မြန်မာပြည် မိုဘိုင်းဈေးကွက် အတွက် OPPO က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ Global Launch အဖြစ် မိတ်ဆက်ပေးခဲ့တဲ့ Find X စမတ်ဖုန်းသစ်ကို သိပ်မကြာခင်ကာလမှာ ရောင်းချ ပေးသွားတော့မှာ ဖြစ်ပြီး မြန်မာကျပ်ငွေ ၁,၁၉၉,ဝဝဝ ကျပ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အရောင် ရွေးချယ်မှု အနေနဲ့က Bordeaux Red နဲ့ Glacier Blue ၂မျိုးကို နိုင်ငံတကာ ဈေးကွက် အတိုင်း ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ OPPO Find X ဟာ ခေတ်ရှေ့ပြေး မျက်နှာပြင် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ မြင်ကွင်းကျယ် ကွေးညွတ် မျက်နှာပြင် အမျိုးအစား ဖြစ်ပြီး မျက်နှာပြင် အရွယ်အစား က ၆.၄ လက်မ ရှိမှာ ဖြစ်ပါတယ်။

FullHD+ (19.5:9) အချိုးအစားရှိ AMOLED Display အမျိုးအစားကြောင့် တောက်ပစိုပြေတဲ့ ရုပ်ထွက် အရည်အသွေး ကို ခံစားရမှာ ဖြစ်တဲ့ အပြင် ကွယ်မြှုပ်ထားတဲ့ 3D ကင်မရာ စနစ်တွေကြောင့်လည်း ဖုန်း ရဲ့ ရှေ့နောက် ဒီဇိုင်း သွင်ပြင် က ညီညွတ် မျှတ စွဲဆောင်မှု ရှိတဲ့ အသွင်မျိုး ကို ထိတွေ့ အသုံးပြုရမှာ ဖြစ်ပါတယ်။

မျက်နှာပြင်ကိုယ်ထည်အချိုးအစားက 93.8 ရာခိုင်နှုန်းအထိရှိလို့ မျက်နှာပြင် အကျယ်ပြန့်ဆုံး ဖုန်းအဖြစ်ပါ OPPO Find X က ရပ်တည် ထားပါတယ်။ OPPO Find X ရဲ့ ကင်မရာ စနစ် တစ်ခုလုံး က Slide Mechanism ကို အခြေခံထားတဲ့ အတွက် ပုံမှန် အသုံးပြုချိန် မှာ ရှေ့နောက် ကင်မရာတွေ အားလုံး က ဖုန်းထိပ်ပိုင်း ကိုယ်ထည် အတွင်းပိုင်းမှာပဲ ရှိနေမှာ ဖြစ်ပြီး ဒါက မိုဘိုင်းလောက အတွက် OPPO ကပထမဆုံး မိတ်ဆက် ပေးလိုက်တဲ့ ရှေ့ပြေး ဒီဇိုင်း တစ်ခုလည်း ဖြစ်ပါတယ်။

ရှေ့ဘက် ကင်မရာ က အဆင့်မြှင့်ထားတဲ့ AI နည်းပညာသုံး 25MP အရည်အသွေး ရှိပြီး နောက်ဘက် ကင်မရာတွေကတော့ 16MP နဲ့ 20MP ၂လုံး ကို ကောင်းမွန်တဲ့ ဓာတ်ပုံဆိုင်ရာ လုပ်ဆောင်မှုတွေ အတွက် ပေါင်းစပ် ပေးထားတာ ဖြစ်ပါတယ်။ ဖုန်းကို Unlock လုပ်ဖို့အတွက် 3D Face Recognition စနစ်နဲ့ လုံခြုံ စိတ်ချ မြန်ဆန်စွာနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

OPPO ရဲ့ ကိုယ်ပိုင် အားအမြန်သွင်း နည်းပညာ ဖြစ်တဲ့ VOOC Flash Charge ပါဝင်ဖြစ်ပြီး ၅ မိနစ် အားသွင်း လိုက်ရုံနဲ့တင် ၂နာရီကြာ ဖုန်းပြောဆို နိုင်ပါတယ်။ Battery က 3730mAh အမျိုးအစား ကို သုံးထားပါတယ်။ ဖုန်း ရဲ့ စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm ရဲ့နောက်ဆုံးထုတ် Snapdragon 845 CPU ကို RAM 8GB နဲ့ ပေါင်းစပ် ပေးထားပါတယ်။

ဖုန်းအတွင်း သိုလှောင်နိုင်မှု/ Storage Space က 256GB အထိ ပါဝင်ထားပြီး ဖြစ်ပါတယ်။ Android OS 8.1 ကို အခြေခံထားတဲ့ OPPO ရဲ့ကိုယ်ပိုင် User Interface ဖြစ်တဲ့ ColorOS 5.1 နဲ့တွဲဖက် သုံးစွဲရမှာ ဖြစ်လို့ Battery ပိုင်း သက်သာစေသလို ဖုန်းရဲ့ စွမ်းဆောင်မှု အပိုင်းကိုပါ ပိုမိုကောင်းမွန်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။