ကိုယ့်ရဲ့ အမှတ်တရတွေကို Social Media ပေါ်ကို ဓါတ်ပုံတွေ၊ Status တွေတင်မယ့်အစား သီးခြား Notebook Apps လေးတွေမှာပဲ ချရေးပြီး သိမ်းထားလိုက်ရင်မကောင်းဘူးလား? ဘာပဲဖြစ်ဖြစ် ကိုယ့်ခံစားချက်တွေ၊ အမှတ်တရတွေက မှတ်စုစာအုပ်တစ်အုပ်ထဲမှာ ချရေးသလိုပဲ ကိုယ်တစ်ယောက်ထဲ ဖွင့်ဖတ်ကြည့်လို့ရတယ်လေ။

ကဲ… စိတ်ဝင်စားတယ်ဆိုရင် အခုပြောပြပေးသွားမယ့် Notes Taking Application တွေက စာရေးသူကိုယ်တိုင် အသုံးပြုကြည့်ပြီး ကြိုက်နှစ်သက်သလို Reviews တွေလည်း အရမ်းကောင်းတဲ့ Feedback တွေရထားတဲ့ Apps လေးတွေပါ။ အခု App တွေက iOS မှာပဲ ရပြီးတော့ တချို့ App တွေပဲ Android မှာပါ အသုံးပြုနိုင်မှာပါ။

(1) Evernote (iOS | Android)

https://itunes.apple.com/bm/app/evernote/id281796108?mt=8

အခု Evernote ဆိုတဲ့ Notes App ကတော့ ထွက်ထားတာလည်း အချိန်နှစ်နဲ့ချီပြီ ကြာသွားပြီဆိုပေမယ့် အခုအချိန်အထိ Features ပိုင်းတွေ၊ App Design ပိုင်းတွေနဲ့ အသုံးပြုရတာလွယ်ကူတဲ့အပိုင်းတွေမှာ အကောင်းဆုံးဖြစ်နေတုန်းပါပဲ။ အားသာချက်တစ်ခုက Account ဖွင့်ပြီး ကွန်ပျူတာပဲဖြစ်ဖြစ်၊ Android နဲ့ iOS Devices တွေမှာလည်း အလွယ်တကူဝင်ရောက်ပြီး ကိုယ်မှတ်ထားတဲ့ Notes တွေကို ပြန်ပြီး ကြည့်နိုင်မှာပါ။ အားနည်းချက်ဆိုပြီး ပြောလို့ရလောက်တဲ့ Features ဆိုပြီး မရှိဘူးလို့ ပြောလို့ရတယ်၊ သာမန် Notes အနေနဲ့ စာရိုက်တာတွေအပြင် ဓါတ်ပုံတွေ၊ Handwriting Notes တွေ နဲ့ Document Scan လိုမျိုး Features တွေက အကောင်းဆုံး Notes App တစ်ခုလို့ ပြောရမှာပါ။

(2) Notability

https://itunes.apple.com/us/app/notability/id360593530?mt=8

အခု App ကတော့ iOS Devices တွေအတွက် သီးသန့်ဖြစ်သလို $9.99 နဲ့ ဝယ်ယူအသုံးပြုရမှာပဲဖြစ်ပါတယ်။ ဝယ်ယူပြီး အသုံးပြုရပေမယ့် မတန်ဘူးလို့ ပြောလို့ မရတဲ့ Notes App တစ်ခုဖြစ်ပါတယ်။ Notes App တစ်ခုအနေနဲ့ ကိုယ်ပိုင် ဒိုင်ယာရီတစ်ခုအနေနဲ့ အသုံးပြုမယ်ဆိုရင်တောင် အသုံးပြုနိုင်မှာဖြစ်ပြီးတော့ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ Paint Tool တွေလည်းပါဝင်ပါတယ်။

(3) Notebook – Take Notes, Sync

https://itunes.apple.com/us/app/notebook-take-notes-sync/id973801089?mt=8

အခု Notebook App ကတော့ အသုံးပြုရတာ ရိုးရှင်းတဲ့ Interface နဲ့ အခမဲ့ရယူနိုင်တာတွေကြောင့် နာမည်ကြီးတဲ့ App တစ်ခုဖြစ်ပါတယ်။ Google Keep လိုမျိုး Notes App နဲ့ ဆင်တူပြီးတော့ List ပြုလုပ်နိုင်တဲ့အပြင် Notes တစ်ခုချင်းစီကိုလည်း အရောင်နဲ့ ခွဲခြားနိုင်ပါသေးတယ်။ ဓါတ်ပုံတွေထည့်သွင်းနိုင်တာကတော့ ပြောနေဖို့တောင်မလိုတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် အခုကစပြီးတော့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေပဲဖြစ်ဖြစ်၊ အမှတ်တရတွေပဲဖြစ်ဖြစ် Social Media တွေမှာ တင်နေတာထက် ကိုယ်ပိုင် Notes App တစ်ခုထဲမှာပဲ မှတ်သားထားတဲ့အကျင့်လုပ်ကြည့်ရအောင်လား?