Zawgyi

Camera နဲ႔ရင္းႏွီးေနတဲ့သူေတြဆိုရင္ နာမည္ၾကီး အရည္အေသြးျမင့္ Lens Maker တဲ့ Zeiss ကို ရင္းႏွီးျပီးျဖစ္မွာပါ။ အခုအခ်ိန္မွာေတာ့ အဆုိပါ Zeiss ကုမၸဏီနဲ႔ President ျဖစ္တဲ့ Dr. Michael Kaschke ကေန စမတ္ဖုန္းေတြရဲ႕ Camera ေတြအေပၚကို ေဝဖန္မႈတစ္ခုျပဳလုပ္ခဲ့ပါတယ္။

ဒါကေတာ့ စမတ္ဖုန္းကင္မရာေတြက ဘယ္လုိပဲ တုိးတက္လာပေစ Hardware ပိုင္းမွာ Limit ရွိေနမွာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့တာပါ။ ဒါ့အျပင္ အခုလုိမ်ိဳး Limit ရွိေနေပမယ့္ Digital Processing ပိုင္းေပၚမႈတည္ျပီးေတာ့ ရလဒ္ေတြက ကြဲျပားသြားႏုိင္ေသးတယ္လုိ႔ ေျပာခဲ့တာပါ။ အခုလုိမ်ိဳးေျပာၾကားခ်က္ကုိ Dr. Michael Kaschke က India ႏုိင္ငံက Museo Camera Photography Museum မွာရွိတဲ့ Zeiss Camera Lenses Experience Zone ဖြင့္ပြဲမွာေျပာၾကားခဲ့တာျဖစ္ပါတယ္။

သူ႕ရဲ႕ ေျပာၾကားခ်က္အရေတာ့ Google Pixel လုိမ်ိဳး Software Processing ကို ဦးစားေပးတဲ့ စမတ္ဖုန္းေတြက Hardware ပိုင္းသာမန္အဆင့္ေပမယ့္ အရည္အေသြးေကာင္းတဲ့ ဓါတ္ပံုေတြကို ရုိက္ကူးႏုိင္တာျဖစ္တယ္လုိ႔ ယူဆရပါတယ္။ ဒါေပမယ့္လည္း စမတ္ဖုန္းကင္မရာေတြက ၂ ေနရာမွာေတာ့ အားနည္းေနဦးမွာျဖစ္တယ္လုိ႔ သိရပါတယ္။ ဒါက Low Light ဓါတ္ပံုေတြရုိက္ကူးတဲ့ေနရာမွာနဲ႔ Zoom လုိမ်ိဳး Telescope Lens ပိုင္းမွာ အားနည္းတာပဲျဖစ္ပါတယ္။

ဒါ့အျပင္ လက္ရွိ Samsung ကေန ေနာက္ဆံုးမိတ္ဆက္ထားခဲ့တဲ့ 64MP Camera Sensor ေတြက အသံုးမဝင္တဲ့ အပိုသတ္သတ္ပဲျဖစ္ျပီးေတာ့ 40MP Sensor ေတာင္မွ လံုေလာက္တာထက္ပိုေနျပီလုိ႔ ေျပာခဲ့တာျဖစ္ပါတယ္။ သူ႕ရဲ႕ ေျပာၾကားခ်က္အရေတာ့ စမတ္ဖုန္းေတြက အရြယ္အစားေသးငယ္တဲ့အတြက္ အေျခအေနတစ္ခုမွာေတာ့ Professional Camera ေတြကို လုိအပ္ေနမွာပဲျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ဒီလုိမ်ိဳး စမတ္ဖုန္းကင္မရာေတြကို ေဝဖန္သြားေပမယ့္လည္း Zeiss ကေန Nokia ဖုန္းေတြအတြက္ HMD Global ကို Lens ေတြဆက္လက္ေထာက္ပံ့ေပးသြားဦးမွာျဖစ္တယ္လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။ လက္ရွိ Nokia 9 PureView ဖုန္းမွာ သံုးထားတဲ့ Zeiss Lens ေတြကလည္း လက္ရွိဖုန္းေတြထဲမွာ အေကာင္းဆံုး Optics Lens ေတြျဖစ္တယ္ဆုိျပီးလည္း ေျပာသြားခဲ့ပါေသးတယ္။

Ref – Phone Arena

Unicode

Camera နဲ့ရင်းနှီးနေတဲ့သူတွေဆိုရင် နာမည်ကြီး အရည်အသွေးမြင့်တဲ့ Lens Maker တစ်ခုဖြစ်တဲ့ Zeiss ကို ရင်းနှီးပြီးဖြစ်မှာပါ။ အခုအချိန်မှာတော့ အဆိုပါ Zeiss ကုမ္ပဏီနဲ့ President ဖြစ်တဲ့ Dr. Michael Kaschke ကနေ စမတ်ဖုန်းတွေရဲ့ Camera တွေအပေါ်ကို ဝေဖန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ စမတ်ဖုန်းကင်မရာတွေက ဘယ်လိုပဲ တိုးတက်လာပစေ Hardware ပိုင်းမှာ Limit ရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။ ဒါ့အပြင် အခုလိုမျိုး Limit ရှိနေပေမယ့် Digital Processing ပိုင်းပေါ်မှုတည်ပြီးတော့ ရလဒ်တွေက ကွဲပြားသွားနိုင်သေးတယ်လို့ ပြောခဲ့တာပါ။ အခုလိုမျိုးပြောကြားချက်ကို Dr. Michael Kaschke က India နိုင်ငံက Museo Camera Photography Museum မှာရှိတဲ့ Zeiss Camera Lenses Experience Zone ဖွင့်ပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရတော့ Google Pixel လိုမျိုး Software Processing ကို ဦးစားပေးတဲ့ စမတ်ဖုန်းတွေက Hardware ပိုင်းသာမန်အဆင့်ပေမယ့် အရည်အသွေးကောင်းတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်တာဖြစ်တယ်လို့ သိရပြီးတော့ ဒါပေမယ့်လည်း စမတ်ဖုန်းကင်မရာတွေက ၂ နေရာမှာတော့ အားနည်းနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါက Low Light ဓါတ်ပုံတွေရိုက်ကူးတဲ့နေရာမှာနဲ့ Zoom လိုမျိုး Telescope Lens ပိုင်းမှာ အားနည်းတာပဲဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ Samsung ကနေ နောက်ဆုံးမိတ်ဆက်ထားခဲ့တဲ့ 64MP Camera Sensor တွေက အသုံးမဝင်တဲ့ အပိုသတ်သတ်ပဲဖြစ်ပြီးတော့ 40MP Sensor တောင်မှ လုံလောက်တာထက်ပိုနေပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ စမတ်ဖုန်းတွေက အရွယ်အစားသေးငယ်တဲ့အတွက် အခြေအနေတစ်ခုမှာတော့ Professional Camera တွေကို လိုအပ်နေမှာပဲဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီလိုမျိုး စမတ်ဖုန်းကင်မရာတွေကို ဝေဖန်သွားပေမယ့်လည်း Zeiss ကနေ Nokia ဖုန်းတွေအတွက် HMD Global ကို Lens တွေဆက်လက်ထောက်ပံ့ပေးသွားဦးမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိ Nokia 9 PureView ဖုန်းမှာ သုံးထားတဲ့ Zeiss Lens တွေကလည်း လက်ရှိဖုန်းတွေထဲမှာ အကောင်းဆုံး Optics Lens တွေဖြစ်တယ်ဆိုပြီးလည်း ပြောသွားခဲ့ပါသေးတယ်။

Ref – Phone Arena