Huawei ဟာ အခုနှစ်ပိုင်းမှာ အရည်အသွေးမြင့်စမတ်ဖုန်းတွေကို ထုတ်လုပ်လာနေတာဖြစ်ပြီးတော့ အခုအချိန်မှာလည်း Huawei စမတ်ဖုန်းတွေရဲ့ ရောင်းအားက အခြားသော စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် သိသိသာသာကို တိုးတက်လာတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Huawei ကနေ ဒီနှစ်ကုန်ပိုင်းမှာ Flagship ဖုန်းတစ်ခုဖြစ်လာမယ့် Huawei Mate 20 နဲ့ Mate 20 Pro ဖုန်းတွေကို ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ အဆိုပါဖုန်းတွေထဲက Huawei Mate 20 Pro စမတ်ဖုန်းက ကြီးမားတဲ့ အပြောင်းအလဲတစ်ခုရှိလာနိုင်ပါတယ်။

အခု Huawei Mate 20 Pro စမတ်ဖုန်းက Huawei ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ US မှာ စတင်ရောင်းချနိုင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာနိုင်ပြီးတော့ စွမ်းဆောင်ရည်ပိုင်းအရရော၊ ဒီဇိုင်းပိုင်းအရရော အကောင်းဆုံးဖြစ်လာပြီးတော့ Apple ရဲ့ ယခု စက်တင်ဘာလမှာ စတင်ထွက်ရှိလာမယ့် iPhone အသစ်တွေနဲ့ ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။

အခုသိရတဲ့သတင်းတွေအရတော့ Huawei Mate 20 Pro စမတ်ဖုန်းဟာ Apple iPhone အသစ်တွေနဲ့ Samsung Galaxy Note 9 ဖုန်းတွေကို ယှဉ်ပြိုင်ဖို့အတွက် AMOLED Display အစား BOE ကုမ္ပဏီကနေ ထုတ်လုပ်ပေးထားတဲ့ OLED Display တွေကို အသုံးပြုလာမယ်လို့ သိရပါတယ်။ အဆိုပါ OLED Display တွေက 6.9″ အရွယ်အစားရှိမှာဖြစ်တဲ့အပြင် ကွေးညွတ်နိုင်ဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Huawei ဟာ လက်ရှိအချိန်အထိ သူရဲ့ စမတ်ဖုန်းတွေမှာ Curved Display တွေကို ထည့်သွင်းခြင်းမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ Huawei P20 ဖုန်းတွေမိတ်ဆက်တုန်းက Huawei Mate RS ကိုပါ မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ Mate RS ဖုန်းက Curved Display အပြင် Under Display Fingerprint ပါ ပါဝင်နေတဲ့အတွက် အခု Huawei Mate 20 Pro ဖုန်းမှာလည်း Curved OLED Display ပါလာမယ်ဆိုတာက ပိုပြီး ဖြစ်နိုင်သွားပါတယ်။

Huawei Mate 20 ဖုန်းတွေဟာ ကင်မရာပိုင်းမှာတော့ ဒီနှစ်အစောပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ Huawei P20 ဖုန်းတွေနဲ့ တူညီနိုင်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ Kirin Processor အသစ်ကို အသုံးပြုလာမယ့်အပြင် ဒီဇိုင်းပိုင်းမှာလည်း ပြောင်းလဲထားမှာဖြစ်တယ်လို့ ယူဆရပါတယ်။