ZTE က တရုတ်မှာ Blade V2021 5G ကို ကြေညာလိုက်ပြီး အောက်တိုဘာလက ချပြခဲ့တဲ့ ZTE Blade V2020 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၂ သိန်းလောက်ပဲ ရှိပေမယ့် 5G နဲ့ 48MP ကင်မရာ ပါတာက တော်တော် မိုက်ပါတယ်။ Space Gray, Fantasy Blue, Space Silver စတဲ့ ၃ ရောင် ထုတ်လုပ်ထားပြီး ဈေးနှုန်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

4GB RAM, 64GB storage- 999 yuan

6GB RAM, 128GB storage- 1399 yuan

မြန်မာငွေနဲ့တွက်ရင် ၂ သိန်းနဲ့ ၂ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး တရုတ်မှာ JD.com ကနေ ရောင်းပေးလိုက်ပါပြီ။

အဲဒီဖုန်းရဲ့ Specs တွေကို ပြောရရင် အနောက်ဘက်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပြီး အနောက်ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အရွယ်သေး Notch နဲ့ 5G Chipset သုံးထားပြီး အရွယ်အစား အပြည့်အစုံဟာ 165.9×75.8×8.9mm ဖြစ်ပါတယ်။ ၁၈၈ ဂရမ်လောက် အလေးချိန်ရှိပြီး ၆.၅၂ လက်မ TFT HD+ မျက်နှာပြင်ပါပါတယ်။

MediaTek Dimensity 720 5G SoC မောင်းနှင်ထားပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ ကင်မရာတွေအကြောင်းပြောရရင် အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Macro ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး  ထည့်ထားပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပြီး Bluetooth 5.1, Wi-Fi 802.11ac, 3.5mm Audio Jack, DTS Sound, Type-C Port, 5G SA/NSA, GPS ဆက်သွယ်မှုတွေ ထောက်ပံ့ထားပါတယ်။

Ref : gizmochina