Zawgyi Font Version

Mobile Legends နဲ႔ PUBG Mobile လိုဝုန္းဒိုင္းၾကဲရတဲ့ ဂိမ္းမ်ိဳးေတြေဆာ့ရတာ ပင္ပန္းလာတဲ့သူေတြအတြက္ စိတ္အပန္းေျဖဖို႔ ဖီးလ္ေလးနဲ႔ေဆာ့ရတဲ့ မိုဘိုင္းဂိမ္းေလးတစ္ခုကို မိတ္ဆက္ေပးခ်င္ပါတယ္။ Alto’s Odyssey လို႔အမည္ရျပီး Alto’s Adventure လို႔ေခၚတဲ့ အရင္ထြက္ခဲ့တဲ့ ဂိမ္းအလန္းစားေလးရဲ႕ ေနာက္ဆက္တြဲဂိမ္းတစ္ခုျဖစ္ကာ 2018 အစက စတင္ထြက္ရွိခဲ့တာျဖစ္ပါတယ္။

Alto’s Adventure ထြက္ရွိျပီး အၾကာၾကီးမေစာင့္ရပဲ ေျခာက္လအၾကာမွာ ေနာက္ဆက္တြဲ ဂိမ္းေလးထြက္ရွိလာတာပါ။ Noodlecake စတူဒီယိုက ေရးဆြဲေပးခဲ့တာျဖစ္ျပီး အသံပိုင္းေရာ အျမင္ပိုင္းမွာပါ နည္းပညာနယ္ပယ္က လူေတြအကုန္လံုးရဲ႕ ခ်ီးက်ဴးေထာပနာျပဳျခင္းခံခဲ့ရတဲ့ ဂိမ္းေကာင္းတစ္ခုျဖစ္ပါတယ္။

ဂိမ္းအမ်ိဳးကေတာ့ အဆံုးမရွိတဲ့ ေဘးတိုက္ Runner Game တစ္မ်ိဳးျဖစ္ျပီး သဲကႏၲာရေတြ ျမိဳ႕ေဟာင္းေတြနဲ႔ ေက်ာက္ေတာင္ေတြျပည့္ႏွက္ေနတဲ့ အဆံုးမရွိတဲ့ ခရီးတစ္ေလ်ာက္လံုး ကို စကိတ္ စီးျပီးျဖတ္သန္းေနရမွာပါ။ ေျပာစကားေတြအရ ပ်င္းဖို႔ေကာင္းေပမယ့္ အမွန္တစ္ကယ္ေဆာ့ၾကည့္တဲ့အခါ အ့ံအားသင့္ဖြယ္ေကာင္းေလာက္ေအာင္ လွပတဲ့ ဂိမ္းတစ္ခုျဖစ္တာကို ယံုသြားပါလိမ့္မယ္။

ရိုးရိုးရွင္းရွင္းနဲ႔ လွပတဲ့ ဂရပ္ဖစ္ ေတြနဲ႔အတူ စိတ္ကို ၾကည္ႏူးဆြတ္ပ်ံ႕ေစတဲ့ ေတးသံစဥ္မ်ားက ဖုန္းကိုလက္ထဲက မလႊတ္ခ်ခ်င္ေလာက္ေအာင္ ဆြဲေဆာင္ထားႏိုင္ပါတယ္။ Normal Mode နဲ႔ Zen Mode ရွိျပီး Zen Mode မွာဆိုရင္ Game Over မရွိ အတားအဆီးေတြ ဂရုစိုက္စရာမလိုပဲ ေအးေအးေဆးေဆးေဆာ့ကစားႏိုင္တယ္။

Action ဂိမ္းေတြလို အာရံုစိုက္ျပီး အသည္းအသန္ေဆာ့စရာမလိုပဲ ေအးေအးေဆးေဆး ေဆာ့ကစားႏိုင္လို႔ ဘက္စ္ကားစီးရင္းေတာင္ ေအးေဆးေဆာ့ႏုိင္ပါတယ္။ ေဆာ့ေနရင္းနဲ႔ လုပ္စရာေပၚလာရင္ေတာင္ PUBG တို႔လို Rank မက်သြားပါဘူး။

ဒီ ဂိမ္းေလးကိုေဆာ့ခ်င္ရင္ေတာ့Android မွာဆိုရင္ 4.1 နဲ႔အထက္ iOS မွာဆိုရင္ 11 နဲ႔အထက္ရွိရမွာျဖစ္ျပီး Android မွာဆိုရင္ Free Download ရျပီး iOS အတြက္ကေတာ့ $5 က်သင့္မွာပါ။ Android App အရြယ္အစား 50MB ဝန္းက်င္ရွိကာ Additional Data ေတြေတာ့ထပ္ဆြဲရမွာပါ။ ေအာက္မွာ လင့္ေလးေပးထားပါတယ္။
>>>Download Link<<<

Unicode Version

Mobile Legends နဲ့ PUBG Mobile လိုဝုန်းဒိုင်းကြဲရတဲ့ ဂိမ်းမျိုးတွေဆော့ရတာ ပင်ပန်းလာတဲ့သူတွေအတွက် စိတ်အပန်းဖြေဖို့ ဖီးလ်လေးနဲ့ဆော့ရတဲ့ မိုဘိုင်းဂိမ်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ Alto’s Odyssey လို့အမည်ရပြီး Alto’s Adventure လို့ခေါ်တဲ့ အရင်ထွက်ခဲ့တဲ့ ဂိမ်းအလန်းစားလေးရဲ့ နောက်ဆက်တွဲဂိမ်းတစ်ခုဖြစ်ပြီး 2018 အစက စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။

Alto’s Adventure ထွက်ရှိပြီး အကြာကြီးမစောင့်ရပဲ ခြောက်လအကြာမှာ နောက်ဆက်တွဲ ဂိမ်းလေးထွက်ရှိလာတာပါ။ Noodlecake စတူဒီယိုက ရေးဆွဲပေးခဲ့တာဖြစ်ပြီး အသံပိုင်းရော အမြင်ပိုင်းမှာပါ နည်းပညာနယ်ပယ်က လူတွေအကုန်လုံးရဲ့ ချီးကျူးထောပနာပြုခြင်းခံခဲ့ရတဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။

ဂိမ်းအမျိုးကတော့ အဆုံးမရှိတဲ့ ဘေးတိုက် Runner Game တစ်မျိုးဖြစ်ပြီး သဲကန္တာရတွေ မြို့ဟောင်းတွေနဲ့ ကျောက်တောင်တွေပြည့်နှက်နေတဲ့ အဆုံးမရှိတဲ့ ခရီးတစ်လျောက်လုံး ကို စကိတ် စီးပြီးဖြတ်သန်းနေရမှာပါ။ ပြောစကားတွေအရ ပျင်းဖို့ကောင်းပေမယ့် အမှန်တစ်ကယ်ဆော့ကြည့်တဲ့အခါ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လှပတဲ့ ဂိမ်းတစ်ခုဖြစ်တာကို ယုံသွားပါလိမ့်မယ်။

ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့ ဂရပ်ဖစ် တွေနဲ့အတူ စိတ်ကို ကြည်နူးဆွတ်ပျံ့စေတဲ့ တေးသံစဉ်များက ဖုန်းကိုလက်ထဲက မလွှတ်ချချင်လောက်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ Normal Mode နဲ့ Zen Mode ရှိပြီး Zen Mode မှာဆိုရင် Game Over မရှိ အတားအဆီးတွေ ဂရုစိုက်စရာမလိုပဲ အေးအေးဆေးဆေးဆော့ကစားနိုင်တယ်။

Action ဂိမ်းတွေလို အာရုံစိုက်ပြီး အသည်းအသန်ဆော့စရာမလိုပဲ အေးအေးဆေးဆေး ဆော့ကစားနိုင်လို့ ဘက်စ်ကားစီးရင်းတောင် အေးဆေးဆော့နိုင်ပါတယ်။ ဆော့နေရင်းနဲ့ လုပ်စရာပေါ်လာရင်တောင် PUBG တို့လို Rank မကျသွားပါဘူး။

ဒီ ဂိမ်းလေးကိုဆော့ချင်ရင်တော့Android မှာဆိုရင် 4.1 နဲ့အထက် iOS မှာဆိုရင် 11 နဲ့အထက်ရှိရမှာဖြစ်ပြီး Android မှာဆိုရင် Free Download ရပြီး iOS အတွက်ကတော့ $5 ကျသင့်မှာပါ။ Android App အရွယ်အစား 50MB ဝန်းကျင်ရှိကာ Additional Data တွေတော့ထပ်ဆွဲရမှာပါ။ အောက်မှာ လင့်လေးပေးထားပါတယ်။

>>>Download Link<<<