လက်ရှိ စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ အထူးသဖြင့် တရုတ်နိုင်ငံက စမတ်ဖုန်းကုမ္ပဏီတွေက နည်းပညာပိုင်းဆိုင်ရာပြိုင်ဆိုင်မှုတွေကို အသည်းအသန်ပြုလုပ်လာကြတာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် In-Display Fingerprint ပါတဲ့ စမတ်ဖုန်းတွေ၊ Full Screen Display ဖုန်းတွေကိုလည်း အမြောက်အများတွေ့လာရတာ မျက်မြင်ပါပဲ။

အခုအချိန်မှာလည်း တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Leagoo ကနေ In-Display Fingerprint နည်းပညာနဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်လာဦးမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အခု စမတ်ဖုန်းကို Leagoo က Leagoo S10 လို့ နာမည်ပေးထားတယ်လို့လည်း သိရပါတယ်။

Leagoo စမတ်ဖုန်းကုမ္ပဏီအတွက်ကတော့ အခု Leagoo S10 စမတ်ဖုန်းက ကုမ္ပဏီအတွက် Flagship ဖုန်းဖြစ်လာမှာဖြစ်ပေမယ့် ဈေးနှုန်းအနေနဲ့ကတော့ အခြားစမတ်ဖုန်းတွေနဲ့ယှဉ်ရင် သိသိသာသာကို ဈေးပေါနေမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီအခု Leagoo S10 စမတ်ဖုန်းက လက်ရှိမှာ ဈေးအပေါဆုံး In-Display Fingerprint ပါဝင်တဲ့ဖုန်းဖြစ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

အခု In-Display Fingerprint နည်းပညာဟာ Vivo ကနေ စတင်ခဲ့တဲ့ နည်းပညာဖြစ်ပြီးတော့ နောက်ပိုင်းမှာ Huawei Mate RS ၊ Xiaomi Mi 8 Explorer Edition တွေမှာ ပါဝင်လာတာပဲဖြစ်ပါတယ်။

အခု Leagoo S10 စမတ်ဖုန်းမှာ 6.21″ FullHD+ Display ပါဝင်မှာဖြစ်ပြီးတော့ 6GB ဒါမှမဟုတ် 8GB RAM နဲ့အတူ Storage ကလည်း 64GB ကနေ 256GB အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 710 သို့မဟုတ် MediaTek Helio P70 Processor ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ RAM နဲ့ Storage ပေါ်မှုတည်ပြီး 20MP + 13MP ဒါမှမဟုတ် 16MP+8MP Camera ၂ မျိုးကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ Selfie Camera ကိုတော့ အခုအချိန်အထိ မသိရှိရသေးပါဘူး။