အခုမှ ကားမောင်းစတက်ခါစဆိုရင် ကားပါကင်ထိုးရတာ ခက်ခဲပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်မှာထွက်မယ့် Audi A8 ကားကတော့ ဒီပြဿနာကို ဖြေရှင်းထားပါတယ်။ ဒါကတော့ ကားကို စမတ်ဖုန်းနဲ့ စေခိုင်းပြီး သူ့ဘာသာသူ ကားပါကင်ထိုးနိုင်အောင် ဖန်တီးထားပါတယ်။

ကားပါကင် ဘယ်လို ပုံစံဘဲဖြစ်ဖြစ် သူ့ဘာသာ အဆင်ပြေ ထိုးနိုင်အောင် ပြုလုပ်ထားတာပါ။

ဒါကြောင့် ကိုယ်သွားချင်တဲ့နေရာ ရောက်ပြီဆိုရင် ပါကင်အလွယ်အရှေ့မှာ ကားကိုရပ်လိုက်ရုံပါဘဲ။ ကားပါကင်ထိုးတဲ့အချိန်မှာတောင် ကားပေါ်မှာရှိနေဖို့ မလိုပါဘူး။ သိပ္ပံရုပ်ရှင်ကားတွေထဲကလို စမတ်ဖုန်းနဲ့ အချက်ပေးပြီး ထိုးခိုင်းလိုက်ရုံပါဘဲ။

ကားတွေပိတ်ဆို့နေရင်

ကားတွေပိတ်ဆို့နေရင် ကားမောင်းရတာပင်ပန်းပါတယ်။ ဒီအတွက်လည်း Audi မှာ Audi Al Traffic Jam Pilot စနစ်နဲ့ ဖြေရှင်းထားပါတယ်။

အဲ့ဒီစနစ်နဲ့ဆိုရင် ကားစတီယာတိုင်၊ ကားအရှိန်၊ ဘရိတ်တို့ကို အလိုအလျောက် ထိန်းချုပ်မှာဖြစ်ပါတယ်။ အဲ့ဒီအပြင်ကားမှာ ရေဒါစနစ်၊ Ultransonic နဲ့ လေဆာ ဆင်ဆာတို့လည်း ပါဝင်တာကြောင့် အလိုအလျောက် ထိန်းချုပ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

အမြန်လမ်းလိုပုံစံမျိုး (Freeways) မှာဆိုရင် အလိုအလျောက်မောင်းနှင်မှုက တစ်နာရီကို ၃၇ မိုင် အထိ မောင်းနှင်ပေးပါတယ်။ အဲ့ဒီအပြင် ကားလမ်းပေါ်မှာရှိတဲ့ အတားအဆီးတွေကိုလည်း အလိုအလျောက် ရှောင်ကြဉ်ပေးပါတယ်။

အဲ့ဒီအပြင် တခြားသော စွမ်းဆောင်ရည်မြင့် စနစ်တွေလည်း ပါဝင်ပါတယ်။ ၂၀၁၇ ခုနှစ်အကုန်မှာ Audi A8 ကို ဂျာမနီနိုင်ငံမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။အမေရိကန်ဒေါ်လာ ၈ သောင်းကျော်နဲ့ စက်တင်ဘာလကနေ စတင်ပြီး အော်ဒါတွေလက်ခံတော့မှာဖြစ်ပါတယ်။