[Unicode]

မကြာခင်ကမှ အသစ်စက်စက် ကြေညာထားတဲ့ Xiaomi Mi Watch အတွက် ပထမဆုံး Firmware Update ကို ဖြန့်ချိပေးလိုက်ပါပြီ။ အဲဒီမှာ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ပါလာပြီး အဓိက အားဖြင့် iOS Support ပါလာတာက တကယ် မိုက်ပါတယ်။ iOS Device နဲ့ စမတ်နာရီကို ချိတ်ဆက် အသုံးပြုနိုင်ပါပြီ။ ဒါ့အပြင် Firmware မှာ Launcher နဲ့ Xiaomi Wear App for iOS ထည့်သွင်းထားပါတယ်။

Xiaomi က တရုတ်မှာ OTA Update ကို ဒီဇင်ဘာလ ၃ ရက်နေ့မှာ စတင် ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတချို့က ပထမဆုံး အကြိမ် Set Up လုပ်ရင် Freezing ဖြစ်တယ်လို့ ပြောနေကြတဲ့ အတွက် Pairing Process ကိုလည်း ပိုကောင်းအောင် လုပ်ပေးမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Firmware အသစ်မှာ Xiaomi Wear App ရဲ့ Notification ပြဿနာကိုလည်း ဖြေရှင်းထားပုံပေါ်ပါတယ်။ တည်နေရာ သတင်းအချက်အလက်တွေဟာလည်း အခုဆိုရင် အလိုလို Update လုပ်နိုင်လာပြီ ဖြစ်ပါတယ်။

Xiaomi Mi Watch ကို လက်ကောက်ဝတ်က စမတ်ဖုန်းလေးလို့ ကုမ္ပဏီက တင်စားထားပါတယ်။ ၁.၇၈ လက်မ AMOLED Display တပ်ဆင်ထားပြီး ကိုယ်ထည်အထူက ၄၄ မီလီမီတာပဲ ရှိပါတယ်။ Bluetooth , NFC နဲ့ eSIM စွမ်းရည်တွေ ထည့်သွင်းထားပြီး စပီကာနဲ့ မိုက်ကရိုဖုန်းတွေ ပါပါတယ်။ Google Wear OS အခြေပြု Xiaomi ရဲ့ ကိုယ်ပိုင် MIUI OS မောင်းနှင်ထားပြီး ကိုယ်ပိုင် App Store ထည့်ထားပါတယ်။

1GB RAM , 8GB Storage နဲ့ Snapdragon Wear 3100 4G Chipset တွေ ပါပါတယ်။ 570mAh Battery က ၁ ရက်ခွဲလောက် အသုံးခံမယ်လို့ ပြောပါတယ်။ တရုတ်မှာ ယွမ် ၁,၂၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၂၈၀,၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena

[Zawgyi]

Xiaomi Mi Watch အတြက္ ပထမဆံုး Update မွာ iOS Support ပါလာၿပီ

မၾကာခင္ကမွ အသစ္စက္စက္ ေၾကညာထားတဲ့ Xiaomi Mi Watch အတြက္ ပထမဆံုး Firmware Update ကို ျဖန္႔ခ်ိေပးလိုက္ပါၿပီ။ အဲဒီမွာ ႀကီးမားတဲ့ တိုးတက္ေျပာင္းလဲမႈေတြ ပါလာၿပီး အဓိက အားျဖင့္ iOS Support ပါလာတာက တကယ္ မိုက္ပါတယ္။ iOS Device နဲ႔ စမတ္နာရီကို ခ်ိတ္ဆက္ အသံုးျပဳႏုိင္ပါၿပီ။ ဒါ့အျပင္ Firmware မွာ Launcher နဲ႔ Xiaomi Wear App for iOS ထည့္သြင္းထားပါတယ္။

Xiaomi က တရုတ္မွာ OTA Update ကို ဒီဇင္ဘာလ ၃ ရက္ေန႔မွာ စတင္ ျဖန္႔ခ်ိေပးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သံုးစြဲသူတခ်ိဳ႕က ပထမဆံုး အႀကိမ္ Set Up လုပ္ရင္ Freezing ျဖစ္တယ္လို႔ ေျပာေနၾကတဲ့ အတြက္ Pairing Process ကိုလည္း ပိုေကာင္းေအာင္ လုပ္ေပးမယ္လို႔ ကုမၸဏီက ေျပာပါတယ္။  Firmware အသစ္မွာ Xiaomi Wear App ရဲ႕ Notification ျပႆနာကိုလည္း ေျဖရွင္းထားပံုေပၚပါတယ္။ တည္ေနရာ သတင္းအခ်က္အလက္ေတြဟာလည္း အခုဆိုရင္ အလိုလို Update လုပ္ႏိုင္လာၿပီ ျဖစ္ပါတယ္။

Xiaomi Mi Watch ကို လက္ေကာက္၀တ္က စမတ္ဖုန္းေလးလို႔ ကုမၸဏီက တင္စားထားပါတယ္။ ၁.၇၈ လက္မ AMOLED Display တပ္ဆင္ထားၿပီး ကိုယ္ထည္အထူက ၄၄ မီလီမီတာပဲ ရွိပါတယ္။ Bluetooth , NFC နဲ႔ eSIM စြမ္းရည္ေတြ ထည့္သြင္းထားၿပီး စပီကာနဲ႔ မိုက္ကရိုဖုန္းေတြ ပါပါတယ္။ Google Wear OS အေျချပဳ Xiaomi ရဲ႕ ကိုယ္ပိုင္ MIUI OS ေမာင္းႏွင္ထားၿပီး ကိုယ္ပိုင္ App Store ထည့္ထားပါတယ္။

1GB RAM , 8GB Storage နဲ႔ Snapdragon Wear 3100 4G Chipset ေတြ ပါပါတယ္။ 570mAh Battery က ၁ ရက္ခြဲေလာက္ အသံုးခံမယ္လို႔ ေျပာပါတယ္။ တရုတ္မွာ ယြမ္ ၁,၂၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၈၀,၀၀၀ ေလာက္ရွိပါတယ္။

Ref : gsmarena