Xiaomi ရဲ့ Redmi Brand ဟာ စမတ်ဖုန်းလောကမှာ သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပြီး ၁၀ နှစ်အတွင်းမှာ စမတ်ဖုန်း အလုံးရေ ၁ ဘီလီယံ ရောင်းချနိုင်ခဲ့ပါတယ်။ Xiaomi Group ရဲ့ အရာရှိ Lu Weibing က ဒီအောင်မြင်မှုကို ဂုဏ်ယူစွာ ကြေညာလိုက်ပါတယ်။

သူဟာ Xiaomi ရဲ့ နိုင်ငံတကာဌာနမှ ဥက္ကဌနဲ့ Redmi Brand ရဲ့ အထွေထွေ မန်နေဂျာ ဖြစ်ပြီး Redmi အခုလိုအောင်မြင်အောင် အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူပါ။

Redmi celebrates 1 billion sale

Redmi ဟာ Xiaomi လက်အောက်ကနေ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ စတင် ပေါ်ပေါက်လာတာ ဖြစ်ပြီး ဈေးနှုန်းချိုသာစွာနဲ့ အရည်အသွေးမြင့် စမတ်ဖုန်းတွေကို ရောင်းချခဲ့ပါတယ်။ ဒီနည်းဗျူဟာဟာ စမတ်ဖုန်း လောကမှာ အောင်မြင်ခဲ့ပြီး Xiaomi  ဟာ ဖောက်သည်များစွာကို ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာတော့ Xiaomi ဟာ Redmi Brand ကို သီးခြား ရပ်တည်စေခဲ့ပါတယ်။

Xiaomi unveils the logo for the Redmi brand - GSMArena.com news

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ Redmi Brand ဟာ ကိုယ်ပိုင် ထုတ်ကုန် မိတ်ဆက်ပွဲ ၁ ခုကို ကျင်းပခဲ့ပြီး Xiaomi ရဲ့ လက်အောက်ကနေ ပထမဆုံး ထွက်ခွာလာနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ Redmi ဟာ ထုတ်ကုန် Series ကို တိုးချဲ့ခဲ့ပြီး စမတ်ဖုန်း လောကမှာ နေရာ တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

Redmi ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ Supply Chain Partner များစွာနဲ့ လက်တွဲနိုင်ခဲ့ပြီး စမတ်ဖုန်း လောကမှာ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Ref : gizmochina