Huawei က လက်ရှိစမတ်ဖုန်းတွေအားလုံးထဲမှာ တိုးတက်မှုအရှိဆုံးသော စမတ်ဖုန်းထုတ်လုပ်သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Processor ပိုင်းကအစ ကင်မရာပိုင်းအထိ အသေးစိတ်ဆောင်ရွက်နေတဲ့အတွက် အခုအချိန်မှာ သိသိသာသာကို အောင်မြင်လာတာပဲဖြစ်ပါတယ်။

အခုလည်း Huawei ကနေ သူရဲ့ စမတ်ဖုန်းတွေကို ပုံမှန် Android OS တင်မဟုတ်ပဲ Windows 10 ကိုပါ အသုံးပြုနိုင်အောင်စမ်းသပ်နေပြီပဲဖြစ်ပါတယ်။ အဲ့ဒါက Windows 10 OS တစ်ခုလုံးကို ဖုန်းမှာ တင်ထားတာမျိုးမဟုတ်ပဲ Cloud Service အနေနဲ့ အသုံးတာပဲဖြစ်ပါတယ်။

အခုဒီစမ်းသပ်မှုမှာ Huawei P20 ၊ P20 Pro ၊ Mate RS နဲ့ MediaPad M5 Tablet တွေပါဝင်တယ်လို့ သိရပါတယ်။ Huawei ရဲ့ အခု Project ဟာ တလောတုန်းက ကြေညာသွားတဲ့ Huawei Cloud PC ကို အခြေခံထားတာဖြစ်ပြီးတော့ Huawei P20 Pro စမတ်ဖုန်းမှာဆိုရင် Photoshop ကိုတောင်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

ဒါကိုကြည့်မယ်ဆိုရင် Huawei က အခု Cloud PC နည်းပညာကို မကြာခင်အနာဂတ်မှာ ဖုန်းတွေကို ကွန်ပျူတာနေရာမှာ အစားထိုးလို့ရတဲ့အထိဆောင်ရွက်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။