Zawgyi Font Version




>>>Video ကြည့်ရန်နှိပ်ပါ<<<


Ref: The Verge

Unicode Version


Apple Watch Series 4 ကို Apple Event မှာ ပွဲထုတ်ပြခဲ့ပြီး ပိုကြီးပြီး ဘောင်သေးသေးလေးတွေနဲ့ Display နဲ့ အတူ တစ်ခြားအတွင်းပိုင်း Chip set အဆင့်မြှင့်တင်မှုတွေနဲ့ ECG တိုင်းလို့ရတဲ့ Sensor တွေပါထည့်သွင်းပေးခဲ့ပါတယ်။ ပိုမိုလှပတဲ့ Display အသစ်မှာ အသုံးပြုဖို့အတွက် Watch Face လို့ခေါ်တဲ့ အမျိုးမျိုးပြောင်းလဲ အသုံးပြုလို့ရတဲ့ နာရီဒိုင်ခွက် နောက်ခံ ဒီဇိုင်းအလန်းတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ Fire, Water, Liquid Metal နဲ့ Vapor Faces ဆိုပြီး အရမ်းလှပတဲ့ နာရီဒိုင်ခွက်ဒီဇိုင်းတွေပြောင်းလဲထားရှိနိုင်ပါတယ်။ ထူးခြားချက်ကတော့ အဆိုပါ နာရီဒိုင်ခွက် ဒီဇိုင်းအလန်းတွေကို CGI လို့ခေါ်တဲ့ Graphic Tool တွေနဲ့ရေးဆွဲထားတာမဟုတ်ပဲ တစ်ကယ့် Chemical တွေပေါင်းစပ်ပြီး Studio ထဲမှာ ရိုက်ကူးထားတာပါ။ မီးတောက်ပုံ ဆိုရင်လည်း တစ်ကယ့် မီးတောက်တွေကိုရိုက်ကူးထားတာပါ။

ကုမ္ပဏီတော်တော်များများကတော့ Render Image တွေကို Computer နဲ့ပဲရေးဆွဲကြပါတယ်။ Apple Watch 4 မှာတော့ Apple က ထူးထူးခြားခြားလေးဖြစ်ချင်ပြီး Watch Face အတွက် ပုံတွေကို ပိုပြီး သဘာဝဆန်စေချင်တဲ့ အတွက် Studio ထဲမှာပဲ Chemical ပစ္စည်းတွေပေါင်းစပ်ပြီး အဆိုပါ Effect တွေရရှိအောင် အချိန်ပေးကာ အပင်ပန်းခံပြီး ရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ Youtube Channel Cool Hunting ကနေ အဆိုပါ Watch Face တွေကို ပြုလုပ်ရိုက်ကူးနေတဲ့ Video ကို Share ခဲ့ပြီး တော်တော်ကိုလန်းတယ်လို့ပြောပါတယ်။ Video ကို အောက်မှာကြည့်ကြည့်ပါ။

>>>Video ကြည့်ရန်နှိပ်ပါ<<<

မြင်တွေ့ရတဲ့ အတိုင်းပဲ Watch Face တစ်ခုချင်းစီအတွက် မီးတောက်တွေ၊ ရေငွေ့တွေကိုအသုံးပြုခဲ့ပါတယ်။ အလွန် ရှုပ်ထွေးခက်ခဲတဲ့ လုပ်ငန်းစဉ်တွေဖြစ်ပြီး ပိုက်ဆံအကုန်အကျတော်တော်များခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် Apple ဟာ နည်းပညာကုမ္ပဏီအသေးလေးမဟုတ်ပဲ ရင်းနှီးမြုပ်နှံမှုပေါင်းများစွာရှိတဲ့အတွက် အဆိုပါ ကုန်ကျစရိတ်ကတော့ သူတို့အတွက် အသေးအမွှားပါ။ Watch Face တွေအတွက် CGI သုံးပြီး အလွယ်တကူရေးဆွဲလိုက်လို့ရပေမယ့် ဒီလို ထူးခြားဆန်းပြားတဲ့ စိတ်ကူးမျိုးနဲ့ ရိုက်ကူးခဲ့တဲ့ Apple ရဲ့ အားထုတ်ချက်ကတော အံ့မခန်းပါပဲ။ အဲ့တာကြောင့်ပဲ Apple အမှတ်တံဆိပ်က လွှမ်းမိုးမှုအရှိဆုံး အမှတ်တံဆိပ်ဖြစ်နေတာ ဆန်းတော့မဆန်းပါဘူး။

Ref: The Verge