Samsung ဟာ အခုနောက်ပိုင်းမှာ Flagship ဖုန်းတွေမှာ Microsoft နဲ့ ပူးပေါင်းမှုတွေပြုလုပ်ခဲ့ပြီးတော့ တခြားသော Android စမတ်ဖုန်းတွေမှာရရှိခြင်းမရှိတဲ့ Feature တွေကိုပါ ရရှိနေတာဖြစ်ပါတယ်။ အဆိုပါ Feature တွေထဲမှာ Microsoft ရဲ့ Your Phone App နဲ့တွဲဖက်ပြီး အသုံးပြုရတဲ့ Link To Windows Feature လည်းပါဝင်ပါတယ်။

အခုလည်း Samsung ကနေ အဆိုပါ Link To Windows Feature ကိုမှ နောက်ထပ်အသုံးဝင်တဲ့ Feature တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။ ဒါကတော့ Windows 10 PC နဲ့ Samsung ဖုန်းတွေကြားမှာ ဘာ Cable မှ ချိတ်နေစရာမလိုအပ်ဘဲ File တွေကို Drag & Drop ပြုလုပ်ရုံနဲ့ Transfer ပြုလုပ်နိုင်တဲ့ Feature ကို ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။

ဒီလိုမျိုး Drag & Drop File Transfer Feature ကို အသုံးပြုနိုင်ဖို့အတွက်ကတော့ Link To Windows Version 1.5 နဲ့အထက်ရှိဖို့လိုအပ်မှာဖြစ်ပြီး Flagship Samsung ဖုန်းတွေဖြစ်တဲ့ Galaxy Note 9 ၊ Note 10 ၊ S9 ၊ S10 နဲ့ S20 Series ဖုန်းတွေကတော့ ကျိန်းသေအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Support ပြုလုပ်မယ့် Device တွေကိုတော့ အောက်မှာကြည့်ရှုနိုင်မှာပါ။

အခုလိုမျိုး Drag & Drop ပြုလုပ်ပြီး File Transfer ပြုလုပ်မယ်ဆိုရင် တစ်ကြိမ်ကို File အရေအတွက် ၁၀၀ ထက် ပိုလို့ရမှာမဟုတ်သလို File Size အနေနဲ့လည်း File တစ်ခုစီမှာ 512MB ထက်ပိုလို့ရမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း သာမန်လူတွေအတွက်ကတော့ လုံလောက်တာထက်တောင်ပိုနေတဲ့ပမာဏလို့ ပြောရမှာပါ။

အသုံးပြုရမယ့်ပုံစံကတော့ Windows PC မှာရှိတဲ့ Your Phone App – Phone Screen – My Files ကနေ သို့မဟုတ် Samsung ဖုန်းမှာရှိတဲ့ Gallery App သို့မဟုတ် My Files App ကနေတစ်ဆင့် Copy ပြုလုပ်ချင်တဲ့ File ကို Select မှတ်ပြီး Drag & Drop ပြုလုပ်ရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ဖုန်းတွေအသုံးပြုသူတွေအနေနဲ့ ဒီလိုမျိုး အသုံးဝင်တဲ့ Feature အသစ်ရရှိလာတာကတော့ တော်တော်လေးကို မိုက်တယ်လို့ ပြောရမှာပါ။

Ref – Android Authority