Zawgyi

နည္းပညာတိုးတက္လာတာနဲ႔အမွ် စမတ္ဖုန္းေတြဟာလည္း ဒီဇိုင္းပိုင္းလွပလာျပီး ဖက္ရွင္က်လာပါတယ္။ အရင္ေခတ္ အုတ္ခဲတံုးလို ၾကီးမားတဲ့ ဆယ္လူလာ ဖုန္းေတြကေန အလြန္ပါးလွပ္တဲ့ စမတ္ဖုန္းေတြေခတ္ကိုေရာက္လာခဲ့တယ္။ အဲ့ကေနမွတစ္ဆင့္ ဖုန္းရဲ႕ ဒီဇိုင္းကာလာကို ပိုဂရုစိုက္လာခဲ့ၾကတယ္။ အခုဆိုရင္ ဖက္ရွင္ပိုင္းကို ဦးစားေပးသူေတြနဲ႔ အရမ္းသင့္ေတာ္မယ့္ HUAWEI ရဲ႕ ေနာက္ဆံုးထြက္ Mate 20 နဲ႔ Mate 20 Pro တို႔ကို မၾကာခင္ ျပည္တြင္းမွာ ဝယ္လို႔ရေတာ့မွာပါ။

Mate 20 နဲ႔ Mate 20 Pro ဟာ ဒီဇိုင္းပိုင္းအရမ္းလွပတဲ့ ဖုန္းေတြျဖစ္ျပီး အေနာက္ဘက္ လွပတဲ့ မွန္သားမ်က္ႏွာျပင္နဲ႔ ေဘးေဘာင္ေတြကို အၾကမ္းခံေစဖို႔ Aluminum သတၳဳနဲ႔ျပဳလုပ္ေပးထားပါတယ္။ အေနာက္ဘက္မွန္သားမ်က္ႏွာျပင္ကို အျမင္ပိုင္းဆန္းသစ္လွပေစဖို႔ အလင္းျပန္မွုအားေကာင္းျပီး အလင္းျပန္တဲ့ေထာင့္ခ်ိဳးအလိုက္ အေရာင္ေျပာင္းတဲ့ Hyper Optical Pattern ထည့္သြင္းေပးထားပါတယ္။ ဖုန္းႏွစ္လံုးရဲ႕ အေရွ႕ဘက္ ဒီဇိုင္းကေတာ့ အနည္းငယ္ကြဲျပားပါတယ္။ Mate 20 ရဲ႕ေရွ႕ဘက္ မ်က္ႏွာျပင္ထိပ္က Notch ဟာ Selfie ကင္မရာ တစ္လံုးစာအတြက္ပဲ ေနရာယူထားတဲ့ အတြက္ Screen-to-Body Ratio အရမ္းေကာင္းကာ မ်က္ႏွာျပင္အျပည့္နီးပါးျဖစ္ေနျပီး Mate 20 Pro မွာေတာ့ 3D Face Unlock (သံုးဘက္ျမင္ မ်က္ႏွာမွတ္သားပံုေဖာ္စနစ္) ကို အသံုးျပဳထားတဲ့အတြက္ အာရံုခံ ကိရိယာေတြပိုသံုးရမွာမို႔ Notch ဘားတန္းေသးေသးကို တပ္ဆင္ေပးထားပါတယ္။ Mate 20 Series မွာ ကင္မရာသံုးလံုးနဲ႔ LED Flash Light မီးသီးေလးေတြကို ေလးေထာင့္ကြက္ ေဘာင္ေလးထဲမွာ Matrix ဒီဇိုင္းနဲ႔ စီျပီးတပ္ဆင္ေပးထားလို႔ အျမင္ပိုင္းအရမ္းဆန္းသစ္သြားေစျပီး ဖက္ရွင္အရမ္းက်ပါတယ္။ ဖုန္းအထူကေတာ့ Mate 20 ဟာ 8.3mm ရွိျပီး Mate 20 Pro ကေတာ့ 8.6mm ရွိပါတယ္။

Mate 20 မွာ 6.53-inch အရြယ္ရွိ 1080 x 2244 pixels ရွိတဲ့ Full HD+ LCD Display ကိုတပ္ဆင္ေပးထားျပီး 18.7:9 အခ်ိဳးအစားရွိကာ တစ္လက္မ မွာ Pixel ပမာဏ 381ppi ပါဝင္ပါတယ္။ အေပၚမွာေျပာသြားသလိုပဲ Mate 20 မွာ 3D Face Unlock စနစ္မပါေတာ့ Sensor ေတြအမ်ားၾကီးထည့္ေပးစရာမလိုေတာ့ပဲ ဖုန္းထိပ္ဘက္ Notch က Selfie ကင္မရာ တစ္လံုးစာပဲေနရာယူထားပါတယ္။ LCD အမ်ိဳးအစား Display ကိုအသံုးျပဳထားေပမယ့္ DCI-P3 နဲ႔ HDR-10 အေထာက္အပံ့ပါလို႔ ရုပ္ရွင္ေတြၾကည့္ ဂိမ္းေတြေဆာ့တဲ့ေနရာမွာ ၾကည္လင္ျပတ္သားတဲ့ ရုပ္ထြက္ေတြကို ေဖာ္ျပေပးႏုိင္မွာပါ။

Mate 20 Pro မွာေတာ့ 6.39-inch အရြယ္ရွိ 1440 x 3120 pixels Resolution ရွိတဲ့ AMOLED Display ကိုတပ္ဆင္ေပးထားျပီး မ်က္ႏွာျပင္အခ်ိဳးအစားက 19.5:9 ရွိျပီး တစ္လက္မကို 538 Pixel ပါဝင္ပါတယ္။ AMOLED အမ်ိဳးအစား Display ျဖစ္လို႔ အမဲေရာင္ေတြကို ပိုျပီးတိတိက်က် ေဖာ္ျပေပးႏိုင္မွာျဖစ္ျပီး ဘက္ထရီလည္း အကုန္သက္သာေစမွာပါ။ Mate 20 လိုပဲ DCI-P3 နဲ႔ HDR 10 အေထာက္အပံ့လည္းပါဝင္ပါေသးတယ္။ Mate 20 Pro ရဲ႕ Screen ထိပ္ဘက္မွာ ေသးေကြး က်စ္လစ္တဲ့ Notch ဘားတန္းေလးကို တပ္ဆင္ေပးထားျပီး Notch ထဲမွာ 3D Face Unlock စနစ္ကို ေထာက္ပ့ံေပးဖို႔အတြက္ Sensor ေတြကိုတန္းစီျပီး တပ္ဆင္ေပးထားပါတယ္။

P20 Pro ဟာ ကမၻာ့အေကာင္းဆံုး ကင္မရာ ဖုန္းတစ္လံုးျဖစ္ခဲ့ျပီး အခုေနာက္ထပ္ထြက္လာတဲ့ Mate 20 နဲ႔ Mate 20 Pro ဟာလည္း HUAWEI ရဲ႕ အေကာင္းဆံုး ကင္မရာဆိုတဲ့ ဂုဏ္သတင္းကို ဆက္လက္ ထိန္းထားႏိုင္မွာပါ။ အေပၚမွာေျပာထားသလိုပဲ Mate 20 ေရာ Mate 20 Pro ေရာမွာ ကင္မရာ သံုးလံုးတြဲ စနစ္ကိုအသံုးျပဳေပးထားတယ္။ ဖုန္းႏွစ္လံုးစလံုးရဲ႕ အေရွ႕ဘက္မွာ 24MP ရွိတဲ့ Selfie Camera တပ္ဆင္ေပးထားျပီး Mate 20 Pro မွာေတာ့ သံုးဘက္ျမင္ မ်က္ႏွာပံုေဖာ္မွတ္သား စနစ္အတြက္ 3D-Depth Sensor ေတြတပ္ဆင္ေပးထားပါတယ္။

Mate 20 ေရာ Mate 20 Pro မွာ အသံုးျပဳထားတဲ့ Lens ေတြအကုန္လံုးဟာ နာမည္ၾကီး ကင္မရာ နဲ႔ Lens ေတြထုတ္တဲ့ Leica ကုမၸဏီနဲ႔ ပူးေပါင္းျပီး ထုတ္ထားတဲ့ Lens ေတြမို႔ အရည္အေသြးကေတာ့ ေျပာစရာမလိုေအာင္ ေကာင္းပါတယ္။

စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ HUAWEI ရဲ႕ ကိုယ္ပိုင္ ေနာက္ဆံုးထုတ္ Flagship Mobile SoC ျဖစ္တဲ့ Kirin 980 SoC ကိုအသံုးျပဳေပးထားပါတယ္။ AnTuTu ရမွတ္ေတြအရ Mate 20 နဲ႔ 20 Pro ဟာ ျပိဳင္ဘက္ Flagship ဖုန္းေတြထက္ ေတာ္ေတာ္ေလး သာလြန္ေနျပီး အဆင့္ျမင့္ AI Feature ေတြေၾကာင့္ သာလြန္ေကာင္းမြန္တဲ့ အေတြ႔အၾကံဳကို ရရွိမွာပါ။

အင္တာနက္ ကြန္ရက္စနစ္မွာလည္း သာမာန္ 4G
စနစ္ထက္ ပိုျမန္တဲ့ 4.5G LTE အေထာက္အပံ့ပါဝင္လို႔ Dowload Speed 1.4Gbps အထိရရွိမွာပါ။ Wi-Fi စနစ္ပိုင္းမွာလည္း 2GB အရြယ္အစားရွိ File တစ္ခုကို ေဒါင္းဖို႔ ၂ စကၠန္႔သာၾကာတဲ့ အျမန္ဆံုး Wi-Fi Speed ကိုရရွိမွာပါ။

ဘက္ထရီပိုင္းမွာေတာ့ Mate 20 မွာ 4,000mAh ရွိတဲ့ ဘက္ထရီ ထည့္ေပးထားျပီး Mate 20 Pro မွာေတာ့ 4,200mAh ရွိတဲ့ ဘက္ထရီ ထည့္သြင္းေပးထားပါတယ္။ 40W ရွိတဲ့ အားအျမန္သြင္းစနစ္ပါဝင္တာေၾကာင့္ အရြယ္အစားၾကီးမားတဲ့ Mate 20 နဲ႔ Mate 20 Pro တို႔ရဲ႕ ဘက္ထရီေတြကို USB Type-C ေပါက္ကေနတစ္ဆင့္ နာရီဝက္ အခ်ိန္အတြင္း 70% ထိ အားသြင္းေပးႏိုင္ပါတယ္။

Operating System ပိုင္းမွာေတာ့ ေနာက္ဆံုးထြက္ Android OS ျဖစ္တဲ့ Android 9.0 ကို ျပဳျပင္ခ်ယ္သထားတဲ့ HUAWEI ရဲ႕ ကိုယ္ပိုင္ EMUI 9.0 ကိုအသံုးျပဳေပးထားပါတယ္။ AI လုပ္ေဆာင္ခ်က္ေတြပါအားျဖည့္ေပးထားတဲ့ အတြက္ ကိုယ္အသံုးျပဳတဲ့ Pattern ေတြကို မွတ္သားထားျပီး အသံုးျပဳမယ့္ App ေတြကို ၾကိဳတင္ျပင္ဆင္ေပးထားတာေၾကာင့္ အလြန္လွ်င္ျမန္တဲ့ App Loading Time ကိုရရွိမွာပါ။

ေစ်းႏွုန္းေတြကေတာ့ Huawei Mate 20 (4GB + 128GB configuration) ကို MSRP ယူ႐ုိ ၇၉၉ ျဖင့္ေသာ္လည္းေကာင္း၊ Huawei Mate 20 (6GB + 128GB configuration) ကို MSRP ယူ႐ုိ ၈၄၉ နဲ႔ေရာင္းခ်ပါတယ္။

Huawei Mate 20 Pro (6GB + 128GB configuration) ကိုေတာ့ MSRP ယူ႐ုိ ၁၀၄၉ နဲ႔ေရာင္းခ်မွာပါ။ Mate 20 Series ဖုန္းေတြကို ယူေကနဲ႔ ျပင္သစ္ အစရွိတဲ့ ျပည္ပႏိုင္ငံေတြမွာ ေအာက္တိုဘာလ ၁၆ ရက္ေန႔ကတည္းကစျပီး ဝယ္ယူလို႔ရေနပါျပီ။

ျပည္တြင္းမွာေတာ့ Huawei Mate 20 နဲ႔ Huawei Mate 20 Pro ကို ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာ တရားဝင္မိတ္ဆက္သြားမွာျဖစ္ၿပီး ႏိုဝင္ဘာလ ဒုတိယအပတ္က စျပီး ေစ်းကြက္ထဲကို ေရာက္ရွိလာမွာပါ။ ေစ်းႏွုန္းေတြကေတာ့ အေပၚမွာျပထားတဲ့ ယူရိုေစ်း ဝန္းက်င္ရွိမွာျဖစ္ျပီး ဖက္ရွင္အရမ္းက်တဲ့ အေရာင္္ေတြျဖစ္တဲ့ Emerald Green, Midnight Blue, Twilight, Pink Gold, Black ဆိုတဲ့ အေရာင္ေတြနဲ႔ ဝယ္ယူႏိုင္ပါတယ္။

Unicode

နည်းပညာတိုးတက်လာတာနဲ့အမျှ စမတ်ဖုန်းတွေဟာလည်း ဒီဇိုင်းပိုင်းလှပလာပြီး ဖက်ရှင်ကျလာပါတယ်။ အရင်ခေတ် အုတ်ခဲတုံးလို ကြီးမားတဲ့ ဆယ်လူလာ ဖုန်းတွေကနေ အလွန်ပါးလှပ်တဲ့ စမတ်ဖုန်းတွေခေတ်ကိုရောက်လာခဲ့တယ်။ အဲ့ကနေမှတစ်ဆင့် ဖုန်းရဲ့ ဒီဇိုင်းကာလာကို ပိုဂရုစိုက်လာခဲ့ကြတယ်။ အခုဆိုရင် ဖက်ရှင်ပိုင်းကို ဦးစားပေးသူတွေနဲ့ အရမ်းသင့်တော်မယ့် HUAWEI ရဲ့ နောက်ဆုံးထွက် Mate 20 နဲ့ Mate 20 Pro တို့ကို မကြာခင် ပြည်တွင်းမှာ ဝယ်လို့ရတော့မှာပါ။

Mate 20 နဲ့ Mate 20 Pro ဟာ ဒီဇိုင်းပိုင်းအရမ်းလှပတဲ့ ဖုန်းတွေဖြစ်ပြီး အနောက်ဘက် လှပတဲ့ မှန်သားမျက်နှာပြင်နဲ့ ဘေးဘောင်တွေကို အကြမ်းခံစေဖို့ Aluminum သတ္ထုနဲ့ပြုလုပ်ပေးထားပါတယ်။ အနောက်ဘက်မှန်သားမျက်နှာပြင်ကို အမြင်ပိုင်းဆန်းသစ်လှပစေဖို့ အလင်းပြန်မှုအားကောင်းပြီး အလင်းပြန်တဲ့ထောင့်ချိုးအလိုက် အရောင်ပြောင်းတဲ့ Hyper Optical Pattern ထည့်သွင်းပေးထားပါတယ်။ ဖုန်းနှစ်လုံးရဲ့ အရှေ့ဘက် ဒီဇိုင်းကတော့ အနည်းငယ်ကွဲပြားပါတယ်။ Mate 20 ရဲ့ရှေ့ဘက် မျက်နှာပြင်ထိပ်က Notch ဟာ Selfie ကင်မရာ တစ်လုံးစာအတွက်ပဲ နေရာယူထားတဲ့ အတွက် Screen-to-Body Ratio အရမ်းကောင်းကာ မျက်နှာပြင်အပြည့်နီးပါးဖြစ်နေပြီး Mate 20 Pro မှာတော့ 3D Face Unlock (သုံးဘက်မြင် မျက်နှာမှတ်သားပုံဖော်စနစ်) ကို အသုံးပြုထားတဲ့အတွက် အာရုံခံ ကိရိယာတွေပိုသုံးရမှာမို့ Notch ဘားတန်းသေးသေးကို တပ်ဆင်ပေးထားပါတယ်။ Mate 20 Series မှာ ကင်မရာသုံးလုံးနဲ့ LED Flash Light မီးသီးလေးတွေကို လေးထောင့်ကွက် ဘောင်လေးထဲမှာ Matrix ဒီဇိုင်းနဲ့ စီပြီးတပ်ဆင်ပေးထားလို့ အမြင်ပိုင်းအရမ်းဆန်းသစ်သွားစေပြီး ဖက်ရှင်အရမ်းကျပါတယ်။ ဖုန်းအထူကတော့ Mate 20 ဟာ 8.3mm ရှိပြီး Mate 20 Pro ကတော့ 8.6mm ရှိပါတယ်။

Mate 20 မှာ 6.53-inch အရွယ်ရှိ 1080 x 2244 pixels ရှိတဲ့ Full HD+ LCD Display ကိုတပ်ဆင်ပေးထားပြီး 18.7:9 အချိုးအစားရှိကာ တစ်လက်မ မှာ Pixel ပမာဏ 381ppi ပါဝင်ပါတယ်။ အပေါ်မှာပြောသွားသလိုပဲ Mate 20 မှာ 3D Face Unlock စနစ်မပါတော့ Sensor တွေအများကြီးထည့်ပေးစရာမလိုတော့ပဲ ဖုန်းထိပ်ဘက် Notch က Selfie ကင်မရာ တစ်လုံးစာပဲနေရာယူထားပါတယ်။ LCD အမျိုးအစား Display ကိုအသုံးပြုထားပေမယ့် DCI-P3 နဲ့ HDR-10 အထောက်အပံ့ပါလို့ ရုပ်ရှင်တွေကြည့် ဂိမ်းတွေဆော့တဲ့နေရာမှာ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်တွေကို ဖော်ပြပေးနိုင်မှာပါ။

Mate 20 Pro မှာတော့ 6.39-inch အရွယ်ရှိ 1440 x 3120 pixels Resolution ရှိတဲ့ AMOLED Display ကိုတပ်ဆင်ပေးထားပြီး မျက်နှာပြင်အချိုးအစားက 19.5:9 ရှိပြီး တစ်လက်မကို 538 Pixel ပါဝင်ပါတယ်။ AMOLED အမျိုးအစား Display ဖြစ်လို့ အမဲရောင်တွေကို ပိုပြီးတိတိကျကျ ဖော်ပြပေးနိုင်မှာဖြစ်ပြီး ဘက်ထရီလည်း အကုန်သက်သာစေမှာပါ။ Mate 20 လိုပဲ DCI-P3 နဲ့ HDR 10 အထောက်အပံ့လည်းပါဝင်ပါသေးတယ်။ Mate 20 Pro ရဲ့ Screen ထိပ်ဘက်မှာ သေးကွေး ကျစ်လစ်တဲ့ Notch ဘားတန်းလေးကို တပ်ဆင်ပေးထားပြီး Notch ထဲမှာ 3D Face Unlock စနစ်ကို ထောက်ပံ့ပေးဖို့အတွက် Sensor တွေကိုတန်းစီပြီး တပ်ဆင်ပေးထားပါတယ်။

P20 Pro ဟာ ကမ္ဘာ့အကောင်းဆုံး ကင်မရာ ဖုန်းတစ်လုံးဖြစ်ခဲ့ပြီး အခုနောက်ထပ်ထွက်လာတဲ့ Mate 20 နဲ့ Mate 20 Pro ဟာလည်း HUAWEI ရဲ့ အကောင်းဆုံး ကင်မရာဆိုတဲ့ ဂုဏ်သတင်းကို ဆက်လက် ထိန်းထားနိုင်မှာပါ။ အပေါ်မှာပြောထားသလိုပဲ Mate 20 ရော Mate 20 Pro ရောမှာ ကင်မရာ သုံးလုံးတွဲ စနစ်ကိုအသုံးပြုပေးထားတယ်။ ဖုန်းနှစ်လုံးစလုံးရဲ့ အရှေ့ဘက်မှာ 24MP ရှိတဲ့ Selfie Camera တပ်ဆင်ပေးထားပြီး Mate 20 Pro မှာတော့ သုံးဘက်မြင် မျက်နှာပုံဖော်မှတ်သား စနစ်အတွက် 3D-Depth Sensor တွေတပ်ဆင်ပေးထားပါတယ်။

Mate 20 ရော Mate 20 Pro မှာ အသုံးပြုထားတဲ့ Lens တွေအကုန်လုံးဟာ နာမည်ကြီး ကင်မရာ နဲ့ Lens တွေထုတ်တဲ့ Leica ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ထုတ်ထားတဲ့ Lens တွေမို့ အရည်အသွေးကတော့ ပြောစရာမလိုအောင် ကောင်းပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ HUAWEI ရဲ့ ကိုယ်ပိုင် နောက်ဆုံးထုတ် Flagship Mobile SoC ဖြစ်တဲ့ Kirin 980 SoC ကိုအသုံးပြုပေးထားပါတယ်။ AnTuTu ရမှတ်တွေအရ Mate 20 နဲ့ 20 Pro ဟာ ပြိုင်ဘက် Flagship ဖုန်းတွေထက် တော်တော်လေး သာလွန်နေပြီး အဆင့်မြင့် AI Feature တွေကြောင့် သာလွန်ကောင်းမွန်တဲ့ အတွေ့အကြုံကို ရရှိမှာပါ။

အင်တာနက် ကွန်ရက်စနစ်မှာလည်း သာမာန် 4G
စနစ်ထက် ပိုမြန်တဲ့ 4.5G LTE အထောက်အပံ့ပါဝင်လို့ Dowload Speed 1.4Gbps အထိရရှိမှာပါ။ Wi-Fi စနစ်ပိုင်းမှာလည်း 2GB အရွယ်အစားရှိ File တစ်ခုကို ဒေါင်းဖို့ ၂ စက္ကန့်သာကြာတဲ့ အမြန်ဆုံး Wi-Fi Speed ကိုရရှိမှာပါ။

ဘက်ထရီပိုင်းမှာတော့ Mate 20 မှာ 4,000mAh ရှိတဲ့ ဘက်ထရီ ထည့်ပေးထားပြီး Mate 20 Pro မှာတော့ 4,200mAh ရှိတဲ့ ဘက်ထရီ ထည့်သွင်းပေးထားပါတယ်။ 40W ရှိတဲ့ အားအမြန်သွင်းစနစ်ပါဝင်တာကြောင့် အရွယ်အစားကြီးမားတဲ့ Mate 20 နဲ့ Mate 20 Pro တို့ရဲ့ ဘက်ထရီတွေကို USB Type-C ပေါက်ကနေတစ်ဆင့် နာရီဝက် အချိန်အတွင်း 70% ထိ အားသွင်းပေးနိုင်ပါတယ်။

Operating System ပိုင်းမှာတော့ နောက်ဆုံးထွက် Android OS ဖြစ်တဲ့ Android 9.0 ကို ပြုပြင်ချယ်သထားတဲ့ HUAWEI ရဲ့ ကိုယ်ပိုင် EMUI 9.0 ကိုအသုံးပြုပေးထားပါတယ်။ AI လုပ်ဆောင်ချက်တွေပါအားဖြည့်ပေးထားတဲ့ အတွက် ကိုယ်အသုံးပြုတဲ့ Pattern တွေကို မှတ်သားထားပြီး အသုံးပြုမယ့် App တွေကို ကြိုတင်ပြင်ဆင်ပေးထားတာကြောင့် အလွန်လျှင်မြန်တဲ့ App Loading Time ကိုရရှိမှာပါ။

ဈေးနှုန်းတွေကတော့ Huawei Mate 20 (4GB + 128GB configuration) ကို MSRP ယူရို ၇၉၉ ဖြင့်သော်လည်းကောင်း၊ Huawei Mate 20 (6GB + 128GB configuration) ကို MSRP ယူရို ၈၄၉ နဲ့ရောင်းချပါတယ်။

Huawei Mate 20 Pro (6GB + 128GB configuration) ကိုတော့ MSRP ယူရို ၁၀၄၉ နဲ့ရောင်းချမှာပါ။ Mate 20 Series ဖုန်းတွေကို ယူကေနဲ့ ပြင်သစ် အစရှိတဲ့ ပြည်ပနိုင်ငံတွေမှာ အောက်တိုဘာလ ၁၆ ရက်နေ့ကတည်းကစပြီး ဝယ်ယူလို့ရနေပါပြီ။

ပြည်တွင်းမှာတော့ Huawei Mate 20 နဲ့ Huawei Mate 20 Pro ကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး နိုဝင်ဘာလ ဒုတိယအပတ်က စပြီး ဈေးကွက်ထဲကို ရောက်ရှိလာမှာပါ။ ဈေးနှုန်းတွေကတော့ အပေါ်မှာပြထားတဲ့ ယူရိုဈေး ဝန်းကျင်ရှိမှာဖြစ်ပြီး ဖက်ရှင်အရမ်းကျတဲ့ အရောင်တွေဖြစ်တဲ့ Emerald Green, Midnight Blue, Twilight, Pink Gold, Black ဆိုတဲ့ အရောင်တွေနဲ့ ဝယ်ယူနိုင်ပါတယ်။