Zawgyi

သံုးသိန္းနဲ႔ ေလးသိန္းၾကား စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ ဖုန္းတစ္လံုးရွာေနတယ္ဆိုရင္ HUAWEI နဲ႔ Xiaomi ဖုန္းေတြထဲက အေတာ္ေလးေကာင္းမြန္တဲ့ ဖုန္းေတြရႏိုင္ပါတယ္။ HUAWEI ထဲမွာဆိုရင္ Y9 2019 နဲ႔ Nova 3i တို႔ကိုေတြ႔ႏိုင္ျပီး အဲ့ဒီ ဖုန္းႏွစ္လံုးစလံုးမွာ စြမ္းေဆာင္ရည္ျမင့္ Super Mid-Range SoC ျဖစ္တဲ့ Kirin 710 ကိုအသံုးျပဳေပးထားပါတယ္။ Xiaomi ထဲမွာဆိုရင္လည္း Mi 8 SE နဲ႔ Mi 8 Lite တို႔ကို ေတြ႔ႏိုင္ျပီး Qualcomm ရဲ႕ Snapdragon 710 နဲ႔ Snapdragon 660 တို႔ကိုအသံုးျပဳထားပါတယ္။ အခုေတာ့ Xiaomi ပရိတ္သတ္ေတြအတြက္ Mi 8 SE နဲ႔ Mi 8 Lite တို႔ၾကားက ကြာျခားခ်က္ေလးေတြကိုေျပာျပလိုက္ပါတယ္။


ပထမဆံုးအေနနဲ႔ ဒီဇိုင္းပိုင္းကို ၾကည့္လိုက္ရေအာင္။ ဒီဇိုင္းပိုင္းမွာဆိုရင္ Mi 8 SE က Mi 8 Lite ထက္ ပိုျပီးလွပါတယ္။ ပိုျပီးလည္း Premium ဆန္ျပီး ေလးေထာင့္က်က် ဒီဇိုင္းမ်ိဳးကိုသံုးထားပါတယ္။ Mi 8 Lite ထက္ အရြယ္အစား ေသးျပီး က်စ္လစ္ေပါ့ပါးလို႔ မိန္းကေလးေတြနဲ႔ ပိုသင့္ေတာ္ပါတယ္။ အေရွ႕ဘက္ Display ပိုင္းမွာဆိုရင္လည္း Mi 8 SE က 5.88-inch ရွိျပီး Mi 8 Lite ကေတာ့ 6.26-inch ရွိပါတယ္။ Mi 8 SE ရဲ႕ အေနာက္ဘက္ ကင္မရာႏွစ္လံုးတြဲကို ေနာက္ဆံုးထြက္ဖုန္းေတြအတိုင္းပဲ ေဒါင္လိုက္တပ္ဆင္ေပးထားျပီး Mi 8 Lite မွာေတာ့ ကင္မရာေတြကို အရင္ Mi A1 နဲ႔ iPhone 7 Plus, 8 Plus တို႔မွာလို ေဘးတိုက္တပ္ဆင္ေပးထားပါတယ္။ ဖုန္းႏွစ္လံုးစလံုးမွာ Notch ပါဝင္ျပီး Mi 8 SE ရဲ႕ Notch မွာ IR Face Scanner ကိုထည့္ေပးထားလို႔ Face Unlock စနစ္ပိုေကာင္းမြန္ေပမယ့္ Notch အရြယ္အစားပိုၾကီးမားသြားပါတယ္။ Mi 8 Lite ကေတာ့ အေရွ႕ဘက္ Screen ေနရာပိုက်ယ္ေပမယ့္ Mi 8 SE ရဲ႕ ေအာက္ဘက္ ေဘာင္ (Chin) က ပိုၾကည့္ေကာင္းတယ္လို႔ထင္ပါတယ္။ ဒီဇိုင္းပိုင္းမွာေတာ့ Mi 8 SE ကပိုလွပေပမယ့္ 5.88-inch (Notch ေဖ်ာက္လိုက္ရင္ 5.5 ေလာက္ပဲရွိႏိုင္) အရြယ္ Display က အခုေနာက္ပိုင္း အသံုးမ်ားလာတဲ့ 6-inch အရြယ္ဖုန္းေတြထက္ ေသးငယ္ေနပါတယ္။ Mi 8 SE ဟာ ေျခာက္လက္မ မ်က္ႏွာျပင္နဲ႔ဆိုရင္ ပိုအဆင္ေျပေပမယ့္ သူ႔ရဲ႕ ေလးေထာင့္က်က် ဒီဇိုင္းက ေျခာက္လက္မ အရြယ္အစားနဲ႔ဆိုရင္ ၾကည့္မေကာင္းေတာ့ပဲ 5.88-inch နဲ႔ပဲ အဆင္ေျပပါတယ္။ အရြယ္အစားၾကီးမွ ၾကိဳက္တဲ့သူေတြနဲ႔ ဝိုင္းစက္ေနတဲ့ ေထာင့္ခ်ိဳး ဒီဇိုင္းမ်ိဳးၾကိဳက္တဲ့သူေတြအတြက္ေတာ့ Mi 8 Lite ကပိုျပီး သင့္ေတာ္ပါတယ္။

Display ပိုင္းမွာဆိုရင္ေတာ့ အရြယ္အစားမွာဆိုရင္ 6.26-inch အရြယ္ Mi 8 Lite ကပိုသာျပီး အရည္အေသြးကေတာ့ AMOLED Display သံုးထားတဲ့ Mi 8 SE က သာမာန္ LCD Display နဲ႔ Mi 8 Lite ထက္ပိုသာပါတယ္။ ႏွစ္လံုးစလံုးမွာ Full HD+ Display ေတြပါဝင္ျပီး Mi 8 SE ရဲ႕ AMOLED Display က HDR 10 နဲ႔ DCI-P3 ရုပ္ထြက္စနစ္ေတြေထာက္ပ့ံေပးႏိုင္လို႔ Mi 8 Lite ရဲ႕ Display ထက္ အရည္အေသြးပိုေကာင္းပါတယ္။

Performance ပိုင္းမွာလဲ သိသိသာသာပဲ Mi 8 SE ရဲ႕ Snapdragon 710 က Mi 8 Lite ရဲ႕ Snapdragon 660 ထက္ပိုသာလြန္ေနတာ သိႏိုင္ပါတယ္။ Mi 8 Lite ဟာ PUBG Mobile ကို Medium Graphic Quality နဲ႔ပဲေဆာ့ႏိုင္ျပီး Mi 8 SE မွာ HDR အရည္အေသြးနဲ႔ေဆာ့ႏိုင္တာကိုေတြ႔ရျပီး Power စီမံခန္႔ခြဲမွု အပိုင္းမွာလည္း Mi 8 SE ကအနည္းငယ္သာေနတာကို ေတြ႔ရပါတယ္။

ကင္မရာပိုင္းမွာလည္း Mi 8 SE ကသာလြန္ေနပါတယ္။ Color Accuracy လို႔ေခၚတဲ့ အေရာင္တိက်မွုအပိုင္းမွာေတာ့ Mi 8 Lite ကပိုသာျပီး တိက်ျပတ္သားမွု အပိုင္းမွာေတာ့ Mi 8 SE ကပိုသာပါတယ္။ ကင္မရာ Spec ေတြကေတာ့ Mi 8 Lite မွာ 12 MP, f/1.9, 1/2.55″, 1.4µm ရွိတဲ့ dual pixel PDAF Support ပါဝင္တဲ့ အဓိက ကင္မရာနဲ႔ 5 MP, f/2.0, 1.12µm ရွိတဲ့ Depth Sensor ကင္မရာေတြပါဝင္ပါတယ္။ Mi 8 SE မွာလည္း 12 MP, f/1.9, 1/2.55″, 1.4µm ရွိတဲ့ Dual pixel PDAF Support ေပးတဲ့ အဓိက ကင္မရာနဲ႔
5 MP, f/2.0, 1.12µm ရွိတဲ့ Depth Sensor ကင္မရာေတြပါ ပါတယ္။ ကင္မရာ Spec ေတြက ႏွစ္လံုးစလံုးမွာ တူညီေနျပီး ကင္မရာ အရည္အေသြးကြာျခားခ်က္ကေတာ့ SoC ပိုင္းကြဲျပားသြားလို႔ ျဖစ္ႏိုင္ပါတယ္။ Selfie ကင္မရာကေတာ့ 24MP ရွိတဲ့ Mi 8 Lite က 20MP ရွိတဲ့ Selfie ကင္မရာနဲ႔ Mi 8 SE ထက္ ပိုသာတယ္လို႔ထင္ရေပမယ့္ Mi 8 SE က ရုပ္ထြက္ပိုတိက်ေနတာ ေတြ႔ရပါတယ္။ Megapixels ပမာဏအနည္းအမ်ား က ပံုရိပ္အရည္အေသြးနဲ႔ တိုက္ရိုက္ပက္သက္မွု မရွိဘူးဆိုတာ ေတြ႔ျမင္ႏိုင္ပါတယ္။ Zoom ေတြဆြဲၾကည့္မွသာ Megapixels ပမာဏက အေရးပါတာပါ။

ဘက္ထရီပိုင္းမွာေတာ့ Mi 8 Lite ရဲ႕ 3,350mAh ဘက္ထရီက Mi 8 SE ရဲ႕ 3,120mAh ထက္ အနည္းငယ္ပိုၾကီးပါတယ္။ ဒါေပမယ့္ အေပၚမွာ ေျပာသြားသလို Snapdragon 710 ဟာ Power Management ပိုေကာင္းတာေၾကာင့္ Mi 8 SE ရဲ႕ ဘက္ထရီအားခံႏိုင္စြမ္းက Mi 8 Lite နဲ႔ အတူတူေလာက္ပါပဲ။ ဖုန္းႏွစ္လံုးစလံုးရဲ႕ ဘက္ထရီက တစ္ေနကုန္ အသံုးခံႏိုင္ျပီး 4,000mAh ေတြလိုေတာ့ တစ္ရက္ခြဲ ႏွစ္ရက္ေလာက္ထိေတာ့ အားမခံႏိုင္ပါဘူး။ Mi 8 Lite မွာ Quick Charge 3.0 ပါဝင္ျပီး Mi 8 SE မွာ့ Quick Charge 4+ ထိပါဝင္ပါတယ္။ ဒါေပမယ့္ ဖုန္းႏွစ္လံုးစလံုးမွာ Quick Charge 3.0 ထိပဲ အထာက္အပ့ံေပးတဲ့ Charger ပါဝင္ပါတယ္။ Mi 8 SE အတြက္ Quick Charge 4+ အေထာက္အပ့ံရခ်င္ရင္ေတာ့ Quick Charge 4+ Charger ဝယ္ရမွာပါ။

တစ္ျခား Spec ေတြအေနနဲ႔ကေတာ့ ဖုန္းႏွစ္လံုးစလံုးက အတူတူပါပဲ။ Speaker ပိုင္းမွာလည္း တစ္လံုးတည္းကိုပဲသံုးထားၾကျပီး အသံက်ယ္ေလာင္မွုနဲ႔ အရည္အေသြးက အတူတူပါပဲ။ 3.5mm Jack နဲ႔ Earphones, Headphones ေတြအတြက္ေတာ့ ဖုန္းႏွစ္လံုးစလံုးမွာ Headphone ေပါက္မပါဝင္ပါဘူး။ USB Type-C ေပါက္ကေနပဲ Adapter တပ္ျပီး နားေထာင္ရမွာပါ။ Type C Earphones, Headphones ေတြလည္း ဝယ္ယူလို႔ရေနျပီး ျပည္တြင္းေစ်းကြက္ထဲမွာေတာ့ သိပ္မေတြ႔ရေသးပါဘူး။ Operating System ပိုင္းအေနနဲ႔လည္း ဖုန္းႏွစ္လံုးစလံုးမွာ Android 8.1 အေျခခံ MIUI 10 ကိုအသံုးျပဳထားပါတယ္။

နိဂံုးခ်ဳပ္အေနနဲ႔ေျပာရရင္ေတာ့ ဒီဖုန္းႏွစ္လံုးစလံုးမွာ အားသာခ်က္ အားနည္းခ်က္ ကိုယ္စီနဲ႔ပါ။ Mi 8 SE ရဲ႕ အားသာခ်က္ေတြက Premium ဆန္တယ္။ Display ပိုင္းပိုေကာင္းတယ္။ ကင္မရာ ပိုေကာင္းတယ္။ Performance လည္း ေတာ္ေတာ္ေလးပိုေကာင္းတယ္။ အားနည္းခ်က္ေတြကေတာ့ ေျခာက္လက္မအရြယ္ မ်က္ႏွာျပင္နဲ႔ဖုန္းေတြ အသံုးျပဳေလ့ရွိတဲ့သူေတြအတြက္ေတာ့ အသံုးျပဳရတာ သိပ္ျပီး အားရမွာမဟုတ္ပါဘူး။ Global Version မထြက္ထားတဲ့အတြက္ Unlock လုပ္ျပီး Global MIUI သြင္းလို႔မရပါဘူး။

Mi 8 Lite ရဲ႕ အားသာခ်က္ေတြကေတာ့ Display ပိုၾကီးတယ္။ Notch အရြယ္အစားပိုေသးတယ္။ Performance ပိုင္းမွာလည္း တစ္ျခား Mid-Range SoC သံုးထားတဲ့ ဖုန္းေတြထက္ ပိုသာတယ္။ ေစ်းႏွုန္းပိုင္းအရဆိုရင္လည္း Mi 8 SE ထက္အနည္းငယ္သက္သာတယ္။ Global Version ထြက္ေနျပီမို႔လို႔ Global MIUI သြင္းလို႔ရမယ္။ ကြ်န္ေတာ့ အၾကိဳက္ေရြးရရင္ေတာ့ စြမ္းေဆာင္ရည္နဲ႔ Premium ပိုဆန္တဲ့ Mi 8 SE ကိုေရြးမွာပါ။ MyTech Fan ေတြေရာ ဘယ္ဖုန္းကိုပိုသေဘာက်လဲ?

Unicode

သုံးသိန်းနဲ့ လေးသိန်းကြား စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဖုန်းတစ်လုံးရှာနေတယ်ဆိုရင် HUAWEI နဲ့ Xiaomi ဖုန်းတွေထဲက အတော်လေးကောင်းမွန်တဲ့ ဖုန်းတွေရနိုင်ပါတယ်။ HUAWEI ထဲမှာဆိုရင် Y9 2019 နဲ့ Nova 3i တို့ကိုတွေ့နိုင်ပြီး အဲ့ဒီ ဖုန်းနှစ်လုံးစလုံးမှာ စွမ်းဆောင်ရည်မြင့် Super Mid-Range SoC ဖြစ်တဲ့ Kirin 710 ကိုအသုံးပြုပေးထားပါတယ်။ Xiaomi ထဲမှာဆိုရင်လည်း Mi 8 SE နဲ့ Mi 8 Lite တို့ကို တွေ့နိုင်ပြီး Qualcomm ရဲ့ Snapdragon 710 နဲ့ Snapdragon 660 တို့ကိုအသုံးပြုထားပါတယ်။ အခုတော့ Xiaomi ပရိတ်သတ်တွေအတွက် Mi 8 SE နဲ့ Mi 8 Lite တို့ကြားက ကွာခြားချက်လေးတွေကိုပြောပြလိုက်ပါတယ်။


ပထမဆုံးအနေနဲ့ ဒီဇိုင်းပိုင်းကို ကြည့်လိုက်ရအောင်။ ဒီဇိုင်းပိုင်းမှာဆိုရင် Mi 8 SE က Mi 8 Lite ထက် ပိုပြီးလှပါတယ်။ ပိုပြီးလည်း Premium ဆန်ပြီး လေးထောင့်ကျကျ ဒီဇိုင်းမျိုးကိုသုံးထားပါတယ်။ Mi 8 Lite ထက် အရွယ်အစား သေးပြီး ကျစ်လစ်ပေါ့ပါးလို့ မိန်းကလေးတွေနဲ့ ပိုသင့်တော်ပါတယ်။ အရှေ့ဘက် Display ပိုင်းမှာဆိုရင်လည်း Mi 8 SE က 5.88-inch ရှိပြီး Mi 8 Lite ကတော့ 6.26-inch ရှိပါတယ်။ Mi 8 SE ရဲ့ အနောက်ဘက် ကင်မရာနှစ်လုံးတွဲကို နောက်ဆုံးထွက်ဖုန်းတွေအတိုင်းပဲ ဒေါင်လိုက်တပ်ဆင်ပေးထားပြီး Mi 8 Lite မှာတော့ ကင်မရာတွေကို အရင် Mi A1 နဲ့ iPhone 7 Plus, 8 Plus တို့မှာလို ဘေးတိုက်တပ်ဆင်ပေးထားပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ Notch ပါဝင်ပြီး Mi 8 SE ရဲ့ Notch မှာ IR Face Scanner ကိုထည့်ပေးထားလို့ Face Unlock စနစ်ပိုကောင်းမွန်ပေမယ့် Notch အရွယ်အစားပိုကြီးမားသွားပါတယ်။ Mi 8 Lite ကတော့ အရှေ့ဘက် Screen နေရာပိုကျယ်ပေမယ့် Mi 8 SE ရဲ့ အောက်ဘက် ဘောင် (Chin) က ပိုကြည့်ကောင်းတယ်လို့ထင်ပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ Mi 8 SE ကပိုလှပပေမယ့် 5.88-inch (Notch ဖျောက်လိုက်ရင် 5.5 လောက်ပဲရှိနိုင်) အရွယ် Display က အခုနောက်ပိုင်း အသုံးများလာတဲ့ 6-inch အရွယ်ဖုန်းတွေထက် သေးငယ်နေပါတယ်။ Mi 8 SE ဟာ ခြောက်လက်မ မျက်နှာပြင်နဲ့ဆိုရင် ပိုအဆင်ပြေပေမယ့် သူ့ရဲ့ လေးထောင့်ကျကျ ဒီဇိုင်းက ခြောက်လက်မ အရွယ်အစားနဲ့ဆိုရင် ကြည့်မကောင်းတော့ပဲ 5.88-inch နဲ့ပဲ အဆင်ပြေပါတယ်။ အရွယ်အစားကြီးမှ ကြိုက်တဲ့သူတွေနဲ့ ဝိုင်းစက်နေတဲ့ ထောင့်ချိုး ဒီဇိုင်းမျိုးကြိုက်တဲ့သူတွေအတွက်တော့ Mi 8 Lite ကပိုပြီး သင့်တော်ပါတယ်။

Display ပိုင်းမှာဆိုရင်တော့ အရွယ်အစားမှာဆိုရင် 6.26-inch အရွယ် Mi 8 Lite ကပိုသာပြီး အရည်အသွေးကတော့ AMOLED Display သုံးထားတဲ့ Mi 8 SE က သာမာန် LCD Display နဲ့ Mi 8 Lite ထက်ပိုသာပါတယ်။ နှစ်လုံးစလုံးမှာ Full HD+ Display တွေပါဝင်ပြီး Mi 8 SE ရဲ့ AMOLED Display က HDR 10 နဲ့ DCI-P3 ရုပ်ထွက်စနစ်တွေထောက်ပံ့ပေးနိုင်လို့ Mi 8 Lite ရဲ့ Display ထက် အရည်အသွေးပိုကောင်းပါတယ်။

Performance ပိုင်းမှာလဲ သိသိသာသာပဲ Mi 8 SE ရဲ့ Snapdragon 710 က Mi 8 Lite ရဲ့ Snapdragon 660 ထက်ပိုသာလွန်နေတာ သိနိုင်ပါတယ်။ Mi 8 Lite ဟာ PUBG Mobile ကို Medium Graphic Quality နဲ့ပဲဆော့နိုင်ပြီး Mi 8 SE မှာ HDR အရည်အသွေးနဲ့ဆော့နိုင်တာကိုတွေ့ရပြီး Power စီမံခန့်ခွဲမှု အပိုင်းမှာလည်း Mi 8 SE ကအနည်းငယ်သာနေတာကို တွေ့ရပါတယ်။

ကင်မရာပိုင်းမှာလည်း Mi 8 SE ကသာလွန်နေပါတယ်။ Color Accuracy လို့ခေါ်တဲ့ အရောင်တိကျမှုအပိုင်းမှာတော့ Mi 8 Lite ကပိုသာပြီး တိကျပြတ်သားမှု အပိုင်းမှာတော့ Mi 8 SE ကပိုသာပါတယ်။ ကင်မရာ Spec တွေကတော့ Mi 8 Lite မှာ 12 MP, f/1.9, 1/2.55″, 1.4µm ရှိတဲ့ dual pixel PDAF Support ပါဝင်တဲ့ အဓိက ကင်မရာနဲ့ 5 MP, f/2.0, 1.12µm ရှိတဲ့ Depth Sensor ကင်မရာတွေပါဝင်ပါတယ်။ Mi 8 SE မှာလည်း 12 MP, f/1.9, 1/2.55″, 1.4µm ရှိတဲ့ Dual pixel PDAF Support ပေးတဲ့ အဓိက ကင်မရာနဲ့
5 MP, f/2.0, 1.12µm ရှိတဲ့ Depth Sensor ကင်မရာတွေပါ ပါတယ်။ ကင်မရာ Spec တွေက နှစ်လုံးစလုံးမှာ တူညီနေပြီး ကင်မရာ အရည်အသွေးကွာခြားချက်ကတော့ SoC ပိုင်းကွဲပြားသွားလို့ ဖြစ်နိုင်ပါတယ်။ Selfie ကင်မရာကတော့ 24MP ရှိတဲ့ Mi 8 Lite က 20MP ရှိတဲ့ Selfie ကင်မရာနဲ့ Mi 8 SE ထက် ပိုသာတယ်လို့ထင်ရပေမယ့် Mi 8 SE က ရုပ်ထွက်ပိုတိကျနေတာ တွေ့ရပါတယ်။ Megapixels ပမာဏအနည်းအများ က ပုံရိပ်အရည်အသွေးနဲ့ တိုက်ရိုက်ပက်သက်မှု မရှိဘူးဆိုတာ တွေ့မြင်နိုင်ပါတယ်။ Zoom တွေဆွဲကြည့်မှသာ Megapixels ပမာဏက အရေးပါတာပါ။

ဘက်ထရီပိုင်းမှာတော့ Mi 8 Lite ရဲ့ 3,350mAh ဘက်ထရီက Mi 8 SE ရဲ့ 3,120mAh ထက် အနည်းငယ်ပိုကြီးပါတယ်။ ဒါပေမယ့် အပေါ်မှာ ပြောသွားသလို Snapdragon 710 ဟာ Power Management ပိုကောင်းတာကြောင့် Mi 8 SE ရဲ့ ဘက်ထရီအားခံနိုင်စွမ်းက Mi 8 Lite နဲ့ အတူတူလောက်ပါပဲ။ ဖုန်းနှစ်လုံးစလုံးရဲ့ ဘက်ထရီက တစ်နေကုန် အသုံးခံနိုင်ပြီး 4,000mAh တွေလိုတော့ တစ်ရက်ခွဲ နှစ်ရက်လောက်ထိတော့ အားမခံနိုင်ပါဘူး။ Mi 8 Lite မှာ Quick Charge 3.0 ပါဝင်ပြီး Mi 8 SE မှာ့ Quick Charge 4+ ထိပါဝင်ပါတယ်။ ဒါပေမယ့် ဖုန်းနှစ်လုံးစလုံးမှာ Quick Charge 3.0 ထိပဲ အထာက်အပံ့ပေးတဲ့ Charger ပါဝင်ပါတယ်။ Mi 8 SE အတွက် Quick Charge 4+ အထောက်အပံ့ရချင်ရင်တော့ Quick Charge 4+ Charger ဝယ်ရမှာပါ။

တစ်ခြား Spec တွေအနေနဲ့ကတော့ ဖုန်းနှစ်လုံးစလုံးက အတူတူပါပဲ။ Speaker ပိုင်းမှာလည်း တစ်လုံးတည်းကိုပဲသုံးထားကြပြီး အသံကျယ်လောင်မှုနဲ့ အရည်အသွေးက အတူတူပါပဲ။ 3.5mm Jack နဲ့ Earphones, Headphones တွေအတွက်တော့ ဖုန်းနှစ်လုံးစလုံးမှာ Headphone ပေါက်မပါဝင်ပါဘူး။ USB Type-C ပေါက်ကနေပဲ Adapter တပ်ပြီး နားထောင်ရမှာပါ။ Type C Earphones, Headphones တွေလည်း ဝယ်ယူလို့ရနေပြီး ပြည်တွင်းဈေးကွက်ထဲမှာတော့ သိပ်မတွေ့ရသေးပါဘူး။ Operating System ပိုင်းအနေနဲ့လည်း ဖုန်းနှစ်လုံးစလုံးမှာ Android 8.1 အခြေခံ MIUI 10 ကိုအသုံးပြုထားပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ ဒီဖုန်းနှစ်လုံးစလုံးမှာ အားသာချက် အားနည်းချက် ကိုယ်စီနဲ့ပါ။ Mi 8 SE ရဲ့ အားသာချက်တွေက Premium ဆန်တယ်။ Display ပိုင်းပိုကောင်းတယ်။ ကင်မရာ ပိုကောင်းတယ်။ Performance လည်း တော်တော်လေးပိုကောင်းတယ်။ အားနည်းချက်တွေကတော့ ခြောက်လက်မအရွယ် မျက်နှာပြင်နဲ့ဖုန်းတွေ အသုံးပြုလေ့ရှိတဲ့သူတွေအတွက်တော့ အသုံးပြုရတာ သိပ်ပြီး အားရမှာမဟုတ်ပါဘူး။ Global Version မထွက်ထားတဲ့အတွက် Unlock လုပ်ပြီး Global MIUI သွင်းလို့မရပါဘူး။

Mi 8 Lite ရဲ့ အားသာချက်တွေကတော့ Display ပိုကြီးတယ်။ Notch အရွယ်အစားပိုသေးတယ်။ Performance ပိုင်းမှာလည်း တစ်ခြား Mid-Range SoC သုံးထားတဲ့ ဖုန်းတွေထက် ပိုသာတယ်။ ဈေးနှုန်းပိုင်းအရဆိုရင်လည်း Mi 8 SE ထက်အနည်းငယ်သက်သာတယ်။ Global Version ထွက်နေပြီမို့လို့ Global MIUI သွင်းလို့ရမယ်။ ကျွန်တော့ အကြိုက်ရွေးရရင်တော့ စွမ်းဆောင်ရည်နဲ့ Premium ပိုဆန်တဲ့ Mi 8 SE ကိုရွေးမှာပါ။ MyTech Fan တွေရော ဘယ်ဖုန်းကိုပိုသဘောကျလဲ?