Xiaomi ရဲ့ Official Development Team ကနေ အခုအချိန်မှာ အရေးကြီးတဲ့သတင်းအချက်အလက်တစ်ခုကို ကြေညာခဲ့ပါတယ်။ ဒါကတော့ Developer Beta ROM ဖြစ်တဲ့ MIUI 20.3.23 နဲ့အတူ ကြေညာခဲ့တာဖြစ်ပြီး အဆိုပါ Update ဟာ Developer ROM Update ထဲမှာ နောက်ဆုံးဖြစ်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုလိုမျိုး MIUI Developer Beta ROM တွေထုတ်ပေးနေတာကို ရပ်ဆိုင်းလိုက်တာက အကြောင်းပြချက်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပေမယ့် ဖြစ်နိုင်တာကတော့ MIUI 12 အတွက် စတင်ပြီး စမ်းသပ်မိတ်ဆက်ဖို့ ပြင်ဆင်နေတာဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့်လည်းဖြစ်နိုင်ခြေများနေပါတယ်။

အခုလောလောဆယ်မှာလည်း Xiaomi Mi 9 Pro ၊ Mi 10 ၊ Mi 10 Pro နဲ့ Redmi Note 8 ဖုန်းတွေအတွက် Developer ROM Update တွေ Delay ဖြစ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Xiaomi ကို Developer Beta ROM အသုံးပြုတဲ့သူတွေအနေနဲ့ကတော့ အခုနောက်ပိုင်းမှာ ဘာမှ Update ရရှိလာဖို့မရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Developer Beta ROM တွေကို ရပ်ဆိုင်းလိုက်တာက မကြာသေးခင်တုန်းက MIUI 12 နဲ့ ပတ်သတ်တဲ့သတင်းတွေလည်း ပေါက်ကြားခဲ့သေးတဲ့အတွက် လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ MIUI 12 နဲ့ ပတ်သတ်တဲ့သတင်းတွေ ထွက်ပေါ်လာနိုင်ပါတယ်။

Ref – Gizmo China