Meizu ကနေ အခုအချိန်မှာ Meizu 15 စမတ်ဖုန်းကို ရောင်းချနေတုန်းပဲဖြစ်ပေမယ့် လက်ရှိအချိန်မှာ Meizu 16 စမတ်ဖုန်းကို ထုတ်လုပ်ဖို့ စီစဉ်နေပြီပဲဖြစ်ပါတယ်။ လက်ရှိသိထားရတဲ့သတင်းတွေအရတော့ Meizu 16 နဲ့ 16 Plus စမတ်ဖုန်းတွေက သိသိသာသာကို ကောင်းမွန်တဲ့စမတ်ဖုန်းတွေဖြစ်လာတော့မှာပါ။

Meizu က ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Meizu 16 စမတ်ဖုန်းတွေက Qualcomm Snapdragon 845 ကို အသုံးပြုလာမယ့်စမတ်ဖုန်းတွေဖြစ်တယ်လို့ သိရပြီးတော့ အခုအချိန်မှာ Meizu ရဲ့ CEO & Founder Jack Wong ကနေ နောက်ထပ် အချက်အလက်တွေကို ပြောကြားခဲ့ပါတယ်။

Jack Wong ရဲ့ ပြောကြားချက်အရတော့ Meizu 16 စမတ်ဖုန်းဟာ Apple iPhone X နဲ့ Xiaomi Mi 8 စမတ်ဖုန်းတွေထက် ဘေးဘောင်တွေပိုပြီး သေးငယ်မှာဖြစ်ပြီးတော့ အနည်းဆုံး Screen-to-body Ratio က 84% အထိ ရှိလာမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးပဲ Meizu 16 နဲ့ 16 Plus စမတ်ဖုန်းတွေက မတူညီတဲ့ Chipset တွေကိုအသုံးပြုလာမှာဖြစ်ပြီတော့ Meizu 16 မှာ Snapdragon 710 Processor ၊ Meizu 16 Plus မှာ Snapdragon 845 Processor တွေပါဝင်လာမယ်လို့ သိရပါတယ်။

နောက်ထပ် ထူးခြားတဲ့အချက်တစ်ခုကတော့ Meizu ဟာ Meizu 16 Plus စမတ်ဖုန်းမှာ In-Display Fingerprint နည်းပညာကိုပါ အသုံးပြုလာမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Meizu 16 ဖုန်းတွေက Xiaomi Mi 8 ကို ယှဉ်ပြိုင်ဖို့ စိတ်ကူးနေပုံပါပဲ။