ZTE က တရုတ်မှာ ဒီလ ၁၂ ရက်နေ့ ZTE AxonPad အမည်ရ တက်ဘလက် အသစ် ၁ လုံးကို ကြေညာမယ်လို့ အတည်ပြုလိုက်ပြီး မိတ်ဆက်ပွဲကို ဒေသစံတော်ချိန် နေ့လည် ၁ နာရီခွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက AxonPad ရဲ့ ဒီဇိုင်းနဲ့ အရောင်တွေကို ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံကိုလည်း မျှဝေထားပါတယ်။

ZTE AxonPad is coming on April 12

ZTE AxonPad ရဲ့ မျက်နှာပြင်ဘေးဘောင်တွေက အရွယ်အစား တူညီပြီး အထက်နဲ့ အောက်က အန်တင်နာလိုင်းတွေအရ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

တက်ဘလက်ရဲ့ အရှေ့နဲ့ အနောက်ဘက်မှာ ကင်မရာ ၁ လုံးစီ တပ်ဆင်ထားပြီး အထက်နဲ့ အောက်မှာ စပီကာ ၂ လုံးစီ ထည့်သွင်းထားပါတယ်။ တက်ဘလက်မှာ USB-C Port နဲ့ အားသွင်းရမှာ ဖြစ်ပါတယ်။

ZTE Axon Pad To Feature A Modern Design And Advanced Features | SPARROWS  NEWS

ZTE AxonPad မှာ MyOS မောင်းနှင်ထားပြီး 5G ဆက်သွယ်မှု ထောက်ပံ့ထားပါတယ်။ ဒါပေမယ့် တက်ဘလက်အတွက် WiFi Only Version ထွက်လာမလားဆိုတာ မသိရသေးပါဘူး။ ZTE က မျှဝေထားတဲ့ ဓါတ်ပုံမှာ ကီးဘုတ်နဲ့ ဒစ်ဂျစ်တယ်ဘောပင်ကို မြင်ရပြီး သီးခြားစီ ရောင်းချနိုင်ပါတယ်။

ZTE က တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ AxonPad တက်ဘလက်ရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုမျှဝေလာနိုင်ပါတယ်။

Ref : gsmarena