Doogee ဆိုတဲ့ နာမည်ကို စမတ်ဖုန်းအသုံးပြုသူတွေ ရင်းနှီးချင်မှ ရင်းနှီးမှာပါ။ Doogee ဟာ တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ အဓိကနာမည်ကြီးတာကတော့ သူထုတ်လုပ်တဲ့ စမတ်ဖုန်းတွေဟာ အခြားသော စမတ်ဖုန်းတွေနဲ့ ယှဉ်မယ်ဆိုရင် ပိုပြီးတော့ ဈေးသက်သာနေတဲ့အချက်ပဲဖြစ်ပါတယ်။

အခုအချိန်မှာလည်း Doogee ကနေ စမတ်ဖုန်းအသစ်တစ်မျိုးကို မိတ်ဆက်သွားဖို့ စီစဉ်နေပြီးတော့ အခုထုတ်လုပ်ဖို့ ကြံစည်နေတဲ့စမတ်ဖုန်းဟာ ပြီးခဲ့တဲ့နှစ်က Razer ကနေ အစပျိုးခဲ့တဲ့ Gaming စမတ်ဖုန်းအမျိုးအစားပဲဖြစ်ပါတယ်။ Doogee က အခု Gaming စမတ်ဖုန်းကို Doogee S70 လို့ နာမည်ပေးထားပြီးတော့ အကြမ်းခံတဲ့ Rugged Design နဲ့ပါ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

Doogee ရဲ့ ယခု S70 Gaming စမတ်ဖုန်းဟာ ကျကွဲမှာကို စိုးရိမ်စရာမလိုတဲ့ 6″ Full HD+ Display ကို အသုံးပြုထားတဲ့အပြင် Game အကြာကြီးဆော့တဲ့သူတွေအတွက်လည်း စိုးရိမ်စရာမလိုတဲ့ 5500mAh Battery ကို တပ်ဆင်ထားတာဖြစ်ပါတယ်။ အဲ့ဒီအပြင် IP 68 နဲ့ IP 69K Rating ရှိနေတဲ့အတွက် Water Resistant အရလည်း အကောင်းဆုံးသော စမတ်ဖုန်းတစ်ခုဖြစ်လာဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် အခု Doogee S70 စမတ်ဖုန်းဟာ အခြားသော Gaming Phone တွေလောက်တော့ စွမ်းဆောင်ရည်ကောင်းမှာမဟုတ်ပဲ ဒါကလည်း MediaTek ရဲ့ Helio P23 Processor ကို အသုံးပြုထားတာကြောင့်လို့ ပြောရမှာပါ။ RAM အနေနဲ့ကတော့ 6GB RAM နဲ့အတူ 64GB Storage ပါဝင်မယ်လို့ သိရပါတယ်။ Heat မရှိစေဖို့အတွက်လည်း Cooling Boost နည်းပညာကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အခု Doogee S70 စမတ်ဖုန်းက ကင်မရာပိုင်းအနေနဲ့လည်း ကောင်းမွန်ပြီးတော့ 12MP Sony IMX 363 Sensor နဲ့အတူ 5MP Secondary Camera ကိုလည်း အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Gaming Phone တစ်ခုဖြစ်ပေမယ့်လည်း ကင်မရာပိုင်း ကောင်းမွန်မယ့်ပုံပါပဲ။

ဒီ Doogee S70 စမတ်ဖုန်းဟာ ဈေးနှုန်းအရတော့ အတိအကျမသိရသေးပေမယ့် ဒေါ်လာ ၂၀၀ ကျော်ပဲရှိုဖို့များနေတဲ့အတွက် လက်ရှိမှာ ဈေးအပေါဆုံး Gaming Phone တစ်ခုဖြစ်လာဖွယ်ရှိနေပါတယ်။