“ဈေးနှုန်းသင့်တင်မျှတပြီး အမြန်အားသွင်းစနစ်ဖြစ်သည့် HUAWEI SuperCharge နည်းပညာကို အသုံးပြုထားပြီး ကြီးမားသည့် ဘက်ထရီပမာဏ၊ သိုလှောင်မှု နှင့် ရုပ်ထွက်ပိုင်းကောင်းမွန်မှုကြောင့် စိတ်ဝင်စားမှုမြင့်မားနေသည့် HUAWEI Y7a ကို ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်ပြီဖြစ်သည့်အပြင် Year End Promotion အစီအစဉ်ဖြင့် HUAWEI Nova 7i ကို အထူးဈေးနှုန်း ၂၉၉၀၀၀ ကျပ်ဖြင့် စတင်ဝယ်ယူရရှိနိုင်ပြီလည်း ဖြစ်ပါသည်”

HUAWEI Y series စမတ်ဖုန်းအမျိုးအစားများသည် မာကျောကျစ်လစ်ပြီး ကင်မရာပိုင်းသင့်တင့်ကောင်းမွန်မှု၊၊ ဘက်စုံအသုံးပြုမှုအတွက် သင့်တော်ပြီး အကြမ်းခံနိုင်မှု စသည့် အချက်များကြောင့် မြန်မာနိုင်ငံဈေးကွက်အတွင်း နာမည်ကောင်းရပြီးသား စမတ်ဖုန်းအမျိုးအစားများဖြစ်ပါသည်။ ယခုအချိန်တွင် HUAWEI Y Series စမတ်ဖုန်းများတွင် HUAWEI SuperCharge အမြန်အားသွင်းစနစ် ပထမဆုံးပါဝင်လာသည့် အပြင် ကြီးမားကျယ်ပြန့်ပြီး FHD+ resolution အထိကြည့်ရှုခံစားနိုင်မည့် မျက်နှာပြင်၊ 48MP Quad Camera နှင့် 128GB အထိ သိုလှောင်သိမ်းဆည်းနိုင်မည့် HUAWEI Y7a ကို ငွေကျပ် ၂၄၉၀၀၀ ဖြင့် ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ စတင်ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။

ယခုတင်သွင်းရောင်းချလာသည့် HUAWEI Y7a စမတ်ဖုန်း အသစ်သည် 22.5W HUAWEI SuperCharge နည်းပညာကို အသုံးပြုလာမည့် ပထမဆုံး Y Series စမတ်ဖုန်း အမျိုးအစား ဖြစ်ပြီး အဆိုပါ HUAWEI SuperCharge နည်းပညာ ပါဝင်လာခြင်းက လက်ရှိဈေးကွက်အတွင်း ငွေကျပ် ၂သိန်းခွဲဝန်းကျင် စမတ်ဖုန်းများတွင် အမြန်ဆုံး အားပြန်လည်ဖြည့်သွင်းနိုင်မှာလည်း ဖြစ်ပြီး အဆိုပါ HUAWEI Y7a သည် ၁၀ မိနစ်ခန့် အားသွင်းရုံဖြင့် ၂ နာရီဆက်တိုက် video များကိုကြည့်ရှုနိုင်မှာဖြစ်သည့်အပြင် တစ်နာရီဝန်းကျင်အတွင်း စမတ်ဖုန်းကို အားအပြည့်သွင်းနိုင်မည်ဖြစ်၍ ယခင်ကလို ဖုန်းအားသွင်းချိန် ကြာမြင့်စွာ စောင့်စိုင်းရန်မလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါသည်။ HUAWEI Y7a တွင် 5000mAh (Typical Value) ဘက်ထရီကိုထည့်သွင်း ထုတ်လုပ်ထားပြီး ၂၃နာရီ အထိ ဗီဒီယိုများကို ဆက်တိုက်ကြည့်ရှုနိုင်မှာလည်း ဖြစ်သည်။

HUAWEI Y7a တွင် အရည်အသွေးမြင့်မားပြီး ကြည်လင်ပြတ်သားသည့် HD ပုံရိပ်များကို ရိုက်ကူးနိုင်စေရန် AI quad-camera system ဖြင့်ပွဲထွက်လာခဲ့ပြီး အဓိက main camera အဖြစ် 48MP lens ကို အသုံးပြုထားပြီး ၁၂၀ ဒီဂရီအထိ မြင်ကွင်းကျယ်များကို ရိုက်ကူးနိုင်မည့် 8MP Ultra-Wide Angle Lens ၊ 2MP Macro Lens နှင့် 2MP Bokeh Lens တို့ပါဝင်လာမှာပဲဖြစ်ပါသည်။ HUAWEI Y7a တွင် အရည်အသွေးကောင်းမွန်ပြီး ကြည်တောက်ရှင်းပုံရိပ်များကို အမြင်အာရုံသက်တောင့်သက်သာဖြင့် ကြည့်ရှုနိုင်မည့် အတွေ့အကြုံကို ယူဆောင်လာမည့် မျက်နှာပြင်ကျယ်ကျယ်လည်းပါဝင်လာမှာဖြစ်သည်။ 2400 x 1080 resolution အထိ အထောက်အပံ့ပေးနိုင်မည့် အပြင် ၆.၆၇ လက်မ အကျယ်ရှိ မျက်နှာပြင်ကျယ်ကျယ် ဖြင့် ဂိမ်းကစားခြင်းနှင့် ဗီဒီယို ကြည့်ရှုခြင်းများအတွက် အတွေ့အကြုံကောင်းများရရှိစေမှာပဲဖြစ်သည်။ HUAWEI Y7a တွင် Finger Print ကို ပါဝါခလုတ်နှင့် တွဲလျက်တပ်ဆင်ထားသော Side-mounted အမျိုးအစားကို အသုံးပြုထားပြီး လျင်မြန်စွာ ဖုန်းဖွင့်ပြီး အသုံးပြုစေနိုင်မှာလည်းဖြစ်ပါသည်။ HUAWEI Y7a တွင် 4GB RAM နှင့် 128GB Storage ပမာဏဖြင့် ရရှိမှာဖြစ်ပြီး အရောင်ရွေးချယ်စရာအနေဖြင့် Crush Green (အစိမ်းရောင်) Blush Gold (ရွှေရောင်) Midnight Black (အမဲရောင်) တို့ဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် စတင်မိတ်ဆက်သည့် အချိန်မှစ၍ ပြည်တွင်းရှိ သုံးစွဲသူပရိသတ်များအကြား စိတ်ဝင်စားမှုရေချိန်မြင့်တက်နေသည့် HUAWEI nova7i ကို လည်း ယခုအချိန်တွင် Year End Promotion အစီအစဉ်ဖြင့် ယခင် ၃၆၉၀၀၀ ကျပ်မှ ယခုအချိန်တွင် ၂၉၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါသည်။ HUAWEI Nova 7i စမတ်ဖုန်းများသည် ဂိမ်းကစားမှုနှင့် နေ့စဉ်အသုံးပြုမှု အတွက် စွမ်းဆောင်ရည်ကောင်းမွန်သည့် 7nm Chip အမျိုးအစားဖြစ်သည့် Kirin 810 SOC နှင့် အတူ 8GB RAM နှင့် 128GB Storage ၊ လျင်မြန်စွာ အားပြန်လည် ဖြည့်တင်းနိုင်မည့် 40W HUAWEI SuperCharge နည်းပညာ နှင့် အတူ 48MP Triple Qaud Camera တို့ကို အသုံးပြုထားပြီး ဈေးနှုန်းသင့်တင့်မှုတို့ကြောင့် ရေပန်းစားကျော်ကြားသည့် ဖုန်းအမျိုးအစားလည်း ဖြစ်ပါသည်။ HUAWEI nova 7i သည် 7nm နည်းပညာဖြင့် Kirin 810 chipset က ကြီးမားသော cores နှစ်ခုနှင့် core အသေးခြောက်ခုဖြင့် ဖွဲ့စည်းထားပြီး Mali-G52 GPU၊ Huawei ၏စတုတ္ထမြောက်မျိုးဆက် ISP နည်းပညာတို့ဖြင့် ထုတ်လုပ်ထားပါသည်။ Kirin Gaming+ system-level AI နည်းပညာ၊ အဆင့်မြင့်ထားသော GPU နှင့် HD game special effects တို့က အရည်အသွေးကောင်းမွန်သော၊ ကြီးမားသည့် 3D ဂိမ်းများမှ အချိန်နှင့်တပြေးညီပုံရိပ်များကိုထုတ်ပေး နိုင်သောကြောင့် ဂိမ်းကစားရာတွင် တိကျကြည်လင်ပြတ်သားသော အတွေ့အကြုံကိုရရှိမည်ဖြစ်သည်။

HUAWEI nova 7i တွင်ပါဝင်သည့် ကြီးမားသော 4200mAh ဘက်ထရီက အသုံးပြုသူတို့ တစ်နေ့တာလုံးလိုအပ်ချက်ကို အလွယ်တကူဖြည့်ဆည်းပေးနိုင်သည်။ ထို့ကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ကို ဘက်ထရီကုန်သွားမည်ကို စိတ်ပူစရာမလိုပဲ အသုံးပြုနိုင်မည် ဖြစ်သည်။ HUAWEI nova 7i တွင်ပါဝင်သည့် 40W HUAWEI SuperCharge သည် မိနစ် ၃၀ အားသွင်းရုံဖြင့် ၇၀ ရာခိုင်နှုန်းအားပြည့်စေမည်ဖြစ်ပြီး တစ်နာရီအတွင်း ၁၀၀ ရာခိုင်နှုန်းအပြည့် အားသွင်းနိုင်ပါသည်။ HUAWEI Nova 7i ကို RAM/ROM (8/128GB) version ဖြင့်ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် ငွေရောင်၊ အနက်၊ အစိမ်းရောင်နှင့် ပန်းရောင်တို့ ဖြင့်ရရှိမှာဖြစ်သည်။

အဆိုပါ HUAWEI nova 7i နှင့် HUAWEI Y7a စမတ်ဖုန်းများသည် HUAWEI Mobile Services ကိုအသုံးပြုထားပြီး နေ့စဉ်အသုံးပြုနိုင်သော Application များကို Download ရယူနိုင်ရန် HUAWEI ၏ ကိုယ်ပိုင် App Store ဖြစ်သော HUAWEI App Gallery မှတစ်ဆင့် Download ရယူအသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ ထို့အပြင်လည်း သန်းပေါင်းများစွာသော App တွေကို အလွယ်တကူရှာဖွေပြီး ဒေါင်းလုဒ်ရယူနိုင်ဖို့အတွက်လည်း Petal Search Application ကို HUAWEI App Gallery တွက် Download ရယူနိုင်ပြီဖြစ်ပါသည်။ HUAWEI Petal Search မှတစ်ဆင့်လည်း Find Apps Widget ကို ထုတ်ယူအသုံးပြုပြီး ကိုယ့်ရဲ့ဖုန်း Home Screen မှလည်း မိမိလိုအပ်သော Application များကို အချိန်ကုန်သက်သာပြီး လွယ်ကူစွာရယူနိုင်မည့် ဝန်ဆောင်မှုအသစ်ကိုလည်း ရရှိဦးမှာဖြစ်ပါသည်။

Source – HUAWEI