Gaming Mouse တွေဟာ လက်ရှိအချိန်မှာ ဆော့ကစားတဲ့ဂိမ်းအပေါ်မူတည်ပြီး အမျိုးအစားအများအပြားရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က MOBA ဂိမ်းကစားတဲ့သူဆိုရင် ခလုတ်အမြောက်အများပါတဲ့ Mouse တွေ၊ ဒါမှမဟုတ် First Person Shooter ဂိမ်းဆော့တတ်တဲ့သူတွေဆိုရင် အလေးချိန်ပေါ့ပါးတဲ့ Gaming Mouse တွေဆိုပြီး မျိုးစုံထွက်ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Gaming Accessories တွေကို ထုတ်လုပ်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ XPG ကနေ တခြားသော Gaming Mouse တွေကနေ လုံးဝကွဲထွက်နေတဲ့ Concept Mouse တစ်ခုကို ပြသခဲ့ပါတယ်။ ဒါကတော့XPG Vault Gaming Mouse ပဲဖြစ်ပါတယ်။

အဆိုပါ Vault Gaming Mouse ဟာ သာမန် USB-C Wired Gaming Mouse တစ်ခုဖြစ်ပေမယ့် ထူးခြားချက်ကတော့ 1TB SSD ကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Read Speed က 985MB/s အထိရှိတဲ့အတွက် တခြားသော USB Memory Stick တွေနဲ့ ယှဥ်မယ်ဆိုရင် တော်တော်လေးကို ပိုပြီးမြန်ဆန်မှာဖြစ်ပါတယ်။

XPG ရဲ့ ပြောကြားချက်အရတော့ အဆိုပါ 1TB Storage ကို XPG Gaming Software အသုံးပြုပြီး ထိန်းချူပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Game တွေ၊ တခြားသော အရေးကြီး Data တွေကို သီးသန့် External HDD သယ်သွားစရာမလိုပဲ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ဒီလိုမျိုး SSD ပါဝင်တဲ့ XPG Vault Gaming Mouse ဟာ ထူးခြားနေပေမယ့် Concept Gaming Mouse တစ်လုံးဖြစ်တာကြောင့် တကယ်တမ်း စျေးကွက်မှာ ရောင်းချမလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။ နောက်ထပ်တစ်ချက်က စျေးနှုန်းတွေ၊ Mouse DPI ၊ အလေးချိန် စတဲ့အသေးစိတ်အချက်အလက်တွေကိုလည်း XPG က ဖော်ပြထားခြင်းမရှိပါဘူး။

Ref – Engadget