ကမ္ဘာ့ဖလား World Cup ကို အစဉ်တစိုက်အားပေးနေကြတဲ့ မိဘပြည်သူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် Guess and Win ခန့်မှန်းပွဲလေးကို Grand Royal ကနေLive လွှင့်ပြီးပြုလုပ်ပေးနေတာကို သိပြီးကြပြီလား။ ဒီလို Live လွှင့်ပြီး ပြုလုပ်ပေးသွားမယ့် Guess and Win Campaign မှာ ကိုယ်ကြိုက်နှစ်သက်ရာအသင်းကို ကောမန့်ပေးပြီး ပါဝင်ကူညီခန့်မှန်းပေးကြသူများထဲမှ နိုင်မယ့်အသင်းကို မှန်ကန်စွာ မှန်းပေးနိုင်ရင် ငွေဖြည့်ကပ် ၁ သောင်းတန်ကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဘောလုံး ဝါဿနာရှင်အားလုံးလည်း စိတ်ဝင်စားမယ်ထင်လို့ ဒီ Guess and Win ခန့်မှန်းပွဲ အကြောင်းကို အသေးစိတ်လေးရှင်းပြပေးချင်ပါတယ်။

ညစဉ်ကျင်းပပေးသွားမယ့် World Cup ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တိုင်းကို  ဟာသသရုပ်ဆောင်လေးဦးမှ ဦးဆောင်ပြီး Grand Royal Facebook Page  မှာ Live လွှင့်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုခန့်မှန်းတဲ့ Game လေးမှာ ပါဝင်ကူညီမယ့် ဟာသသရုပ်ဆောင်လေးဦးကတော့ ကျော်ထူး ၊ ခင်လှိုင် ၊ အောင်မိုးဦး နဲ့ ရဲရင့် တို့ပဲဖြစ်ပါတယ်။ တစ်ပွဲကို နှစ်ယောက်စီက Fortune Wheel ကို တယောက်တလှည့်စီ လှည့်ပြီး ကျတဲ့အသင်းကို ယူပြီး Live ကိုလွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ပါဝင်ချင်တဲ့ ပရိသတ်တွေအနေနဲ့ကတော့ ကိုယ်အားပေးချင်တဲ့ အသင်းကို Live လွှင့်နေတုန်း ကောမန့်ပေးရုံနဲ့တင် ပါဝင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဘောလုံးပွဲစဉ်အပြီး အနိုင်ရမယ့်အသင်းကို ကြိုတင်ခန့်မှန်းပေးနိုင်တဲ့ သူအများထဲမှာမှ ၁၀ ယောက်ကို မဲနှိုက်ပြီး ၁သောင်းတန် ဖုန်းငွေဖြည့်ကဒ်တွေကို ပေးသွားမှာဖြစ်ပါတယ်။

Live ကို ဦးဆောင်ပြီး လွှင့်ပေးသွားမယ့် ဟာသ သရုပ်ဆောင်နှစ်ယောက်ထဲမှာမှ ရှုံးသွားတဲ့ တစ်ယောက်ကိုလည်း ပွဲပြီးသွားတာနဲ့ သူခန့်မှန်းတဲ့ အသင်းဟာ ရှုံးသွားတဲ့အတွက် ဝိုင်းပြီးအပြစ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ရှုံးသွားတဲ့ ဟာသ သရုပ်ဆောင်အတွက် ပြစ်ဒဏ်ကတော့ ဥပမာပြောရရင်တော့ Ha Ha ဆို သံပုရာသီးစားပြမှာဖြစ်ပြီး Love React ဆို သနပ်ခါးစားပြမှာ ဖြစ်ပါတယ်။

ဘောလုံးချစ်သူတွေအနေနဲ့ နိုင်မယ့်အသင်းကို မှန်းပေးရုံနဲ့ ငွေဖြည့်ကဒ် အခမဲ့ရမယ့်အပြင် ကိုယ်မှန်းထားတဲ့ အသင်းမနိုင်လည်း အပျော်အနေနဲ့ ရှုံးသွားတဲ့လူရွှင်တော်ကို React လေးတွေပေးပြီး အပြစ်ပေးနိုင်မှာမို့ Live လေးကိုစောင့်ကြည့်ပြီးတော့ Guess and Win ခန့်မှန်းပွဲ Campaign လေးမှာ ပါဝင်ခန့်မှန်းပေးလိုက်ကြပါအုံးနော်။