[Zawgyi]

Huawei Mate 20 Pro ဟာ 40W Super Charge ကို ေထာက္ပံ့ေပးထားပါတယ္။ အလားတူပဲ OPPO Find x ကလည္း 50W SuperVOOC နဲ႔ နာမည္ေက်ာ္ပါတယ္။ အခုေတာ့ Xiaomi က ဒီ ကုမၸဏီေတြရဲ႕ အျမန္အားသြင္းစနစ္ထက္ ႏွစ္ဆပိုျမန္တဲ့ အားသြင္းစနစ္ကို မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။

100W အားသြင္းနည္းပညာကို တ႐ုတ္ႏိုင္ငံတြင္းမွာပဲ စတင္ေၾကညာသြားဦးမွာ ျဖစ္ၿပီး “Super Charge Turbo” လို႔ အမည္ေပးထားေၾကာင္းသိရပါတယ္။ လက္ရွိအခ်ိန္အထိ အေသးစိတ္အခ်က္အလက္ေတြကို မသိရွိရေသးေပမယ့္ ကမာၻ႔အျမန္ဆုံး အားသြင္းစနစ္ျဖစ္လာႏိုင္တယ္လို႔ေတာ့ ဆိုရမွာပါ။

Xiaomi ရဲ႕ ပူတြဲတည္ေထာင္သူလည္းျဖစ္၊ ဥကၠ႒လည္းျဖစ္တဲ့ Lin Bin ကေတာ့ 100W အားသြင္းနည္းပညာသစ္အေၾကာင္း ႐ိုက္ကူးထားတဲ့ ဗြီဒီယိုကို လူမႈကြန္ရက္မွာ မွ်ေဝခဲ့ပါတယ္။ စကၠန႔္ ၄၀ သာၾကာျမင့္တဲ့ ဒီဗြီဒီယိုျပကြက္မွာ နည္းပညာသစ္ရဲ႕ လွ်င္ျမန္စြာအားသြင္းႏိုင္တဲ့ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

4,000mAh ဘက္ထရီတပ္ဆင္ထားတဲ့ စမတ္ဖုန္းကို 0% ကေန 50% အထိ အားသြင္းခ်ိန္ဟာ ၇ မိနစ္သာ ၾကာျမင့္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ က်န္ရွိေနေသးတဲ့ 50% အတြက္ အခ်ိန္ ၁၀ မိနစ္သာ ယူခဲ့ရပါတယ္။ ဒီေတာ့ 0% ကေန 100% အထိ အားသြင္းခ်ိန္စုစုေပါင္းဟာ ၁၇ မိနစ္ပဲ ၾကာျမင့္တာကို ေတြ႕ျမင္ရမွာပါ။

Xiaomi ရဲ႕ “Super Charge Turbo” အားသြင္းနည္းပညာသစ္ကို ဘယ္အခ်ိန္မွာ ဘယ္လိုပုံစံမ်ိဳးနဲ႔ ႏိုင္ငံတကာေဈးကြက္ထဲ ပို႔ေဆာင္မယ္ဆိုတာကိုေတာ့ တရားဝင္မိတ္ဆက္ခ်ိန္မွပဲ သိရမွာပါ။ ဒါေပမယ့္ သတင္းအျပည့္အစုံကိုသိရဖို႔ အခ်ိန္အၾကာႀကီး ေစာင့္စရာမလိုဘဲ တစ္ရက္ႏွစ္ရက္အတြင္း ၾကားသိရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Ref: Phone Arena

[Unicode]

4,000mAh ဘက်ထရီကို ၁၇ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားအပြည့်သွင်းနိုင်တဲ့ Xiaomi ရဲ့ Super Charge Turbo

Huawei Mate 20 Pro ဟာ 40W Super Charge ကို ထောက်ပံ့ပေးထားပါတယ်။ အလားတူပဲ OPPO Find x ကလည်း 50W SuperVOOC နဲ့ နာမည်ကျော်ပါတယ်။ အခုတော့ Xiaomi က ဒီ ကုမ္ပဏီတွေရဲ့ အမြန်အားသွင်းစနစ်ထက် နှစ်ဆပိုမြန်တဲ့ အားသွင်းစနစ်ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

100W အားသွင်းနည်းပညာကို တရုတ်နိုင်ငံတွင်းမှာပဲ စတင်ကြေညာသွားဦးမှာ ဖြစ်ပြီး “Super Charge Turbo” လို့ အမည်ပေးထားကြောင်းသိရပါတယ်။ လက်ရှိအချိန်အထိ အသေးစိတ်အချက်အလက်တွေကို မသိရှိရသေးပေမယ့် ကမ္ဘာ့အမြန်ဆုံး အားသွင်းစနစ်ဖြစ်လာနိုင်တယ်လို့တော့ ဆိုရမှာပါ။

Xiaomi ရဲ့ ပူတွဲတည်ထောင်သူလည်းဖြစ်၊ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Lin Bin ကတော့ 100W အားသွင်းနည်းပညာသစ်အကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ စက္ကန့် ၄၀ သာကြာမြင့်တဲ့ ဒီဗွီဒီယိုပြကွက်မှာ နည်းပညာသစ်ရဲ့ လျှင်မြန်စွာအားသွင်းနိုင်တဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

4,000mAh ဘက်ထရီတပ်ဆင်ထားတဲ့ စမတ်ဖုန်းကို 0% ကနေ 50% အထိ အားသွင်းချိန်ဟာ ၇ မိနစ်သာ ကြာမြင့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျန်ရှိနေသေးတဲ့ 50% အတွက် အချိန် ၁၀ မိနစ်သာ ယူခဲ့ရပါတယ်။ ဒီတော့ 0% ကနေ 100% အထိ အားသွင်းချိန်စုစုပေါင်းဟာ ၁၇ မိနစ်ပဲ ကြာမြင့်တာကို တွေ့မြင်ရမှာပါ။

Xiaomi ရဲ့ “Super Charge Turbo” အားသွင်းနည်းပညာသစ်ကို ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ နိုင်ငံတကာဈေးကွက်ထဲ ပို့ဆောင်မယ်ဆိုတာကိုတော့ တရားဝင်မိတ်ဆက်ချိန်မှပဲ သိရမှာပါ။ ဒါပေမယ့် သတင်းအပြည့်အစုံကိုသိရဖို့ အချိန်အကြာကြီး စောင့်စရာမလိုဘဲ တစ်ရက်နှစ်ရက်အတွင်း ကြားသိရမယ်လို့ မျှော်လင့်ပါတယ်။

Ref: Phone Arena