[Zawgyi]

Google ဟာ လာမယ့္ ၂၀၁၉ ခုႏွစ္ ဧၿပီလအတြင္းမွာ Google+ ကို ပိတ္သိမ္းေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။ အခုလို ပိတ္သိမ္းရတဲ့ အေၾကာင္းရင္းကေတာ့ အသုံးျပဳသူေတြရဲ႕ ေဒတာေတြ ေပါက္ၾကားရျခင္းေၾကာင့္ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက လုံၿခဳံေရးဆိုင္ရာ အားနည္းခ်က္တစ္ခုေၾကာင့္ Google+ အသုံးျပဳသူ သန္းတစ္ဝက္နီးပါးရဲ႕ ေဒတာေတြ ေပါက္ၾကားခဲ့ေၾကာင္း ေၾကညာခဲ့ရ ပါေသးတယ္။ ဒီလိုေၾကညာၿပီး ႏွစ္လအၾကာမွာ ေနာက္ထပ္တစ္ခါ ေၾကညာခဲ့ရတာ ျဖစ္ပါတယ္။

ဒီတစ္ခါမွာေတာ့ API Bug ေၾကာင့္ Google+ အသုံးျပဳသူေပါင္း ၅၂.၅ သန္းရဲ႕ Profile information ေတြ Email လိပ္စာေတြ၊ အလုပ္အကိုင္ေတြ၊ အသက္အ႐ြယ္ စတဲ့အခ်က္အလက္ေတြကို Private လုပ္ထားရင္ေတာင္ Developers ေတြက ရယူႏိုင္တဲ့အထိ ျဖစ္သြားခဲ့တာပါ။

Google ဟာ အေစာပိုင္းတုန္းက Google+ ပိတ္သိမ္းမယ့္အခ်ိန္ကို ၂၀၁၉ ခုႏွစ္ ၾသဂုတ္လလို႔ သတ္မွတ္ထားေပမယ့္ အခုလို ဒုတိယအႀကိမ္ေပါက္ၾကားမႈေၾကာင့္ မူလသတ္မွတ္ခ်ိန္ထက္ ေလးလေစာၿပီး ဧၿပီလမွာ ပိတ္သိမ္းဖို႔ ဆုံးျဖတ္လိုက္တာလည္း ျဖစ္ပါတယ္။

ႏိုဝင္ဘာလ ၇ ရက္ေန႔တုန္းက ေတြ႕ရွိခဲ့ရတဲ့ ဒုတိယေျမာက္ လုံၿခဳံေရးအားနည္းခ်က္ကို ျပန္လည္ျပင္ဆင္ခဲ့ၿပီးျဖစ္တယ္လို႔ Google က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ Google+ ပိတ္သိမ္းမႈဟာ Consumer Version ပဲျဖစ္တာေၾကာင့္ G Suite ဝယ္ယူထားတဲ့ ပုဂၢလိက စီးပြားရးလုပ္ငန္းႀကီးေတြ၊ ကုမၸဏီေတြအတြက္ ဝန္ေဆာင္မႈကေတာ့ ဆက္ရွိေနဦးမယ္လို႔ သိရပါတယ္။

Ref: GSMarena

 

[Unicode]

Google ဟာ လာမယ့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းမှာ Google+ ကို ပိတ်သိမ်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။ အခုလို ပိတ်သိမ်းရတဲ့ အကြောင်းရင်းကတော့ အသုံးပြုသူတွေရဲ့ ဒေတာတွေ ပေါက်ကြားရခြင်းကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက လုံခြုံရေးဆိုင်ရာ အားနည်းချက်တစ်ခုကြောင့် Google+ အသုံးပြုသူ သန်းတစ်ဝက်နီးပါးရဲ့ ဒေတာတွေ ပေါက်ကြားခဲ့ကြောင်း ကြေညာခဲ့ရ ပါသေးတယ်။ ဒီလိုကြေညာပြီး နှစ်လအကြာမှာ နောက်ထပ်တစ်ခါ ကြေညာခဲ့ရတာ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ API Bug ကြောင့် Google+ အသုံးပြုသူပေါင်း ၅၂.၅ သန်းရဲ့ Profile information တွေ Email လိပ်စာတွေ၊ အလုပ်အကိုင်တွေ၊ အသက်အရွယ် စတဲ့အချက်အလက်တွေကို Private လုပ်ထားရင်တောင် Developers တွေက ရယူနိုင်တဲ့အထိ ဖြစ်သွားခဲ့တာပါ။

Google ဟာ အစောပိုင်းတုန်းက Google+ ပိတ်သိမ်းမယ့်အချိန်ကို ၂၀၁၉ ခုနှစ် သြဂုတ်လလို့ သတ်မှတ်ထားပေမယ့် အခုလို ဒုတိယအကြိမ်ပေါက်ကြားမှုကြောင့် မူလသတ်မှတ်ချိန်ထက် လေးလစောပြီး ဧပြီလမှာ ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့တုန်းက တွေ့ရှိခဲ့ရတဲ့ ဒုတိယမြောက် လုံခြုံရေးအားနည်းချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်တယ်လို့ Google က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Google+ ပိတ်သိမ်းမှုဟာ Consumer Version ပဲဖြစ်တာကြောင့် G Suite ဝယ်ယူထားတဲ့ ပုဂ္ဂလိက စီးပွားရးလုပ်ငန်းကြီးတွေ၊ ကုမ္ပဏီတွေအတွက် ဝန်ဆောင်မှုကတော့ ဆက်ရှိနေဦးမယ်လို့ သိရပါတယ်။

Ref: GSMarena