အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

Xiaomi ကနေ အခု Mi Series ဖုန်းသစ်တွေမှာ Selfie Camera တွေကို အဓိကအနေနဲ့ ကြေညာနေတာဖြစ်ပြီးတော့ Lei Jun ရဲ့ ပြောကြားချက်အရဆိုရင် ဇွန်လ ၂၁ ရက်နေ့မှာ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

နောက်ဆုံးသိထားရတဲ့သတင်းတွေအရတော့ အခုမိတ်ဆက်လာမယ့် စမတ်ဖုန်းတွေက Mi CC9 နဲ့ Mi CC9e စမတ်ဖုန်းတွေလို့ သိရပြီးတော့ အဆိုပါ စမတ်ဖုန်းတွေဟာ ASUS Zenfone 6 လိုမျိုး Flipping Camera Setup ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

အခု Mi CC9 ဖုန်းတွေရဲ့ Camera က Primary 48MP Sensor အပြင် Ultrawide Sensor ၊ Telephoto Sensor တွေပါ ပါဝင်လာဦးမှာဖြစ်ပါတယ်။ Specs တွေအနေနဲ့ကတော့ Mi CC9 စမတ်ဖုန်းက Qualcomm Snapdragon 730 Processor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Mi CC9e ဖုန်းကတော့ စွမ်းဆောင်ရည်အနည်းငယ်နိမ့်တဲ့ Qualcomm Snapdragon 712 Processor ကို အသုံးပြုထားမှာပါ။ ဒီဖုန်းတွေက 4000mAh Battery ကို အသုံးပြုလာမှာဖြစ်သလို 18W Fast Charging စနစ်လည်း ပါဝင်မယ်လို့ သိရပါတယ်။

Ref – GSM Arena