Zawgyi

စက္တင္ဘာလက က်င္းပခဲ့တဲ့ Apple Event မွာ iPhone အသစ္ေတြကို မိတ္ဆက္သြားတုန္းက Apple ကေနျပီး iPhone အသစ္သံုးလံုးရဲ႕ Notch ေတြနဲ႔ ေဘးေဘာင္ အရြယ္အစားေတြကို မေျပာျပခဲ့ပါဘူး။ လူတိုင္းကလဲ iPhone အသစ္သံုးလံုးဟာ Notch နဲ႔ ေဘးေဘာင္အရြယ္အစား အတူတူလို႔ ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ မေန႔က Mate 20 Series ဖုန္းအသစ္ မိတ္ဆက္ပြဲမွာေတာ့ HUAWEI ကေနျပီး iPhone အသစ္ေတြရဲ႕ Notch နဲ႔ ေဘးေဘာင္အရြယ္အစားေတြကြာျခားတဲ့အခ်က္ကို ေဖာ္ထုတ္လိုက္ပါျပီ။

Mate 20 Pro ရဲ႕ Notch အရြယ္အစားနဲ႔ ေဘးေဘာင္ေတြကို iPhone XS Max နဲ႔ iPhone XR တို႔နဲ႔ ႏွိုင္းယွဥ္ျပခဲ့တာပါ။ Mate 20 Pro ရဲ႕ ထိပ္ဘက္ Notch ဟာ 32.8mm ရွိျပီး ေဘးေဘာင္ေတြကေတာ့ 2.1mm ပဲရွိပါတယ္။ iPhone XS Max မွာေတာ့ ထိပ္ဘက္ Notch က 34.5mm ရွိကာ ေဘးေဘာင္ေတြက 4.0mm ရွိတဲ့ အတြက္ Mate 20 Pro ရဲ႕ ေဘးေဘာင္ေတြထက္ ႏွစ္ဆနီးနီးရွိပါတယ္။ ထူးျခားခ်က္ကေတာ့ iPhone XR ရဲ႕ Notch နဲ႔ ေဘးေဘာင္ေတြဟာ iPhone XS/ XS Max ထက္ ပိုၾကီးေနတာပါပဲ။ Notch အရြယ္အစား 35.1mm ရွိကာ ေဘးေဘာင္ေတြက 5.1mm ရွိပါတယ္။

HUAWEI ကေန အခုလို iPhone XR ရဲ႕ၾကီးမားတဲ့ Notch နဲ႔ ေဘးေဘာင္ေတြရဲ႕ အရြယ္အစားကို ေဖာ္ထုတ္လိုက္တာက သူ႔ရဲ႕ ေနာက္ဆံုးထြက္ Mate 20 Series ရဲ႕ ပါးလွပ္တဲ့ ေဘးေဘာင္ေတြရဲ႕ အရြယ္အစားကို ျမင္သာေအာင္ ႏွိုင္းယွဥ္ျပလိုက္တာပါ။ Mate 20 Pro မွာ 3D Face Unlock System ထည့္သြင္းထားလို႔ Sensor ေတြအတြက္ Notch မရွိမျဖစ္လိုအပ္ျပီး Waterdrop Notch ပံုစံ ထုတ္လို႔မရခဲ့ပါဘူး။ ဒါေပမယ့္ သာမာန္ Notch ေတြထက္ေသးငယ္လို႔ ၾကည့္ရမဆိုးပါဘူး။ ဒါ့အျပင္ မ်က္ႏွာျပင္ကို ခံုးခံုးေလးလုပ္ေပးထားျပီး ဖုန္းကိုယ္ထည္ က်စ္က်စ္လစ္လစ္ ရွိတဲ့အတြက္ ဒီဇိုင္းပိုင္း အရမ္းလွတဲ့ ဖုန္းတစ္လံုးျဖစ္လာပါတယ္။

Ref: Giz China

Unicode

စက်တင်ဘာလက ကျင်းပခဲ့တဲ့ Apple Event မှာ iPhone အသစ်တွေကို မိတ်ဆက်သွားတုန်းက Apple ကနေပြီး iPhone အသစ်သုံးလုံးရဲ့ Notch တွေနဲ့ ဘေးဘောင် အရွယ်အစားတွေကို မပြောပြခဲ့ပါဘူး။ လူတိုင်းကလဲ iPhone အသစ်သုံးလုံးဟာ Notch နဲ့ ဘေးဘောင်အရွယ်အစား အတူတူလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် မနေ့က Mate 20 Series ဖုန်းအသစ် မိတ်ဆက်ပွဲမှာတော့ HUAWEI ကနေပြီး iPhone အသစ်တွေရဲ့ Notch နဲ့ ဘေးဘောင်အရွယ်အစားတွေကွာခြားတဲ့အချက်ကို ဖော်ထုတ်လိုက်ပါပြီ။

Mate 20 Pro ရဲ့ Notch အရွယ်အစားနဲ့ ဘေးဘောင်တွေကို iPhone XS Max နဲ့ iPhone XR တို့နဲ့ နှိုင်းယှဉ်ပြခဲ့တာပါ။ Mate 20 Pro ရဲ့ ထိပ်ဘက် Notch ဟာ 32.8mm ရှိပြီး ဘေးဘောင်တွေကတော့ 2.1mm ပဲရှိပါတယ်။ iPhone XS Max မှာတော့ ထိပ်ဘက် Notch က 34.5mm ရှိကာ ဘေးဘောင်တွေက 4.0mm ရှိတဲ့ အတွက် Mate 20 Pro ရဲ့ ဘေးဘောင်တွေထက် နှစ်ဆနီးနီးရှိပါတယ်။ ထူးခြားချက်ကတော့ iPhone XR ရဲ့ Notch နဲ့ ဘေးဘောင်တွေဟာ iPhone XS/ XS Max ထက် ပိုကြီးနေတာပါပဲ။ Notch အရွယ်အစား 35.1mm ရှိကာ ဘေးဘောင်တွေက 5.1mm ရှိပါတယ်။

HUAWEI ကနေ အခုလို iPhone XR ရဲ့ကြီးမားတဲ့ Notch နဲ့ ဘေးဘောင်တွေရဲ့ အရွယ်အစားကို ဖော်ထုတ်လိုက်တာက သူ့ရဲ့ နောက်ဆုံးထွက် Mate 20 Series ရဲ့ ပါးလှပ်တဲ့ ဘေးဘောင်တွေရဲ့ အရွယ်အစားကို မြင်သာအောင် နှိုင်းယှဉ်ပြလိုက်တာပါ။ Mate 20 Pro မှာ 3D Face Unlock System ထည့်သွင်းထားလို့ Sensor တွေအတွက် Notch မရှိမဖြစ်လိုအပ်ပြီး Waterdrop Notch ပုံစံ ထုတ်လို့မရခဲ့ပါဘူး။ ဒါပေမယ့် သာမာန် Notch တွေထက်သေးငယ်လို့ ကြည့်ရမဆိုးပါဘူး။ ဒါ့အပြင် မျက်နှာပြင်ကို ခုံးခုံးလေးလုပ်ပေးထားပြီး ဖုန်းကိုယ်ထည် ကျစ်ကျစ်လစ်လစ် ရှိတဲ့အတွက် ဒီဇိုင်းပိုင်း အရမ်းလှတဲ့ ဖုန်းတစ်လုံးဖြစ်လာပါတယ်။

Ref: Giz China