Zawgyi Font Version





Unicode Version

OPPO ရဲ့အဆင့်မြင့် Flagship Series ဖုန်းဖြစ်တဲ့ OPPO Find X Automobili Lamborghini Edition စမတ်ဖုန်း ကို ပြည်တွင်းမှာ၂,၂ဝဝ,ဝဝဝ (၂၂သိန်း) ကျပ်ဖြင့် စတင်ဝယ်ယူနိုင်ပါပြီ။ အီတလီနိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်း Luxury Sports Car ကုမ္ပဏီနဲ့ လက်တွဲပူးပေါင်းပြီး ထူးခြားဆန်းသစ် တဲ့အပြင် Luxury ခံစားမှုကိုပါပေးစွမ်းနိုင်စေဖို့ အခုလို Find X Automobili Lamborghini Edition စမတ် ဖုန်းကို မိတ်ဆက်ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။

အခု Find X Automobili Lamborghini Edition မှာတော့ Lamborghini အမှတ်တံဆိပ် logo ကိုဖုန်းရဲ့နောက်ကျောဘက်မှာ ထည့်သွင်းပေးထားပြီး Sports Car တွေမှာ အဓိကအသုံးပြု တဲ့ Carbon fibre material ကိုပါ ဖုန်းရဲ့နောက်ကျောဘက်မှာ အသုံးပြုပေးထားတဲ့အတွက် ကိုင်တွယ်ထိတွေ့ မှုအပိုင်းမှာ တစ်မူထူးခြားတဲ့ Hand Feeling မျိုးကိုရရှိစေမှာဖြစ်ပါတယ်။ ဖုန်း၏ Package အပိုင်းမှာလည်း Lamborghini အမှတ်တံဆိပ်ပါဝင်တဲ့ သီးသန့်ထုတ်ပိုးမှုပုံစံကိုအသုံးပြုပေးထားပြီးတော့ အားသွင်းကြိုးခေါင်းမှာလည်း Lamborghini အမှတ်တံဆိပ်ကို မြင်တွေ့ရစေဦးမှာဖြစ်ပါတယ်။

လျှို့ဝှက်နက်နဲတဲ့ အနက်ရောင်အသွင်မျိုးအဖြစ် Find X Automobili Lamborghini Edition ကိုထိတွေ့သုံးစွဲနိုင်စေနိုင်မှာပါ။
OPPO Find X Automobili Lamborghini Edition မှာ ပုံမှန် OPPO Find X နဲ့မတူညီတဲ့အချက်ကတော့ OPPO ရဲ့ကမ္ဘာ့ အမြန်ဆုံးအားသွင်းစနစ်ဖြစ်တဲ့ SuperVOOC Flash Charge နည်းပညာထည့်သွင်းပေးထားခြင်းဖြစ်ပြီးတော့ ဖုန်းမှာပါဝင်တဲ့ 3400mAh battery ကို ၃၅မိနစ်အတွင်း ၁ဝဝ ရာခိုင်းနှုန်းအပြည့်အားသွင်းပေးနိုင်စေမှာပါ။

Internal Storage ပိုင်းမှာလည်း 512GB အနေနဲ့ထုတ်လုပ်ပေးထားတဲ့အတွက် အချက်လက်သိမ်းဆည်းမှုအပိုင်းမှာ ပုံမှန် OPPO Find X ထက် ၂ဆသာလွန်စေမှာဖြစ်ပါတယ်။ ပုံမှန် OPPO Find X ကို လက်ရှိမှာ ဈေးနှုန်း ၁,၂၉၉,ဝဝဝ ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး Bordeaux Red နှင့် Glacier Blue ၂မျိုးကိုရွေးချယ်နိုင်မှာပါ။ ရိုးရိုး Oppo Find X နဲ့ Lamborghini Edition Find X တို့ရဲ့ ကွာခြားချက်တွေကိုအောက်မှာပြပေးထားပါတယ်။