[Zawgyi]

“Xiaomi” က ဒီႏွစ္ထဲမွာပဲ ဘက္ဂ်က္လည္း ေခြ်တာလို႔ရ ဂိမ္းသမားေတြလည္း စိတ္ခ်မ္းသာေအာင္ Budget Flagship ဖုန္းေတြျဖစ္တဲ့ “Poco F1” ေလးေတြကို ထုတ္ေပးခဲ့ပါတယ္။ ပလတ္စတစ္ Body, LCD Display က အျပစ္ေျပာခ်င္စရာ ျဖစ္ခ့ဲေပမယ့္ သူ႔ေစ်းႏႈန္းနဲ႔ အဲဒီအခ်က္ကို အတြန္႔တက္လို႔လည္း မျဖစ္ျပန္ပါဘူး။

အခုလည္း Poco F1 ရဲ႕ ေနာက္ဆက္တြဲ “Poco F2” ေလး Geekbench စာရင္းမွာ ေပၚလာခဲ့ပါျပီ။ F1 ရဲ႕ ေနာက္ဆက္တြဲမို႔ F2 လုိ႔ေပးလိုက္ေပမယ့္ ဘယ္နာမည္နဲ႔ ထြက္လာမယ္ေတာ့ မေျပာတတ္ပါဘူး။ ထံုးစံအတုိင္း F2 ေလးရဲ႕ Benchmark ရလဒ္ေတြကေတာ့ Geekbench မွာ ေပၚလာခဲ့ပါျပီ။

Geekbench မွာေတာ့ Chipset အေနနဲ႔ Snapdragon 845 ကို သံုးထားျပီး RAM 6GB နဲ႔ ထြက္လာမွာ ျဖစ္ပါတယ္။ မူလ Poco F1 တုန္းကလည္း ဒီ Chipset ဒီ RAM ပမာဏနဲ႔ပါပဲ။ ပိုလာတာဆိုလို႔ Android 9 Pie OS ျဖစ္သြားတာေလးပဲ ကြာပါတယ္။

ရလဒ္မွာေတာ့ Single -Core ရမွတ္မွာ 2321, Multi-Core ရလဒ္ွာ 7564 ရထားေၾကာင္း ေဖာ္ျပထားပါတယ္။ Processor တူတူ RAM တူတူနဲ႔ ထြက္လာခဲ့ေပမယ့္ F1 တုန္းက ဝိတ္ေလွ်ာ့ခဲ့တဲ့ Display, Camera အပိုင္းေတြကို ျပန္လည္ျဖည့္တင္းေပးထားမယ့္ပံုပါ။ ဒီတစ္ေခါက္ေတာ့ Battery ပမာဏလည္း ပိုမ်ားလာႏုိင္ေခ် ရိွေနပါတယ္။

Poco F1 တုန္းက ထိပ္ဖက္ Notch ၾကီးၾကီးထဲမွာ 20MP Selfie Camera နဲ႔ အလင္းေရာင္နည္းတဲ့အခ်ိန္ေတြမွာ Face ကို ေကာင္းေကာင္းဖတ္ႏုိင္တဲ့ IR Sensor ပါပါတယ္။ LCD Display ဆိုေပမယ့္ Color ေတြ ေတာ္ေတာ္ေလးအဆင္ေျပတဲ့ထဲမွာ ပါခဲ့ျပီး ဒီတစ္ေခါက္မွာေတာ့ Notch ခပ္ေသးေသးကိုမွ Display ကို Quality ထပ္ျမွင့္ျပီး ထြက္လာႏုိင္ပါတယ္။

Poco F1 တုန္းက Snapdragon 845 ကိုမွ Build Quality ပိုင္း္မွာ ဝိတ္ေလွ်ာ့ခဲ့ေတာ့ ဒီတစ္ေခါက္ Poco F2 မွာ ပုိလီကာဗြန္နိတ္ မဟုတ္တဲ့ Build Quality ေကာင္းေကာင္းနဲ႔ ထြက္လာမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။F1 ရဲ႕ 6.18-inch LCD Display Full HD+ Resolution 18.7:9 Ratio, ေနာက္ကင္မရာ 12MP+5MP, Battery 4000mAh, Quick Charge 4+ ေတြက ဘက္ဂ်က္ Flagship ဖုန္းတစ္လံုးအတြက္ေတာ့ အဆင္ေျပတယ္ဆိုတဲ့ အေနအထားမွာ ရိွပါတယ္။

Snapdragon 845 ကို ၅သိန္းေတာင္မရိွခဲ့တဲ့ Poco F1 ကိုမွ ျမွင့္ျပီး ပိုေကာင္းတဲ့အေနအထားနဲ႔ Poco F2 ေလး ထြက္လာရင္ေတာ့ Xiaomi ရဲ႕ Master of Speed Poco ေလးက ထိပ္ဆံုးမွာ ေရာက္ေနဦးမွာပါပဲ။

Ref: GizmoChina

[Unicode]
“Xiaomi” က ဒီနှစ်ထဲမှာပဲ ဘက်ဂျက်လည်း ချွေတာလို့ရ ဂိမ်းသမားတွေလည်း စိတ်ချမ်းသာအောင် Budget Flagship ဖုန်းတွေဖြစ်တဲ့ “Poco F1” လေးတွေကို ထုတ်ပေးခဲ့ပါတယ်။ ပလတ်စတစ် Body, LCD Display က အပြစ်ပြောချင်စရာ ဖြစ်ခဲ့ပေမယ့် သူ့ဈေးနှုန်းနဲ့ အဲဒီအချက်ကို အတွန့်တက်လို့လည်း မဖြစ်ပြန်ပါဘူး။

အခုလည်း Poco F1 ရဲ့ နောက်ဆက်တွဲ “Poco F2” လေး Geekbench စာရင်းမှာ ပေါ်လာခဲ့ပါပြီ။ F1 ရဲ့ နောက်ဆက်တွဲမို့ F2 လို့ပေးလိုက်ပေမယ့် ဘယ်နာမည်နဲ့ ထွက်လာမယ်တော့ မပြောတတ်ပါဘူး။ ထုံးစံအတိုင်း F2 လေးရဲ့ Benchmark ရလဒ်တွေကတော့ Geekbench မှာ ပေါ်လာခဲ့ပါပြီ။

Geekbench မှာတော့ Chipset အနေနဲ့ Snapdragon 845 ကို သုံးထားပြီး RAM 6GB နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ မူလ Poco F1 တုန်းကလည်း ဒီ Chipset ဒီ RAM ပမာဏနဲ့ပါပဲ။ ပိုလာတာဆိုလို့ Android 9 Pie OS ဖြစ်သွားတာလေးပဲ ကွာပါတယ်။

ရလဒ်မှာတော့ Single -Core ရမှတ်မှာ 2321, Multi-Core ရလဒ်ှာ 7564 ရထားကြောင်း ဖော်ပြထားပါတယ်။ Processor တူတူ RAM တူတူနဲ့ ထွက်လာခဲ့ပေမယ့် F1 တုန်းက ဝိတ်လျှော့ခဲ့တဲ့ Display, Camera အပိုင်းတွေကို ပြန်လည်ဖြည့်တင်းပေးထားမယ့်ပုံပါ။ ဒီတစ်ခေါက်တော့ Battery ပမာဏလည်း ပိုများလာနိုင်ချေ ရှိနေပါတယ်။

Poco F1 တုန်းက ထိပ်ဖက် Notch ကြီးကြီးထဲမှာ 20MP Selfie Camera နဲ့ အလင်းရောင်နည်းတဲ့အချိန်တွေမှာ Face ကို ကောင်းကောင်းဖတ်နိုင်တဲ့ IR Sensor ပါပါတယ်။ LCD Display ဆိုပေမယ့် Color တွေ တော်တော်လေးအဆင်ပြေတဲ့ထဲမှာ ပါခဲ့ပြီး ဒီတစ်ခေါက်မှာတော့ Notch ခပ်သေးသေးကိုမှ Display ကို Quality ထပ်မြှင့်ပြီး ထွက်လာနိုင်ပါတယ်။

Poco F1 တုန်းက Snapdragon 845 ကိုမှ Build Quality ပိုင်းမှာ ဝိတ်လျှော့ခဲ့တော့ ဒီတစ်ခေါက် Poco F2 မှာ ပိုလီကာဗွန်နိတ် မဟုတ်တဲ့ Build Quality ကောင်းကောင်းနဲ့ ထွက်လာမယ်လို့ မျှော်လင့်ထားပါတယ်။F1 ရဲ့ 6.18-inch LCD Display Full HD+ Resolution 18.7:9 Ratio, နောက်ကင်မရာ 12MP+5MP, Battery 4000mAh, Quick Charge 4+ တွေက ဘက်ဂျက် Flagship ဖုန်းတစ်လုံးအတွက်တော့ အဆင်ပြေတယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်။

Snapdragon 845 ကို ၅သိန်းတောင်မရှိခဲ့တဲ့ Poco F1 ကိုမှ မြှင့်ပြီး ပိုကောင်းတဲ့အနေအထားနဲ့ Poco F2 လေး ထွက်လာရင်တော့ Xiaomi ရဲ့ Master of Speed Poco လေးက ထိပ်ဆုံးမှာ ရောက်နေဦးမှာပါပဲ။

Ref: GizmoChina