Apple ကနေ ယခုနှစ်မှာလည်း iPhone အသစ် ၃ မျိုးကို ထုတ်လုပ်သွားမယ်ဆိုတာကတော့ လူတိုင်းအသိပဲဖြစ်မှာပါ။ လာမယ့် စက်တင်ဘာလမှာ iPhone အသစ်တွေကို မြင်ရတော့မှာဖြစ်သလိုပဲ အခုအချိန်မှာလည်း iPhone အသစ်တွေနဲ့ ပတ်သတ်တဲ့သတင်းတွေက ပေါက်ကြားနေပြီပဲဖြစ်ပါတယ်။

ယခုတစ်ကြိမ်ပေါက်ကြားလာတဲ့သတင်းကတော့ iPhone အသစ်တွေရဲ့ သတင်းဆိုတာထက် Apple အနေနဲ့ အဆိုပါ iPhone တွေအပေါ်ကို မျှော်လင့်ထားတဲ့ သတင်းတစ်ခုပဲဖြစ်ပါတယ်။

အခုသတင်းကတော့ Apple ရဲ့ Screen Size အကြီးဆုံးဖြစ်လာမှာဖြစ်သလို ဈေးလည်း အကြီးဆုံးဖြစ်လာမယ့် 6.5″ OLED Display ကို အသုံးပြုလာမယ့် iPhone အသစ်ကို Preorder ပေါင်း ၆၅ သန်း ရရှိဖို့အတွက် မျှော်လင့်နေတာပဲဖြစ်ပါတယ်။ ဒါတင်မကသေးပဲ 5.84″ OLED Display ကို အသုံးပြုလာမယ့် iPhone ကို Preorder ၂၅ သန်း၊ အနိမ့်ဆုံး LCD Display နဲ့ iPhone ကိုတော့ Preorder သန်း ၃၀ ရရှိဖို့ ခန့်မှန်းထားတာပဲဖြစ်ပါတယ်။

အစောပိုင်းက Apple ကနေ LCD iPhone တွေကို အရောင်းရဆုံးဖြစ်မယ်လို့ ယူဆထားပေမယ့်လည်း အခုသိရတဲ့သတင်းတွေအရ LCD Panel မလုံလောက်တဲ့အတွက် Preorder မှာယူတဲ့အရေအတွက်ကို လျော့ချထားတာဖြစ်တယ်လို့ သိရပါတယ်။