Non-fungible Token တဖြစ်လဲ NFT တွေဟာ လက်ရှိနည်းပညာခေတ်ထဲမှာ ရေပန်းအစားဆုံး စကားလုံးဖြစ်လာတယ်ဆိုရင်လည်း မမှားပါဘူး။ မကြာခင်မှာ Metaverse လိုမျိုး နည်းပညာတွေလည်း ရေပန်းစားလာနိုင်တဲ့အတွက် နည်းပညာကုမ္ပဏီတွေတင်မဟုတ်ဘဲ တခြားသော Industry ထဲက ကုမ္ပဏီတွေကပါ NFT ကို စတင်စမ်းသပ်နေကြပြီဖြစ်ပါတယ်။

အခုလည်း လူသုံးအများဆုံး Video Platform ဖြစ်တဲ့ YouTube ကလည်း မကြာခင်မှာ NFT တွေကို မိတ်ဆက်လာဖွယ်ရှိနေပါပြီ။ ဘာကြောင့်လဲဆိုရင် YouTube CEO ဖြစ်တဲ့ Susan Wojcicki ကနေ NFT တွေကို Creator တွေအတွက် နောက်ထပ်ဝင်ငွေရရှိနိုင်မယ့်နည်းလမ်းတစ်ခုအနေနဲ့ အသုံးချနိုင်ဖို့ကို ရှာဖွေနေတယ်ဆိုပြီး ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။

အသေးစိတ်အနေနဲ့ကတော့ YouTube ဟာ လက်ရှိထွက်ပေါ်လာတဲ့ နည်းပညာတွေကို အသုံးချပြီး Gaming နဲ့ Shopping ပိုင်းမှာ Creator တွေကို Support ပေးနိုင်ဖို့ကို ရည်ရွယ်သွားမှာဖြစ်ပါတယ်။ ဒါဟာ Crypto ၊ Decentralized Autonomous Organizations (DAOs) တွေနဲ့ NFT တွေ ပါဝင်မှာဖြစ်ပါတယ်။

YouTube က အခုလိုမျိုး ပြောကြားခဲ့ပေမယ့်လည်း ဘယ်အချိန်မှာ NFT တွေနဲ့ ပတ်သက်ပြီး စတင်ဆောင်ရွက်သွားမလဲဆိုတာကိုတော့ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပါဘူး။ မကြာသေးခင်တုန်းကလည်း Twitter ကနေ ကိုယ်ပိုင်ဆိုင်တဲ့ NFT တွေကို Hexagonal Profile Photo အနေနဲ့ ပြောင်းလဲနိုင်မယ့် Feature တစ်ခုကို ထုတ်ပေးခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် YouTube ကသာ NFT ထဲကို ဝင်ရောက်လာမယ်ဆိုရင် NFT စျေးကွက်ဟာ ယခုထက်ပိုပြီး ကျယ်ပြန့်လာဖို့ ကျိန်းသေနေပါပြီ။

Ref – The Verge