[Zawgyi]

ရာသီဥတု ဆိုင္ရာ သိပၸံပညာရွင္မ်ားရဲ႕ အဓိက စိန္ေခၚမႈက တစ္ကမာၻလံုးနဲ႔ ပတ္သက္တဲ့ ရာသီဥတု ေဒတာမ်ားကို ေကာက္ယူစုေဆာင္းရတာ ျဖစ္ပါတယ္။ ကမာၻ႕ တစ္ေနရာနဲ႔ တစ္ေနရာမွာ ရာသီဥတုမ်ားဟာ မတူညီၾကပါဘူး။ သုေတသနပညာရွင္မ်ားဟာ ရာသီဥတု အေျခအေန ပံုစံမ်ားကို တစ္ေနရာထဲကေန ရယူလို႔ မရပါဘူး။

အခုေတာ့ ဂ်ပန္မွ တိုက်ိဳ တကၠသိုလ္ရဲ႕ Institute of Industrial Science မွ ရာသီဥတု သိပၸံပညာရွင္ တစ္ဦးက ရာသီဥတု ေဒတာမ်ားကို စုေဆာင္းႏုိင္မယ့္ အိုင္ဒီယာတစ္ခုကို မိတ္ဆက္လိုက္ပါတယ္။ သူကေတာ့ Dr. Noam David ျဖစ္ၿပီး ရာသီဥတု ေဒတာမ်ားကို ေကာက္ယူဖို႔ စမတ္ဖုန္းနဲ႔ Internet of Things (IoT) Devices မ်ားကို အသံုးျပဳဖို႔ အၾကံျပဳလုိက္ပါတယ္။

အပူခ်ိန္နဲ႔ ေရေငြ႕စိုထိုင္းမႈမ်ားကို တိုင္းတာတဲ့ ကိရိယာမ်ားဟာ ေစ်းႀကီးၿပီး ရွားပါးပါတယ္။ အဲဒီ ကိရိယာမ်ားဟာ တိက်မႈ အပိုင္းမွာ အလြန္ ေကာင္းမြန္ေပမယ့္ ဧရိယာ အနည္းငယ္ကိုသာ တိုင္းတာတြက္ခ်က္ေပးႏုိင္ပါတယ္။ ၿဂိဳလ္တုမ်ားကေတာ့ က်ယ္၀န္းတဲ့ ဧရိယာမ်ားကို တိုင္းတာေပးႏိုင္ေပမယ့္ တိက်မႈက အားနည္းပါတယ္။

IoT Devices မ်ားကိုေတာ့ ကမာၻအ၀န္းမွာ အသံုးျပဳေနၾကတဲ့ အတြက္ သတင္းအခ်က္အလက္မ်ား စုေဆာင္းဖို႔ က်ယ္ျပန္႔တဲ့ ကြန္ရက္ ရွိပါတယ္။ ဥပမာအားျဖင့္ ေနအိမ္လံုျခံဳေရး ကင္မရာမ်ားဟာ ေလထုထဲမွ အမႈန္အမႊားမ်ားကို တိုင္းတာေပးႏုိင္ပါတယ္။ ကားရဲ႕ Wipers မ်ားကလည္း မိုးေရ ပမာဏကို တြက္ခ်က္ေပးႏိုင္ပါတယ္။ စမတ္ဖုန္းမွ ဆန္ဆာမ်ားက အပူခ်ိန္၊ ေလထု အရည္အေသြး ၊ ေလထုဖိအားတို႔လို ေဒတာမ်ားကို ေကာက္ယူေပးႏုိင္ပါတယ္။ စမတ္ဖုန္းမ်ားဟာ မုန္တိုင္း၊ ေတာမီးမ်ားလို သဘာ၀ ေဘးအႏၱရာယ္မ်ားကို ႀကိဳတင္ခန္႔မွန္းႏိုင္ဖို႔ အလြန္ကို အသံုး၀င္လာမယ္လို႔ သုေတသနပညာရွင္က ေျပာပါတယ္။

Ref : digitaltrends

[Unicode]

စမတ်ဖုန်းများက သဘာဝဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းရာမှာ အသုံးဝင်လာမည်

ရာသီဥတု ဆိုင်ရာ သိပ္ပံပညာရှင်များရဲ့ အဓိက စိန်ခေါ်မှုက တစ်ကမ္ဘာလုံးနဲ့ ပတ်သက်တဲ့ ရာသီဥတု ဒေတာများကို ကောက်ယူစုဆောင်းရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ တစ်နေရာနဲ့ တစ်နေရာမှာ ရာသီဥတုများဟာ မတူညီကြပါဘူး။ သုတေသနပညာရှင်များဟာ ရာသီဥတု အခြေအနေ ပုံစံများကို တစ်နေရာထဲကနေ ရယူလို့ မရပါဘူး။

အခုတော့ ဂျပန်မှ တိုကျို တက္ကသိုလ်ရဲ့ Institute of Industrial Science မှ ရာသီဥတု သိပ္ပံပညာရှင် တစ်ဦးက ရာသီဥတု ဒေတာများကို စုဆောင်းနိုင်မယ့် အိုင်ဒီယာတစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ သူကတော့ Dr. Noam David ဖြစ်ပြီး ရာသီဥတု ဒေတာများကို ကောက်ယူဖို့ စမတ်ဖုန်းနဲ့ Internet of Things (IoT) Devices များကို အသုံးပြုဖို့ အကြံပြုလိုက်ပါတယ်။

အပူချိန်နဲ့ ရေငွေ့စိုထိုင်းမှုများကို တိုင်းတာတဲ့ ကိရိယာများဟာ ဈေးကြီးပြီး ရှားပါးပါတယ်။ အဲဒီ ကိရိယာများဟာ တိကျမှု အပိုင်းမှာ အလွန် ကောင်းမွန်ပေမယ့် ဧရိယာ အနည်းငယ်ကိုသာ တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။ ဂြိုလ်တုများကတော့ ကျယ်ဝန်းတဲ့ ဧရိယာများကို တိုင်းတာပေးနိုင်ပေမယ့် တိကျမှုက အားနည်းပါတယ်။

IoT Devices များကိုတော့ ကမ္ဘာအဝန်းမှာ အသုံးပြုနေကြတဲ့ အတွက် သတင်းအချက်အလက်များ စုဆောင်းဖို့ ကျယ်ပြန့်တဲ့ ကွန်ရက် ရှိပါတယ်။ ဥပမာအားဖြင့် နေအိမ်လုံခြုံရေး ကင်မရာများဟာ လေထုထဲမှ အမှုန်အမွှားများကို တိုင်းတာပေးနိုင်ပါတယ်။ ကားရဲ့ Wipers များကလည်း မိုးရေ ပမာဏကို တွက်ချက်ပေးနိုင်ပါတယ်။ စမတ်ဖုန်းမှ ဆန်ဆာများက အပူချိန်၊ လေထု အရည်အသွေး ၊ လေထုဖိအားတို့လို ဒေတာများကို ကောက်ယူပေးနိုင်ပါတယ်။ စမတ်ဖုန်းများဟာ မုန်တိုင်း၊ တောမီးများလို သဘာ၀ ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းနိုင်ဖို့ အလွန်ကို အသုံးဝင်လာမယ်လို့ သုတေသနပညာရှင်က ပြောပါတယ်။

Ref : digitaltrends