ZTE ကနေ ထူးထူးဆန်းဆန်း ဒီဇိုင်းနဲ့ ဖုန်းတစ်ခုကို ထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။ ယခုထုတ်လုပ်လိုက်တဲ့ ZTE Axon M ဖုန်းမှာဆိုရင် Screen အနေနဲ့ တစ်ခုအစား ၂ ခုပါဝင်မှာဖြစ်ပြီး အသုံးမပြုချင်တဲ့အချိန်မှာခေါက်ထားနိုင်မှာပါ။

ZTE Axon M မှာဆိုရင် 5.2″ အရွယ် 1080p Full HD LCD Display ၂ ခုပါဝင်ပြီးတော့ Dual Mode, Mirror Mode, Extended Mode နဲ့ Normal Mode ဆိုပြီး စိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Screen ၂ ခုကို အသုံးပြုနေပြီဆိုတာနဲ့ 6.75″ အရွယ် Display အကြီးတစ်ခုအနေနဲ့ အသုံးပြုနိုင်မှာပါ။

Specification ပိုင်းအနေနဲ့တော့ ZTE Axon M ဖုန်းက မဆိုးဘူးလို့ ပြောလို့ရပြီး Snapdragon 821 Chipset, RAM 4GB, 64GB Internal Storage ပါဝင်မှာဖြစ်ပါတယ်။ ကင်မရာကတော့ 20MP Camera ပါဝင်မှာဖြစ်ပြီး Dual Speakers နဲ့ 3.5mm Audio Jack လည်း ပါဝင်မှာဖြစ်ပါတယ်။ ZTE Axon M ဖုန်းက Android 7.1.2 Nougat ကို အသုံးပြုထားမှာဖြစ်ပြီး Battery အနေနဲ့ 3180 mAh Battery ပါဝင်မှာဖြစ်ပါတယ်။

အဆိုပါ Screen ၂ ခုပါဝင်တဲ့ ZTE Axon M ဖုန်းကို နောက်လမှာစတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ $725 ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရပါတယ်။