[Zawgyi]

ၿပီးခဲ့တဲ့လတုန္းက Samsung နဲ႔ Huawei တို႔က Foldable ဖုန္းကိုယ္စီနဲ႔ စမတ္ဖုန္းစင္ျမင့္ထက္မွာ ေအာင္လံထူျပသြားခဲ့ပါတယ္။ ကုမၸဏီႏွစ္ခုရဲ႕ Foldable ဖုန္းေတြဟာ ဆန႔္က်င္ဘက္လို႔ ေျပာရမယ့္ ဒီဇိုင္းပိုင္းနဲ႔ ဖြဲ႕စည္းတည္ေဆာက္ထားၾကတာ ျဖစ္ပါတယ္။

Galaxy Fold နဲ႔ Mate X တို႔ဟာ ဒီဇိုင္းပိုင္းကသာ မတူညီၾကေပမယ့္ ေဈးႏႈန္းပိုင္းကေတာ့ မတိမ္းမယိမ္းပါပဲ။ Galaxy Fold က $1,980 ျဖစ္ၿပီး Mate X ကေတာ့ $2,600 ဝန္းက်င္ေလာက္ ျဖစ္ပါတယ္။ ေဈးႏႈန္းပိုင္းအရ ဒီဖုန္းေတြဟာ အဆင့္ျမင့္အဖိုးတန္ဖုန္းေတြလို႔ပဲ ေျပာရမွာပါ။

ဒါေပမယ့္ iGyaan ကေန ထြက္ေပၚလာတဲ့ သတင္းအရဆိုရင္ Xiaomi ကေတာ့ သူ႔ရဲ႕ Foldable ဖုန္းကို $999 ေလာက္နဲ႔သာ ေရာင္းခ်သြားဖြယ္ ရွိပါတယ္။ Xiaomi ရဲ႕ Foldable ဖုန္းကို Mi Fold ဒါမွမဟုတ္ Mi Flex ဆိုတဲ့ အမည္နဲ႔ ေတြ႕ျမင္သြားရဖြယ္ ရွိပါတယ္။

Xiaomi ရဲ႕ Foldable ဖုန္းေဈးႏႈန္းသက္သာျခင္းရဲ႕ အေၾကာင္းရင္းက Visionox Technology က ျပဳလုပ္တဲ့ OLED display ကို အသုံးျပဳတာေၾကာင့္ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ဒါေပမယ့္လည္း ဒီမ်က္ႏွာျပင္ေတြဟာ Galaxy Fold နဲ႔ Mate X တို႔လိုပဲ ေကာင္းမြန္တဲ့ အရည္အေသြးရွိမွာျဖစ္တယ္လို႔လည္း Xiaomi က ေျပာပါတယ္။

Mi Fold/Flex ကလည္း Flagship အျဖစ္ ထြက္ေပၚလာမွာျဖစ္ၿပီး Snapdragon 855 SoC နဲ႔ 10GB of RAM ကိုလည္း သံဒးထားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ကုမၸဏီအေနနဲ႔ သူတို႔ရဲ႕ Foldable ဖုန္းေတြကို အေမရိကန္အပါအဝင္ ဥေရာပေဈးကြက္၊ အိႏၵိယေဈးကြက္ေတြမွာ 2019 Q2 အတြင္း ျဖန႔္ခ်ိသြားဖို႔ ျပင္ဆင္ထားေၾကာင္းလည္း သိရပါတယ္။

Ref: GSMArena

[Unicode]

Xiaomi ရဲ့ Foldable ဖုန်းဟာ Galaxy Fold ဈေးနှုန်းရဲ့ တစ်ဝက်ပဲရှိမယ်လို့ သတင်းထွက်ပေါ်လာ

ပြီးခဲ့တဲ့လတုန်းက Samsung နဲ့ Huawei တို့က Foldable ဖုန်းကိုယ်စီနဲ့ စမတ်ဖုန်းစင်မြင့်ထက်မှာ အောင်လံထူပြသွားခဲ့ပါတယ်။ ကုမ္ပဏီနှစ်ခုရဲ့ Foldable ဖုန်းတွေဟာ ဆန့်ကျင်ဘက်လို့ ပြောရမယ့် ဒီဇိုင်းပိုင်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားကြတာ ဖြစ်ပါတယ်။

Galaxy Fold နဲ့ Mate X တို့ဟာ ဒီဇိုင်းပိုင်းကသာ မတူညီကြပေမယ့် ဈေးနှုန်းပိုင်းကတော့ မတိမ်းမယိမ်းပါပဲ။ Galaxy Fold က $1,980 ဖြစ်ပြီး Mate X ကတော့ $2,600 ဝန်းကျင်လောက် ဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းအရ ဒီဖုန်းတွေဟာ အဆင့်မြင့်အဖိုးတန်ဖုန်းတွေလို့ပဲ ပြောရမှာပါ။

ဒါပေမယ့် iGyaan ကနေ ထွက်ပေါ်လာတဲ့ သတင်းအရဆိုရင် Xiaomi ကတော့ သူ့ရဲ့ Foldable ဖုန်းကို $999 လောက်နဲ့သာ ရောင်းချသွားဖွယ် ရှိပါတယ်။ Xiaomi ရဲ့ Foldable ဖုန်းကို Mi Fold ဒါမှမဟုတ် Mi Flex ဆိုတဲ့ အမည်နဲ့ တွေ့မြင်သွားရဖွယ် ရှိပါတယ်။

Xiaomi ရဲ့ Foldable ဖုန်းဈေးနှုန်းသက်သာခြင်းရဲ့ အကြောင်းရင်းက Visionox Technology က ပြုလုပ်တဲ့ OLED display ကို အသုံးပြုတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီမျက်နှာပြင်တွေဟာ Galaxy Fold နဲ့ Mate X တို့လိုပဲ ကောင်းမွန်တဲ့ အရည်အသွေးရှိမှာဖြစ်တယ်လို့လည်း Xiaomi က ပြောပါတယ်။

Mi Fold/Flex ကလည်း Flagship အဖြစ် ထွက်ပေါ်လာမှာဖြစ်ပြီး Snapdragon 855 SoC နဲ့ 10GB of RAM ကိုလည်း သံဒးထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ Foldable ဖုန်းတွေကို အမေရိကန်အပါအဝင် ဥရောပဈေးကွက်၊ အိန္ဒိယဈေးကွက်တွေမှာ 2019 Q2 အတွင်း ဖြန့်ချိသွားဖို့ ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။

Ref: GSMArena