တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Huawei အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ Huawei TalkBand B3 ကို မိတ်ဆက် ပေးခဲ့ပါတယ်။ ယခုအခါမှာတော့ TalkBand Series ရဲ့ မျိုးဆက်သစ် မော်ဒယ် TalkBand B5 ကို ထပ်မံ မိတ်ဆက် ပေးလိုက်ပြီ ဖြစ်ပါတယ်။

Huawei အနေနဲ့ TalkBand B5 ကို Sports Version, Business Version, Fashion Version စတဲ့ မော်ဒယ် သုံးမျိုး အနေနဲ့ မိတ်ဆက် ပေးခဲ့တာ ဖြစ်ပြီး Sports Version ကို ကန်ဒေါ်လာ ၁၄၉ ဒေါ်လာ၊ Business Version ကို ကန်ဒေါ်လာ ၁၇၈ ဒေါ်လာ၊ Fashion Version ကို ကန်ဒေါ်လာ ၂၂၃ ဒေါ်လာ နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

TalkBand B5 မှာ Display ပိုင်း အတွက် ၁.၁၃ လက်မ အရွယ်အစားရှိ (300 x 160) Pixels Full Color 2.5D Curved Glass Touch Display ကို အသုံးပြု ထားပါတယ်။ TalkBand B5 ရဲ့ Display အရွယ်အစားဟာ TalkBand B3 ထက် ၂.၄ ဆ ပိုမို ကြီးမားပြီး WeChat, QQ, SMS, News စတဲ့ Content တွေကို Display ပေါ်မှာ ပြသ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

TalkBand B5 ဟာ 2-In-1 Device တစ်ခု ဖြစ်တာကြောင့် Fitness Tracker အနေနဲ့ အပြင် Single-Ear Bluetooth Headset အနေနဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Wristband နဲ့ တွဲဆက်ထားတဲ့ အခါမျိုးမှာ Fitness Tracker အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး Wristband က ဖြုတ်လိုက်တဲ့ အခါမှာတော့ ဖုန်းပြောတဲ့ အခါမျိုးမှာ၊ သီချင်းနားထောင်တဲ့ အခါမျိုးမှာ အသုံးပြုတဲ့ Single-Ear Bluetooth Headset အနေနဲ့ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

Bluetooth Headset အဖြစ် အသုံးပြုတဲ့ အခါမှာ အဆင်ပြေပြေ အသုံးပြုနိုင်စေရန် အတွက် Huawei TalkBand B5 မှာ Triple Core Audio Chip ကို အသုံးပြုပေးထားပြီး Noise Reduction စနစ် ပါဝင်တဲ့ Dual Microphone ကို အသုံးပြု ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Caller ID Support, Call Mute Function, Speed Dial Option စတဲ့ Features တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Fitness Tracker အနေနဲ့ အသုံးပြုတဲ့ အခါမှာလည်း Huawei ရဲ့TruRelax နည်းပညာ ပါဝင်တာကြောင့် အသုံးပြုသူ ရဲ့ နှလုံးခုန်နှုန်း ကို လေ့လာဆန်းစစ်နိုင်မှာ ဖြစ်ပြီး TrueSleep 2.0၊ TrueSeen 2.0 စတဲ့ နည်းပညာတွေ Huawei TalkBand B5 မှာ ပါဝင်တာကြောင့် Fitness Tracker အနေနဲ့ အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Reminders, Voice Assistants, Alarm Clocks, Remote Control For Media Content, Phone Finder စတဲ့ Smartwatch တစ်လုံးမှာ ပါဝင်တဲ့ Features တွေလည်း Huawei TalkBand B5 မှာ ပါဝင်ပါသေးတယ်။ Huawei TalkBand B5 ဟာ IP67 Rating ရှိတာကြောင့် တော်ရုံ ရေစိုတာတွေ၊ ဖုန်ဝင်တာတွေ ကို ခံနိုင်ရည် ရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် TalkBand B5 ကို Bluetooth ကနေ တစ်ဆင့် Android 4.4 နဲ့ အထက် Devices တွေ၊ iOS 9.0 နဲ့ Devices တွေ နဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ TalkBand B5 မှာ 108 mAh ဘက်ထရီ ပါဝင်တာကြောင့် Bluetooth Headset အနေနဲ့ ဖုန်းပြောမယ် ဆိုရင် တစ်ခါ အားအပြည့် သွင်းထားရုံနဲ့ ၆နာရီကြာ ဖုန်းပြောနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Huawei TalkBand B5 Sports Edition ကို Ash, Black, Brown၊ Business Edition ကို Metal Strap၊ Fashion Edition ကို Silione, Leather၊ Stainless Steel စတဲ့ အရောင်တွေနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး မကြာမီ အချိန်အတွင်းမှာ နိုင်ငံတကာ ကို ဖြန့်ချီ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: Gizmo China