Zawgyi

ႏိုဝင္ဘာ ၈ ရက္ေန႔က Huawei ကေနျပီး သူ႔ရဲ႕ Weibo ကေနျပီး Huawei Mate 20 RS Porsche Design ကိုစတင္ေရာင္းခ်မယ့္ ရက္ကိုေၾကညာလိုက္ပါတယ္။ နာမည္ၾကီး ကားကုမၸဏီ Porsche နဲ႔ ပူးေပါင္းျပီး ထုတ္လုပ္လိုက္တဲ့ အဆိုပါ Mate 20 RS Porsche Design ကို လာမယ့္ ႏိုဝင္ဘာ ၁၇ ရက္ေန႔ကစျပီး တရုတ္ျပည္မွာ စတင္ဝယ္ယူႏိုင္ေတာ့မွာပါ။ လူတိုင္းသိတဲ့အတိုင္းပဲ နာမည္ေက်ာ္ ကားကုမၸဏီ Porsche နဲေပါင္းျပီထုတ္ထားတာျဖစ္လို႔ ေစ်းႏွုန္းကေတာ့ အေတာ္ေလးကို ျမင့္ပါတယ္။ ေစ်းႏွုန္းကေတာ့ တရုတ္ယြမ္ ၁၂,၉၉၉ ျဖစ္ျပီး ျမန္မာေငြ သိန္းႏွစ္ဆယ္ေက်ာ္ သံုဆယ္နားထိ ရွိႏိုင္ပါတယ္။ Mate 20 RS Porsche Design ရဲ႕ ဒီဇိုင္းကေတာ့ အရင္ ထြက္ထားတဲ့ Mate RS Porsche Design နဲ႔ ဆင္တူပါတယ္။

Mate 20 RS Porsche Design ရဲ႕ ေနာက္ေက်ာဘက္မွာ ျပိဳင္ကားေတြမွာေတြ႔ရတဲ့ပံုစံမ်ိဴး အနက္ေရာင္ လိုင္းတစ္လိုင္းကို ခ်ယ္သထားျပီး အရည္အေသြးျမင့္ သားေရနဲ႔ ဖံုးအုပ္ေပးထားတဲ့အတြက္ ကိုင္တြယ္ရတာ အေတာ္ေလး ႏူးည့ံပါတယ္။ အနီ နဲ႔ အနက္ကို တြဲဖက္ေပးထားတာက အေတာ္ေလးလိုက္ဖက္ျပီး ဆြဲေဆာင္မွုရွိပါတယ္။ နဂို မူလ Mate 20 ဖုန္းေတြလိုပဲ ေနာက္ေက်ာဘက္ ကင္မရာေတြကို ေလးေထာင့္ကြက္ထဲမွာ ထည့္သြင္းေပးထားပါတယ္။ ထူးျခားခ်က္ကေတာ့ Flash မီးသီးကို အေသးစိတ္ျပဳလုပ္ထားျပီး Porsche Eye လို႔ေခၚပါတယ္။ အဆိုပါ Flash မီးသီးကို ျပဳလုပ္ဖို႔အတြက္ ၁၈ လ အခ်ိန္ယူခဲ့ရတယ္လို႔ သိရပါတယ္။

Mate 20 နဲ႔ Mate 20 Pro လိုပဲ ဒီ Mate 20 RS Porsche Design မွာ Huawei ရဲ႕ ေနာက္ဆံုးထုတ္ Flagship SoC Kirin 980 ကိုတပ္ဆင္ေမာင္းႏွင္ေပးထားျပီး 8GB RAM နဲ႔အတူ Internal Storage ပမာဏ 256GB နဲ႔ 512GB ဆိုျပီး ႏွစ္မ်ိဳး ေရြးခ်ယ္ဝယ္ယူႏုိင္ပါတယ္။ Mate 20 Pro မွာ တပ္ဆင္ေပးထားတဲ့ ကင္မရာ သံုးလံုးကိုပဲ အခု Mate 20 RS Porsche Design မွာ တပ္ဆင္ေပးထားပါတယ္။ Storage ထပ္တိုးခ်င္ရင္လည္း Huawei ရဲ႕ ကိုယ္ပိုင္ NM Card လို႔ေခၚတဲ့ Memory Card ဝယ္ျပီး ထပ္မံတိုးခ်ဲ႕လို႔ရပါေသးတယ္။ ဒီဇိုင္းပိုင္း ကြဲျပားသြားတာကလြဲလို႔ က်န္တဲ့ Spec ေတြကေတာ့ Mate 20 Pro နဲ႔ အတူတူပဲျဖစ္ျပီး 3D Faceunlock, Leica ကင္မရာေတြ နဲ႔ 4,200mAh ဘက္ထရီကို 40W နဲ႔ အားသြင္းႏိုင္တဲ့ အခ်က္ေတြ အကုန္လံုးက အတူတူပါပဲ။

Ref: Gizchina

Unicode

နိုဝင်ဘာ ၈ ရက်နေ့က Huawei ကနေပြီး သူ့ရဲ့ Weibo ကနေပြီး Huawei Mate 20 RS Porsche Design ကိုစတင်ရောင်းချမယ့် ရက်ကိုကြေညာလိုက်ပါတယ်။ နာမည်ကြီး ကားကုမ္ပဏီ Porsche နဲ့ ပူးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ အဆိုပါ Mate 20 RS Porsche Design ကို လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့ကစပြီး တရုတ်ပြည်မှာ စတင်ဝယ်ယူနိုင်တော့မှာပါ။ လူတိုင်းသိတဲ့အတိုင်းပဲ နာမည်ကျော် ကားကုမ္ပဏီ Porsche နဲပေါင်းပြီထုတ်ထားတာဖြစ်လို့ ဈေးနှုန်းကတော့ အတော်လေးကို မြင့်ပါတယ်။ ဈေးနှုန်းကတော့ တရုတ်ယွမ် ၁၂,၉၉၉ ဖြစ်ပြီး မြန်မာငွေ သိန်းနှစ်ဆယ်ကျော် သုံဆယ်နားထိ ရှိနိုင်ပါတယ်။ Mate 20 RS Porsche Design ရဲ့ ဒီဇိုင်းကတော့ အရင် ထွက်ထားတဲ့ Mate RS Porsche Design နဲ့ ဆင်တူပါတယ်။

Mate 20 RS Porsche Design ရဲ့ နောက်ကျောဘက်မှာ ပြိုင်ကားတွေမှာတွေ့ရတဲ့ပုံစံမျိူး အနက်ရောင် လိုင်းတစ်လိုင်းကို ချယ်သထားပြီး အရည်အသွေးမြင့် သားရေနဲ့ ဖုံးအုပ်ပေးထားတဲ့အတွက် ကိုင်တွယ်ရတာ အတော်လေး နူးညံ့ပါတယ်။ အနီ နဲ့ အနက်ကို တွဲဖက်ပေးထားတာက အတော်လေးလိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ နဂို မူလ Mate 20 ဖုန်းတွေလိုပဲ နောက်ကျောဘက် ကင်မရာတွေကို လေးထောင့်ကွက်ထဲမှာ ထည့်သွင်းပေးထားပါတယ်။ ထူးခြားချက်ကတော့ Flash မီးသီးကို အသေးစိတ်ပြုလုပ်ထားပြီး Porsche Eye လို့ခေါ်ပါတယ်။ အဆိုပါ Flash မီးသီးကို ပြုလုပ်ဖို့အတွက် ၁၈ လ အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။

Mate 20 နဲ့ Mate 20 Pro လိုပဲ ဒီ Mate 20 RS Porsche Design မှာ Huawei ရဲ့ နောက်ဆုံးထုတ် Flagship SoC Kirin 980 ကိုတပ်ဆင်မောင်းနှင်ပေးထားပြီး 8GB RAM နဲ့အတူ Internal Storage ပမာဏ 256GB နဲ့ 512GB ဆိုပြီး နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Mate 20 Pro မှာ တပ်ဆင်ပေးထားတဲ့ ကင်မရာ သုံးလုံးကိုပဲ အခု Mate 20 RS Porsche Design မှာ တပ်ဆင်ပေးထားပါတယ်။ Storage ထပ်တိုးချင်ရင်လည်း Huawei ရဲ့ ကိုယ်ပိုင် NM Card လို့ခေါ်တဲ့ Memory Card ဝယ်ပြီး ထပ်မံတိုးချဲ့လို့ရပါသေးတယ်။ ဒီဇိုင်းပိုင်း ကွဲပြားသွားတာကလွဲလို့ ကျန်တဲ့ Spec တွေကတော့ Mate 20 Pro နဲ့ အတူတူပဲဖြစ်ပြီး 3D Faceunlock, Leica ကင်မရာတွေ နဲ့ 4,200mAh ဘက်ထရီကို 40W နဲ့ အားသွင်းနိုင်တဲ့ အချက်တွေ အကုန်လုံးက အတူတူပါပဲ။

Ref: Gizchina