ZTE Axon 11 5G ဖုန်းသစ်ဟာ လာမယ့်မတ်လ ၂၃ ရက်နေ့မှာ မိတ်ဆက်လာမှာဖြစ်ပြီး Flagship အဆင့် ဖြစ်တာကြောင့် သူများတွေလို Snapdragon 865 ချစ်ပ်ဆက်နဲ့ ထွက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့် ဒီဖုန်းကို မနေ့က Geekbench မှာမြင်တွေ့ခဲ့ရပြီးနောက် သူ့ကိုဦးဆောင်လာတာက Mid-range ချစ်ပ်ဆက်တစ်ခုသာ ဖြစ်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် တရုတ်ပြည်တွင်းက Tipster တွေရဲ့ ပြောစကားဟာ မှန်ကန်ပုံရပြီး ZTE Axon 11 5G ဖုန်းသစ်မှာ Snapdragon 765G ချစ်ပ်ဆက်ကိုသာ တွေ့ရဖွယ်ရှိပါတယ်။

အဆိုပါ သတင်းရင်းမြစ်ကပဲ Axon 11 5G ဖုန်းမှာ 6.6” လက်မအရွယ် FullHD+ Resolution နဲ့ 60Hz Refresh Rate ပါတဲ့ Display ကို သုံးစွဲလာမယ်လို့ ဆိုထားပါတယ်။ ယခင်က မြင်ခဲ့ရတဲ့ Leak ဓါတ်ပုံမှာတော့ အဲဒီ Display မှာ Waterdrop Notch ဒီဇိုင်းကို မြင်ခဲ့ရပါတယ်။

Leak ပုံရိပ်ထဲမှာတော့ ဒီဖုန်းရဲ့နောက်ကျောက Quad-camera ကိုလည်း ပြသခဲ့ပြီး 64MP Sensor က ဦးဆောင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် 64MP Sensor ဟာ Samsung လား၊ Sony လားဆိုတာတော့ မသိရသေးပါဘူး။ သတင်းကတော့ Samsung 64MP ISOCELL S5KGW1 လို့ ဆိုထားတယ်။

ဒါတင်မကဘဲ Axon 11 5G ဖုန်းမှာ 18W အားသွင်းစနစ်လည်း ပါဝင်ဖို့ ပြောထားပေမယ့် ဘက္ထရီနဲ့ ပတ်သက်ပြီး အတည်မပြုသေးပါဘူး။ ဒီပုံတိုင်းဆိုရင်တော့ Flagship ဒေါင်ဒေါင်မြည်ဟန်းဆက်ထက် ဈေးပိုသက်သာမယ့်ဘက်ကို ဦးတည်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena