Google ဟာ သူ့ရဲ့ App နဲ့ Service တွေအတွက် Payment System ကို PayPal နဲ့ စတင်လက်ခံတော့မှာ ဖြစ်ပါတယ်။ Premium App တချို့နဲ့ YouTube Music လို Service အသစ်တွေအတွက် User တွေများအောင် ဈေးကွက်ချဲ့တဲ့ ခြေလှမ်းတစ်လှမ်း လို့ပြောလို့ရပါတယ်။ ဒါပေမယ့် Google  နဲ့ PayPal ချိတ်ပြီးသား Hardware ကြီးကို ဝယ်လို့မရတဲ့ အတွက် သူတို့ ၂ ခုကိုချိတ်ဖို့အတွက် အဆင့်နည်းနည်း လုပ်ဆောင်ရပါမယ်။

Source: Dreamstime.com

ပထမအဆင့် အနေနဲ့ Google Play Store ကိုဖွင့်ပါ။ ပြီးရင် Premium App တစ်ခုကိုရှာပြီး Small Menu Arrow ကိုနှိပ်ပါ။ အဲ့ထဲက “Payment Options” ဆိုတာကို ရွေးပါ။ အဲ့မှာ List တစ်ခုကျလာပါမယ်။ အဲ့ List မှာ သင် ထည့်ပြီးသား တခြား Credit Card တွေနဲ့ Mobile Billing Options တွေ တွေ့ပါလိမ့်မယ်။ ပြီးရင် PayPal ကို ချိတ်ဖို့ Option ကိုတွေ့ပါလိမ့်မယ်။ အဲ့မှာ သင့်ရဲ့ PayPal email Address နဲ့ Password ကို ရိုက်ထည့်လိုက်ရင် စပြီးအသုံးပြုလို့ ရပါပြီ။

Source: C-net.com

အခုအချိန်မှာ Google ဟာ Movie တွေ သီချင်းတွေနဲ့ Streaming Service တွေကို အားစိုက်နေတဲ့ အချိန်ဆိုတော့ PayPal နဲ့လက်တွဲလိုက်တာ မှန်ကန်တဲ့လုပ်ရပ်ပါပဲ။ ဒါပေမယ့် Google ရဲ့ Streaming Service တွေက Spotify နဲ့ Netflix တို့ကို ယှဉ်နိုင်ပါ့မလား ဆိုတာတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။