Samsung ကနေ လာမယ့် Galaxy S10 စမတ်ဖုန်းမှာ ကင်မရာ ၃ လုံးအသုံးပြုလာမယ်ဆိုတာက သေချာသွားပြီဖြစ်ပါတယ်။ အခု Samsung ရဲ့ Galaxy S10 စမတ်ဖုန်းဟာ အခုလိုမျိုး ကင်မရာပိုင်းပြောင်းလဲမှုတွေကို ပြုလုပ်လာတဲ့အတွက် အရေးပါတဲ့ Feature အသစ်တစ်ခုပါ ပါဝင်လာဦးမှာဖြစ်ပါတယ်။

Samsung ရဲ့ Galaxy S10 စမတ်ဖုန်းဟာ Samsung ရဲ့ ပထမဆုံးသော Triple Camera ပါဝင်လာတဲ့ဖုန်းဖြစ်ပြီးတော့ နောက်နှစ်အတွက် အကောင်းဆုံးသော ကင်မရာပါဝင်လာမယ့် စမတ်ဖုန်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။ အခု Samsung Galaxy S10 Plus ကို Codename အနေနဲ့ “Beyond2” ဆိုတဲ့ နာမည်နဲ့ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Samsung ဟာ Galaxy S9 စမတ်ဖုန်းမှာလည်း Dual Camera အပြင် Aperture f1.5 နဲ့ f2.4 အတွင်း ပြောင်းလဲနိုင်တဲ့ ကင်မရာကို စတင်အသုံးပြုလာတာဖြစ်ပါတယ်။ Samsung ဟာလည်း လာမယ့် Galaxy S10 စမတ်ဖုန်းမှာ အခုလိုမျိုး Dual Aperture ပြောင်းလဲနိုင်တဲ့ 12MP Primary Lens ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Telephoto Lens လည်း ပါဝင်ဦးမှာပါ။

Samsung ဟာ Beyond နာမည်နဲ့ပဲ Galaxy S10 စမတ်ဖုန်းတွေကို ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ “Beyond0” နဲ့ “Beyond1” ဆိုပြီး သာမန် Galaxy S10 စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်သွားဦးမှာဖြစ်ပါတယ်။ Samsung ကနေ အခု ထွက်ရှိလာမယ့် Galaxy S10 Plus ဖုန်းအမြင့်ဆုံးတစ်ခုပဲ 123 Degree Wide Lens ရှိမှာဖြစ်ပါတယ်။

Samsung ဟာ ဒီနှစ်မှာ Galaxy S9 စမတ်ဖုန်းတွေ ရောင်းအားကျနေတာကို နောက်နှစ်မှာ Galaxy S10 စမတ်ဖုန်းနဲ့ အဆင့်မြှင်တင်ပြီး ရောင်းချချင်တဲ့ပုံပါပဲ။