ZTE က Memory ပိုပါတဲ့ Axon 40 Ultra ရဲ့ Space Edition ကို ကြေညာလိုက်ပါတယ်။ 12GB RAM/512GB Storage နဲ့ 18GB RAM/1TB Storage ၂ မျိုး ထုတ်လုပ်ထားပြီး ဒီဇိုင်းက ရိုးရိုး Ultra နဲ့ အနည်းငယ်ကွာခြားပါတယ်။ အနောက်ဘက်ကို Ceramic Material နဲ့ အစားထိုးထားပြီး ကင်မရာ Island ကို ဆန်းသစ်ထားပါတယ်။

ရိုးရိုး Ultra မှာလိုပဲ Space Edition မှာ ZTE ထုတ်လုပ်ထားတဲ့ သီးခြား လုံခြုံရေး Chip ထည့်သွင်းထားပြီး ကုမ္ပဏီက အဓိက နိုင်ငံတကာ လုံခြုံရေးနဲ့ Privacy Certification ၃ ခု ရရှိထားတယ်လို့ ပြောပါတယ်။

Specs အများစုက ရိုးရိုး Ultra နဲ့ တူညီပြီး ၆.၈ လက်မ AMOLED 120Hz မျက်နှာပြင်နဲ့ 16MP မျက်နှာပြင်အောက် ကင်မရာ ပါပါတယ်။ Snapdragon 8 Gen 1 Chipset နဲ့  5,000mAh ဘက်ထရီ ထည့်သွင်းထားပြီး အားသွင်းနှုန်းကို 65W ကနေ 80W အထိ တိုးမြှင့်ထားပါတယ်။ အနောက်ဘက်မှာ 64MP ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ၁ လုံးက Wide Cam (35mm Lens) ၊ ၁ လုံးက Ultra Wide (16mm) နဲ့ ၁ လုံးက Periscope (91mm) ဖြစ်ပါတယ်။

ZTE unveils Axon 40 Ultra Space Edition with up to 18GB of RAM and 1TB storage, ceramic back

ZTE Axon 40 Ultra Space Edition ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့ ပို့ဆောင်ပေးမှာပါ။ 12GB/512GB ကို ၈၂၅ ဒေါ်လာနဲ့ 18GB/1TB ကို ၁,၀၇၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena