Unicode

YouTube ဟာ လူသိအများဆုံး Video ပလက်ဖောင်းတစ်ခုဖြစ်ပေမယ့် Video Game Streaming ဝန်ဆောင်မှုမှာတော့ Twitch, Mixer တို့မဆိုနဲ့ Facebook ကိုတောင် မကျော်တက်နိုင်သေးပါဘူး။ ဒါပေမယ့် ယခုအခါ Activision Blizzard နဲ့ သဘောတူညီမှုရခဲ့တဲ့ တစ်ဦးတည်းမူပိုင်ထုတ်လွှင့်ခွင့်ကြောင့် အခြား Streaming ပလက်ဖောင်းတွေကို အသာရရှိခဲ့တယ်လို့ ဆိုရမှာပါ။

Activision Blizzard ရဲ့အမှတ်တံဆိပ်အောက်မှာ Overwatch, Call of Duty နဲ့ Hearthstone တို့လို Esports ဂိမ်းတွေ ရှိနေပြီး လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဒီဂိမ်းတွေရဲ့ ယှဉ်ပြိုင်မှုအားလုံးကို YouTube ပလက်ဖောင်းတစ်ခုထဲ ပေါ်မှာပဲ တရားဝင်ထုတ်လွှင့်သွားတော့မှာဖြစ်ပါတယ်။ ဒါတင်မကဘဲ ဒီသဘောတူညီမှုမှာ အဆိုပါဂိမ်းတွေအားလုံးအတွက် Google Cloud ကိုပဲ Hosting Infra အဖြစ် သုံးစွဲသွားဖို့လည်း ပါဝင်ခဲ့ပါတယ်။

ဒီသဘောတူညီချက်ဟာ YouTube အပါအဝင် Google ဝန်ဆောင်မှုများကို ပိတ်ဆို့ထားတဲ့ တရုတ်နိုင်ငံအတွင်းမှာတော့ အသက်ဝင်မှာမဟုတ်ပါဘူး။ Call of Duty, Overwatch အစရှိတဲ့ ဂိမ်းတွေရဲ့ တရားဝင်ပြိုင်ပွဲကြီးတွေကို သူတို့ရဲ့ YouTube Channel အသီးသီးမှာသာ တရားဝင် Stream သွားတော့မှာဖြစ်သလို အခြား အထူး Content တွေလည်း ပါဝင်ပါတယ်။

“ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ဟာ Activision Blizzard နဲ့အတူ မိုဘိုင်းဂိမ်းအချို့မှာ အနီးကပ် လက်တွဲဆောင်ရွက်ခဲ့ဖူးပြီး အခုသဘောတူညီမှုကြောင့် ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ လူသိအများဆုံး ဂိမ်းထုတ်လုပ်သူ တစ်ယောက်ကို ကူညီရင်း ကျွန်တော်တို့ကြားက ဆက်ဆံရေးကို တိုးမြှင့်နိုင်တော့မှာပါ” လို့ Google Cloud ရဲ့ Gaming ဌာနအကြီးအကဲ Sunil Rayan က ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ခေတ်စားလာခဲ့တဲ့ Overwatch ဂိမ်းရဲ့ ပထမဆုံး Season နှစ်ခုမှာ Activision Blizzard ဟာ Twitch နဲ့လက်တွဲပြီး ထုတ်လွှင့်ခဲ့ပါတယ်။

Ref – ONE Esports

Zawgyi

YouTube ဟာ လူသိအမ်ားဆုံး Video ပလက္ေဖာင္းတစ္ခုျဖစ္ေပမယ့္ Video Game Streaming ဝန္ေဆာင္မႈမွာေတာ့ Twitch, Mixer တုိ႔မဆုိနဲ႔ Facebook ကိုေတာင္ မေက်ာ္တက္ႏုိင္ေသးပါဘူး။ ဒါေပမယ့္ ယခုအခါ Activision Blizzard နဲ႔ သေဘာတူညီမႈရခဲ့တဲ့ တစ္ဦးတည္းမူပုိင္ထုတ္လႊင့္ခြင့္ေၾကာင့္ အျခား Streaming ပလက္ေဖာင္းေတြကို အသာရရွိခဲ့တယ္လုိ႔ ဆုိရမွာပါ။

Activision Blizzard ရဲ႕အမွတ္တံဆိပ္ေအာက္မွာ Overwatch, Call of Duty နဲ႔ Hearthstone တုိ႔လို Esports ဂိမ္းေတြ ရွိေနၿပီး လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ ဒီဂိမ္းေတြရဲ႕ ယွဥ္ၿပိဳင္မႈအားလုံးကို YouTube ပလက္ေဖာင္းတစ္ခုထဲ ေပၚမွာပဲ တရားဝင္ထုတ္လႊင့္သြားေတာ့မွာျဖစ္ပါတယ္။ ဒါတင္မကဘဲ ဒီသေဘာတူညီမႈမွာ အဆုိပါဂိမ္းေတြအားလုံးအတြက္ Google Cloud ကိုပဲ Hosting Infra အျဖစ္ သုံးစြဲသြားဖို႔လည္း ပါဝင္ခဲ့ပါတယ္။

ဒီသေဘာတူညီခ်က္ဟာ YouTube အပါအဝင္ Google ဝန္ေဆာင္မႈမ်ားကို ပိတ္ဆုိ႔ထားတဲ့ တရုတ္ႏုိင္ငံအတြင္းမွာေတာ့ အသက္ဝင္မွာမဟုတ္ပါဘူး။ Call of Duty, Overwatch အစရွိတဲ့ ဂိမ္းေတြရဲ႕ တရားဝင္ၿပိဳင္ပြဲႀကီးေတြကုိ သူတုိ႔ရဲ႕ YouTube Channel အသီးသီးမွာသာ တရားဝင္ Stream သြားေတာ့မွာျဖစ္သလို အျခား အထူး Content ေတြလည္း ပါဝင္ပါတယ္။

“ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ကၽြန္ေတာ္တုိ႔ဟာ Activision Blizzard နဲ႔အတူ မုိဘုိင္းဂိမ္းအခ်ဳိ႕မွာ အနီးကပ္ လက္တြဲေဆာင္ရြက္ခဲ့ဖူးၿပီး အခုသေဘာတူညီမႈေၾကာင့္ ကမာၻေပၚမွာ အႀကီးဆုံးနဲ႔ လူသိအမ်ားဆုံး ဂိမ္းထုတ္လုပ္သူ တစ္ေယာက္ကို ကူညီရင္း ကၽြန္ေတာ္တုိ႔ၾကားက ဆက္ဆံေရးကို တုိးျမွင့္ႏုိင္ေတာ့မွာပါ” လို႔ Google Cloud ရဲ႕ Gaming ဌာနအႀကီးအကဲ Sunil Rayan က ဆုိပါတယ္။

လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ေခတ္စားလာခဲ့တဲ့ Overwatch ဂိမ္းရဲ႕ ပထမဆုံး Season ႏွစ္ခုမွာ Activision Blizzard ဟာ Twitch နဲ႔လက္တြဲၿပီး ထုတ္လႊင့္ခဲ့ပါတယ္။

Ref – ONE Esports