တရုတ်နိုင်ငံတွင်း Samusung ချစ်ပရိတ်သတ်တွေရဲ့ အကြံပြုချက်တွေကို နားထောင်ပေးဖို့ အတွက် Samsung Mobile Division ရဲ့ အမှုဆောင် အရာရှိချုပ် DJ Koh တစ်ယောက် တရုတ်နိုင်ငံ ဝူဟန်ပြည်နယ် ကို မနေ့က ရောက်ရှိလို့ နေခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ DJ Koh အနေနဲ့ အသစ် ထွက်လာမယ့် Flaghship စမတ်ဖုန်း Samsung Galaxy Note 9 နဲ့ နောင်နှစ်ထဲမှာ ထွက်ရှိလာမယ့် စမတ်ဖုန်း မော်ဒယ် အသစ်တွေ အကြောင်း ကို ပြောကြား သွားခဲ့ပါတယ်။ Samsung Galaxy Note 9 မှာ ပါဝင်လာမယ့် S Pen မှာ Bluetooth Connectivity Support အပြင် Gaming Features တွေလည်း ပါဝင်လာမှာ ဖြစ်တယ်လို့ DJ Koh က အတည်ပြု ပေးခဲ့ပါတယ်။

ဒါ့အပြင် နောင်နှစ်ထဲမှာ မိတ်ဆက်သွားမယ့် Glaxy S10 မှာ Under Display Ultrasonic Fingerprint Scanner ကို အသုံးပြု သွားမှာ ဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ Vivo X21 နဲ့ Xiaomi Mi 8 Explorer Edition တို့မှာ အသုံးပြုထားတဲ့ Under Display Fingerprint Scanner ကတော့ Synaptics ရဲ့ Optical Fingerprint Scanner ဖြစ်ပါတယ်။ ဒါ့အပြင် Huawei ရဲ့ Mate RS Porsche Design မှာလည်း Goodix ရဲ့ Optical Under Display Fingerprint Scanner ကို အသုံးပြု ထားပါတယ်။

DJ Koh ကတော့ Optical Fingerprint Scanner တွေဟာ ထင်သလောက် မကောင်းတာကြောင့် အသစ် မိတ်ဆက်သွားမယ့် Galaxy S10 မှာ အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ပြောကြား သွားခဲ့ပါတယ်။ ဒါ့အပြင် Samsung အနေနဲ့ Optical Fingerprint Scanner ကို အသုံးပြုချင်ရင် လွန်ခဲ့တဲ့ ၂နှစ်ထဲက အသုံးပြု ပြီးနေပြီ ဖြစ်ကြောင်း ထပ်မံ ပြောကြား သွားခဲ့ပါတယ်။

S10 မှာ အသုံးပြု သွားမယ့် Ultrasonic Fingerprint Scanner ကတော့ ယခု အချိန်မှာ အသုံးပြုနေတဲ့ Under Display Fingerprint Sensor တွေထက် ပိုမို ကောင်းမွန်တဲ့ အသုံးပြုမှု အတွေ့အကြုံ ကို ရရှိစေရမယ်လို့ DJ Koh က အာမခံ ထားပါတယ်။ Samsung Galaxy S10 ကို ၂၀၁၉ ခုနှစ်မှာ မိတ်ဆက်သွားမှာ ဖြစ်တာကြောင့် DJ Koh ပြောစကားတွေ ဟုတ်မဟုတ်ကိုတော့ ဆက်လက် စောင့်ကြည့် ရအုံးမှာပါ။

ဒါ့အပြင် Samusng CEO Guo Minghao လည်း နောင်နှစ်ထဲမှာ ထွက်ရှိလာမယ့် Galaxy A Series နဲ့ Galaxy Note 10 တို့မှာလည်း Ultrasonic Fingerprint Scanner ကို အသုံးပြု သွားမှာ ဖြစ်တယ်လို့ အတည်ပြု ပေးခဲ့ပါတယ်။

Samsung အနေနဲ့ Galaxy A Series စမတ်ဖုန်းတွေ ကို ဒီဇင်ဘာလကုန်ပိုင်း နဲ့ ဇန်နဝါရီ လဆန်းပိုင်းလောက်မှာ မိတ်ဆက်ပေးလေ့ ရှိတာကြောင့် ဖေဖော်ဝါရီလမှာ ကျင်းပသွားမယ့် MWC 2019 မှာ မိတ်ဆက်သွားမယ့် Galaxy S10 မှာ Ultrasonic Fingerprint Scanner ကို ပထမဆုံး အနေနဲ့ မြင်တွေ့ရမလား ထုံစံအတိုင်း ဇန်နဝါရီ လဆန်းပိုင်းလောက်မှာ မိတ်ဆက်ပေးလေ့ ရှိတဲ့Galaxy A Series စမတ်ဖုန်းတွေမှာပဲ ပထမဆုံး အနေနဲ့ မြင်တွေ့ရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် ရအုံးမှာ ဖြစ်ပါတယ်။

REF: Gizmo China