YouTube မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူကြိုက်များမယ့် Content ကောင်းကောင်းတွေတင်ပြီး ကြည့်ရှုတဲ့ အကြိမ်အရေအတွက် ဘီလီယမ်နဲ့ချီပြီးရှိရင် သင်ဟာ သန်းကြွယ်သူဌေး ဖြစ်သွားနိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း YouTube ကနေ ဒေါ်လာ သန်းနဲ့ချီပြီး ဝင်ငွေရနေတဲ့ Content Creator  များစွာ ရှိပါတယ်။ အခုလည်း Forbes က ၂၀၂၁ ခုနှစ်အတွင်း YouTube မှာ ဝင်ငွေအများဆုံး Content Creator ၁၀ ယောက် စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

YouTube မှာ MrBeast လို့ လူသိများတဲ့ အသက် ၂၃ နှစ်အရွယ် Jimmy Donaldson ဟာ ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၅၄ သန်းနဲ့ ဝင်ငွေအများဆုံး ဖြစ်လာပြီး သူ့ရဲ့ ဗီဒီယိုတွေကို ကြည့်ရှုတဲ့ အရေအတွက်ဟာ ၁၀ ဘီလီယမ်ကျော် ရှိပါတယ်။ ဝင်ငွေအများဆုံး ၁၀ ယောက်စာရင်းမှာ ဘယ်သူတွေပါသလဲ ဆိုတာ ဆက်လက်လေ့လာကြည့်ရအောင်။

၁၀။ Preston Arsement

Preston Arsement ဟာ Minecraft ကို အဓိက ထားတဲ့ ဗီဒီယိုတွေနဲ့ Community ၁ ခုကို အောင်မြင်စွာ တည်ထောင်ထားတဲ့ သူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၁၆ သန်းရခဲ့ပါတယ်။

၉။ Logan Paul

လက်ဝှေ့သမားနဲ့ Vlogger ၁ ယောက် ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၁၈ သန်း ဝင်ငွေရခဲ့ပါတယ်။

၈။ Dude Perfect

လူတွေကို နောက်ပြောင်တဲ့ Prankster ဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ သန်း ၂၀ ရှာနိုင်ခဲ့ပါတယ်။

၇။ Ryan Kaji

Ryan's World YouTube art.

ကမ္ဘာမှာ နာမည်အကြီးဆုံး ကလေး ကစားစရာ အရုပ် လေ့လာဆန်းစစ်သူ ကလေးငယ်ဟာ ဒေါ်လာ ၂၇ သန်း ရခဲ့ပါတယ်။

၆။ Nastya

Seven-year-old Nastya is the only female in the top 10

အသက် ၇ နှစ်အရွယ် ရုရှား ကလေးငယ်ဟာ အရုပ်တွေကို Unbox လုပ်တဲ့ ဗီဒီယိုတွေနဲ့ စတင်ခဲ့ပြီး အခုတော့ သီချင်းအပြင် တခြား ဗီဒီယိုတွေနဲ့ပါ ကမ္ဘာအဝန်းက ကလေးတွေကို စွဲဆောင်နိုင်ခဲ့ကာ ဒေါ်လာ ၂၈ သန်း ရှာနိုင်ခဲ့ပါတယ်။

၅။ Unspeakable

Minecraft ကစားသမား ၁ ယောက် ဖြစ်ပြီး ဒေါ်လာ ၂၈.၅ သန်း ဝင်ငွေရခဲ့ပါတယ်။

၄။ Rhett and Link

Good Mythical Morning အမည်ရ Geek Chat Show ကို တည်ထောင်ထားပြီး ဒေါ်လာ သန်း ၃၀ ရှာနိုင်ခဲ့ပါတယ်။

၃။ Markiplier

ဂိမ်း Creator ၁ ယောက် ဖြစ်ပြီး ဒေါ်လာ ၃၈ သန်း ရခဲ့ပါတယ်။

၂။ Jake Paul

Jake Paul (left)

Jake Paul ဟာ လက်ဝှေ့ သမား ၁ ယောက် ဖြစ်ပြီး UFC က နာမည်ကျော်တွေနဲ့ထိုးသတ်ခဲ့တဲ့အတွက် လူကြိုက်များကာ ဒေါ်လာ ၄၅ သန်း ဝင်ငွေရခဲ့ပါတယ်။

၁။ MrBeast

YouTube မှာ ဝင်ငွေအကောင်းဆုံး MrBeast ဟာ စတန့်နဲ့ နောက်ပြောင်မှုတွေကနေ သူ့ Fans တွေကို စိတ်ပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ Netflix ရဲ့ နာမည်ကြီး Squid Game ပုံစံတူ Show ၊ လူ ၈ သောင်းဆန့်တဲ့ အားကစားကွင်းမှာ တူတူပုန်းတမ်း ကစားတာနဲ့ မြေအောက်မှာ နာရီပေါင်း ၅၀ ကြာ မြှပ်နှံခံတာတို့လို အရာတွေကို ပြုလုပ်ပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၅၄ သန်းနဲ့ ဝင်ငွေ အများဆုံး ဖြစ်ခဲ့ပါတယ်။

Ref : bbc